May 24, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်း (မူသစ်)၊ အတွဲ-၁ (က-ကုတ်) စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပသည်။
May 24, 2022
ကရင်ပြည်နယ် မြဝတီမြို့အတွင်းရှိ မေ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်များသို့ သောင်ရင်းမြစ်ရေများ သုံးပေခန့်အထိ ဝင်ရောက် ခဲ့သည်။
May 24, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှု လုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက်၌ ပြုလုပ်သည်။
May 24, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိနေသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်။
May 24, 2022
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်း များကို နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
May 24, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည် အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 24, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မွန်ပြည်သစ်ပါတီ (NMSP) မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။
May 24, 2022
ဘီစီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ မြတ်စွာဘုရား ပွင့်တော်မူစဉ်က သက်တော် (၃၅) နှစ် အရွယ်ဖြစ်သည်။ ထိုကာလမှစ၍ (၄၅)ဝါ ကာလပတ်လုံး အေးသည်၊ ပူသည်၊ ပင်ပန်းသည်၊ နွမ်းနယ်သည်၊ မမာမကျန်း ဖြစ်သည်မဟူ သတ္တဝါတို့၏ အကျိုးစီးပွား အတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတို့ကို မနေမနားဟောကြား တော်မူခဲ့သည်။ မြတ်စွာ ဘုရားရှင် ဘဝနောက်ဆုံးအချိန်၌ ဆိတ်ငြိမ်စွာ ဆည်းကပ်နေသော သံဃာတော် များအား -
May 24, 2022
မကြာမီ အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ “ကျောင်းနေအရွယ်ကလေး အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော တိုက်တွန်းနှိုးဆော်သံနှင့်အတူ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကလေးများကို ကျောင်းအပ်လက်ခံတော့ မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း အမှုထမ်းများအားလုံး သိရှိ လိုက်နာရမည့်အချက်များ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များကို နိုင်ငံပိုင်သတင်းစာများ အပါအဝင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်အသိပေးထားသည်များကို သေချာစွာဖတ်ရှု၍ မိမိတို့၏ ရင်သွေးငယ်များအကျိုးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုသည်။
May 23, 2022
(၂၀၂၂) ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာစေရေး ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမတွင် semi-virtual ဖြင့် ကျင်းပသည်။
May 23, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
May 23, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်းလီမိတက် (MAPCO) သို့ ရောက်ရှိရာ တာဝန်ရှိသူများက စပါးခွံလောင်စာအား အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး စပါးများ ကြိတ်ခွဲနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံအနေဖြင့် စက်မှု မှတ်ပုံတင်ဆောင်ရွက်ထားရှိမှု၊ စက်ရုံရှိ ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုအလိုက် အသိအမှတ်ပြုလက် မှတ်များရရှိနိုင်ရေးကိစ္စ၊ ဘွိုင်လာနှင့်လျှပ်စစ်ကျွမ်းကျင်မှု လက်မှတ်များ ရရှိနိုင်ရေးကိစ္စ၊ စက်ရုံရှိ အင်ဂျင်နီယာဝန်ထမ်းများ အင်ဂျင်နီယာ မှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်ရေး ကိစ္စများနှင့်ပတ်သက်၍ မှာကြားသည်။
May 23, 2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ အဝေးသင်တက္ကသိုလ် သင်တန်းများ ဖွင့်လှစ် ထားရှိသည့် တက္ကသိုလ် (၄၁) ကျောင်းတွင် အဝေးသင် အနီးကပ်သင်တန်းများအဖြစ် ဒုတိယ အသုတ် စတုတ္ထနှစ် အဝေးသင်ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒနှင့် ပဉ္စမနှစ် ဉပဒေပညာသင်တန်းများကို မေ ၁၉ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းအပြည့် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း တွေ့ရှိရသည်။
May 23, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဟိုတယ်တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
May 23, 2022
၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ၊ ရိပ်သာများနှင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
May 23, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
May 23, 2022
(၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲသို့ ဝင်ရောက်ဖြေဆို အောင်မြင်တော်မူကြသည့် ပိဋကနှစ်ပုံခွဲရေးဖြေအောင် မူလအဘိဓမ္မကောဝိဒ တစ်ပါး၊ ပိဋကနှစ်ပုံရေးဖြေအောင် ဒီဃနိကာယ ကောဝိဒ တစ်ပါး၊ ပိဋက တစ်ပုံရေးဖြေအောင် ဝိနယကောဝိဒ ခုနစ်ပါး၊ ဝိနည်းရှေ့ပိုင်းရေးဖြေ အောင် ဥဘတောဝိဘင်္ဂကောဝိဒ ၁၁ပါးတို့နှင့်တကွ နိုင်ငံတော်အစိုးရ အမှူးပြုသော ဒါယကာ ဒါယိကာမအပေါင်းတို့အား ဝမ်းမြောက်ဖွယ်ရာ အမှတ်ရဖွယ်ရာဖြစ်သော သမ္မောဒနီယ သာရဏီယ သြဝါဒကထာ မြွက်ကြားလိုပါသည်- ဧကပုဂ္ဂလော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိ တာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမော ဧကပုဂ္ဂလော တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ အစရှိသည်ဖြင့် (အံ၊၁၊၂၁) ၌ မိန့်ကြားတော်မူပါသည်။
May 23, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၁ ရက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ဌာနဆိုင်ရာ အဖွဲ့စုံဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတိုသံစ(အဟောင်း)များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ကားအပိုပစ္စည်းများနှင့် ဟော့ပေါ့ဆိုင်သုံး ပစ္စည်းအမျိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၈၇၄၉၇)၊ Wheel Loader လုပ်ငန်းသုံး ယာဉ်အဟောင်းတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso အမျိုးအစား ၁၂ ဘီးကုန် တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၈၇၄၉၇ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
May 23, 2022
၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များ၌ ကျင်းပနေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့သည် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မေ ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသည်။
