Skip to main content

May 25, 2022

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်(၂၈)ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

ကမ္ဘာပေါ်တွင် ယနေ့အချိန်ကာလအထိ ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် အလျှင်းပျောက်ကွယ်သွား ခြင်းမရှိသေးပေ။ ကူးစက်မှုမြန်ဆန်ပြင်းထန်သဖြင့် ကမ္ဘာ့ပြည်သူများ၏ နေထိုင်မှုဘဝများကို ကြီးမားစွာခြိမ်းခြောက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ထိုကြီးမားသော ကပ်ရောဂါဆိုးနှင့်အတူ မဖြစ်ဖူးသေးသော ရောဂါဆန်းများ၊ နှစ်စဉ်ပုံမှန်ဖြစ်နေကျ ကူးစက်ရောဂါများလည်းရှိနေသဖြင့် လူတစ်ဦးချင်း ကျန်းမာစွာနေထိုင်နိုင်ရေးကို အထူးဂရုစိုက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2022

​​​​​​​မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ လူမျိုးဟူသည့် ဝေါဟာရကို ပညာရှင်တို့က အဓိပ္ပာယ်အသီးသီး ဖွင့်ဆိုခဲ့ကြသည့်အနက် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ် ပစ္စယံညီလာခံမိန့်ခွန်းမှ “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်ခုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်သည်။” ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကသာ လူမျိုးစုံစုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ၏ တည်တံ့ခိုင်မြဲမှု၊ အေးချမ်းသာယာမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို ဖော်ဆောင်နိုင်မည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်းသို့ သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဟဲဟိုး-ဘော်ဆိုင်း၊ ပင်းတယ-အောင်ပန်းလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြသည့် မြန်မာအားကစားသမားအဖွဲ့သည် ယမန်နေ့ညပိုင်းတွင် မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၂ ရက် မွန်းလွဲပိုင်းက လားရှိုးမြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး လားရှိုးခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ နှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ် ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်အတွင်း၌ ယနေ့နံနက်ပိုင်းက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ၁၅ ဦးခန့်က လက်နက်ငယ်များ၊ တစ်လုံးထိုးသေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် အမှတ် (၁) ရပ်ကွက်၏ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

အများပြည်သူလုံခြုံရေးအတွက် တာဝန်အရ စစ်ဆေးမှုများ ဆောင်ရွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ စစ်ဆေးမှုကိုမခံယူဘဲ မော်တော်ယာဉ်အား မောင်းနှင်ထွက်ပြေးသဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာမှ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ သွားရောက်ကုသမှု ခံယူခဲ့သော်လည်း သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေး အဖွဲ့များပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ် မသေကျေးရွာ အုပ်စုရှိ ဝါးကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၉၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ကုမ္ပဏီ တစ်ခု၊ ယာဉ် ရှစ်စီးဖြင့် နှာခေါင်းစည်း Mask ၆၁ ဒသမ ၅ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန် - မန္တလေး လမ်းတစ်လျှောက် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများ မရှိစေရေး လမ်းနယ်အမှတ်အသား‌ ကျောက်တိုင်များ တစ်ဖာလုံ တစ်တိုင် စိုက်ထူရန်နှင့် လမ်းနယ်နိမိတ်အစွန် ရေနုတ်မြောင်းများ သတ်မှတ်တူးဖော်ထားရန် တာဝန်ရှိသူ များအား မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ကန်ကြီးကျေးရွာအနီးရှိ မုန်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် မုန်ရေထိန်းတမံ၏ ရေဝင်ရောက်မှု၊ စိုက်ပျိုးရေပေးဝေနေမှု၊ တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 24, 2022

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်အနေဖြင့် ယခုအခါတွင် မြန်မာ့စွယ်စုံကျမ်း အတွဲ(၁) (က-ကုတ်)ကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်းကြိုးပမ်းမှုဖြင့် စာဖတ်သူ၊ ပညာ ရှာမှီးသူ၊ သုတေသနပြုလုပ်သူတို့ ရှေ့မှောက်အရောက် ယနေ့ပို့ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်