May 18, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၀၅၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
May 18, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း များအနေဖြင့် ကွန်ပျူတာ အခြေခံသဘောတရားများကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇) စုပေါင်းခန်းမတွင် ကျင်းပသည်။
May 18, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၂ ခုနှစ် အစိုးရ နိကာယ်စာမေးပွဲကို ၁၃၈၄ ခုနှစ် နယုန်လဆန်း ၉ ရက်မှ ၁၃ ရက်အထိ (၂၀၂၂ ခုနှစ် ဇွန် ၇ ရက်မှ ၁၁ ရက်အထိ) ငါးရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေဌာနများ၌ တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ပါသဖြင့် ဖြေဆိုရမည့် ကျမ်းစာအလိုက် သတ်မှတ်ထားသောရက်အတိုင်း နေ့စဉ်မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။
May 18, 2022
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ လေကြောင်းနှင့် ဆိပ်ကမ်းအသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
May 18, 2022
ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၈ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
May 18, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၌ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။
May 18, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)၏ ဆုံးဖြတ်ချက်အရ “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရမည့် ဝန်ထမ်းများအား နယ်စခန်းများနှင့် စစ်ဆေးရေးစခန်းများသို့ စေလွှတ်မည့် အချိန်ကာလအား သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ညှိနှိုင်းသတ်မှတ်ရန်” ကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 18, 2022
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Ha Dong အားကစားရုံ၌ ဘိလိယက်/ စနူကာ အားကစားနည်းမှ English Billiards တစ်ဦးချင်း ဗိုလ်လုပွဲပွဲစဉ်တွင် မြန်မာအားကစားသမား ပေါက်စက ကမ္ဘာ့ဘိလိယက်ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ဆုနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ခြောက်ဆုရရှိထားသော စင်ကာပူနိုင်ငံသား မစ္စတာပီတာ ဂေးခရစ်ကို သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပဉ္စမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်မှ ထပ်မံဂုဏ်ပြုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ သုံးထောင်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကိုယ်စား ပေးအပ်ချီးမြှင့်သည်။
May 18, 2022
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။
May 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည် ဖြစ်သည်။
May 18, 2022
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန့်စလော်ကျေးရွာရှိ ဒက္ခိဏဝန်မန် (တောင်ကျောင်း) ဘုန်းတော်ကြီးကျောင်းတိုက်အား အကြမ်းဖက်အဖွဲ့များက ဒရုန်းယာဉ်ဖြင့် ပစ်ချဖောက်ခွဲခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် မေ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
May 18, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
May 18, 2022
လူ့ဘောင်လောက ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်စွမ်းအင်သည် အရေးအကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ မျက်မှောက်ကာလတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကြောင့် စွမ်းအင်မလုံလောက်မှုများနှင့် ကြုံတွေ့နေရပြီး လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
May 18, 2022
မကြာမီကျရောက်လာတော့မည့် မိုးရာသီတွင် သစ်ပင်အမျိုးမျိုး စိုက်ပျိုးကြရန်အတွက် မြို့အသီးသီးတွင် ပြင်ဆင်နေကြပြီဖြစ်သည်။ အချို့ဒေသများတွင် မိုးရွာသွန်းမှုများလည်း ရှိနေရာ မိုးကြိုသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပကြသည်ကိုလည်း သတင်းများတွင် တွေ့ရသည်။ ဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်ပင် သစ်တောပြုန်းတီးမှုများကို ပြန်လည်အစားထိုးရေး၊ ဥတုသပ္ပါယ မျှတစေရေးဟူသည့် ကောင်းသောရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပွဲတော်များ ကျင်းပကာ သန်းနှင့်ချီသော သစ်ပင်များကို နှစ်စဉ် စိုက်ပျိုးလျက်ရှိသော်လည်း အောင်မြင်ဖြစ်ထွန်းမှု ရာခိုင်နှုန်းမှာ နည်းပါးနေသည်။
May 17, 2022
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 17, 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နေ စိုင်းဆာအောင် ဆိုသူသည် TNLA အဖွဲ့ အမည်ခံ၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ကာ ဆက်ကြေးငွေများ ကောက်ခံနေကြောင်း သတင်းအရ မေ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ နယ်မြေ(၄)ရှိ “သူ့ထက်ဦး” အမျိုးသားဘော်ဒါဆောင်အား ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းဆာအောင်(ဘ) ဦးသောင်းတင်၊ နယ်မြေ(၃)၊ အမှတ်(၁၀)ရပ်ကွက်၊ လားရှိုးမြို့နေသူအား Redmi ဖုန်းတစ်လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
May 17, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက် တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
May 17, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
