Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော် မေ ၂၃

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်း များကို နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် မေ ၂၃ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီကိုးခုမှ Telmikaa 20 Tablet အခု ၆၉၉၀၊ Tess Buccal Paste အခု ၅၀၀၀၊ Recharje Plus Capsule အခု ၃၀၀၀၊ Nurotroy SR Tablet ၁၉၈၁၅ ခု၊ Telsafe Tablet အခု ၁၀၁၂၀၀၊ Zinirose Tablets အခု ၃၃၀၀၀၊ Telsar 80 Tablet အခု ၅၃၄၀၊ Clodrel Tablet အခု ၃၄၅၀၊ Cismark Injection အခု ၃၀၀၀၊ Lubricart Tablet အခု ၁၉၇၀၀၊ Glivec 400 MG Tablet ခုနစ်ခု၊ Metodol 25 Tablet ၅၁ ခု၊ Curam Powder အခု ၁၂၆၀၀၊ Curam Powder အခု ၆၃၀၀၊ Clivamed Oral Suspension အခု ၂၅၀၈၀၊ Cefixowise Oral Suspen- sion အခု ၉၅၀၀၊ ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၁၈ မျိုး၊ ၆၁၄၅၂ ဒသမ ၄၇ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်