Skip to main content

မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့အတွင်း၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော် မေ ၂၃

ကရင်ပြည်နယ် မြဝတီမြို့အတွင်းရှိ မေ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်များသို့ သောင်ရင်းမြစ်ရေများ သုံးပေခန့်အထိ ဝင်ရောက်ခဲ့သည်။

အဆိုပါ သောင်ရင်းမြစ်ရေများ ဝင်ရောက်ခဲ့သည့် နေရာများ၌ မေ ၂၂ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များက ရေဘေးကင်းလွတ်ရာ မြေမြင့်ပိုင်းရှိ အမှတ်(၂)အခြေခံ ပညာ အလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၊ ဝေနေယျ သုခဓမ္မာရုံ၊ စနေဓမ္မာရုံနှင့် ကြခတ်တော ဘုန်းတော် ကြီးကျောင်းများသို့ ရွှေ့ပြောင်းကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ယာယီနေရာချထားပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက သွားရောက် ကြည့်ရှုအားပေး၍ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ကြသည်။

အဆိုပါ သောင်ရင်းမြစ်ရေသည် ယနေ့နံနက် ၁၁ နာရီခန့်မှစ၍ ရေများပြန်လည် ကျဆင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်