Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အကျဉ်းထောင်/စခန်းများရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်စက်တင်ဘာ၂၀

လုံခြုံရေးကိုအထူးအလေးထား ဆောင်ရွက်ပြီးအုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အထူးဂရုပြု ဆောင်ရွက်ရန်၊ အကျဉ်းသားများ၏ စားသောက် နေထိုင်ရေး၊ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာကိစ္စရပ်များကိုစနစ်တကျ အထူးဂရုပြုဆောင်ရွက်ပေးရန်၊ အကျဉ်းသား/အချုပ်သားအားလုံး ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရေးဆောင်ရွက်ပေးသွားရန် စသည်ဖြင့်ပြည်ထောင်စုဝန်ကြီးက အကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ပြည်ထဲရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းနှင့်အတူ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက် အထိ ဒိုက်ဦးဗဟိုအကျဉ်းထောင်၊ ပဲခူးအချုပ်ထောင်သစ်တည် ဆောက်ရေးလုပ်ငန်းခွင်၊ ညောင် ခါးရှည်စစ်ဆေးရေးဂိတ်၊ တောင်ငူအကျဉ်းထောင်၊ရမည်းသင်းအကျဉ်းထောင်နှင့် နေပြည်တော် ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း များ၏လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်စစ်ဆေးစဉ်ထိုသို့ မှာကြားခဲ့ခြင်းဖြစ်သည်။

အသေးစိတ်မှာကြား

ထို့ပြင် ပြည်ထောင်စုဝန်ကြီး က ချုပ်သစ်/ ကျသစ် လက်ခံရာ တွင်ကိုဗစ်ရောဂါ ပိုး ရှိ/မရှိ စစ်ဆေးပြီးမရှိမှသာ လက်ခံရန်၊ လုံခြုံရေးစည်းကျိုးပေါက်မှု မရှိစေရေး၂၄ နာရီ ကင်းတာဝန် ချထားရန်၊ အကျဉ်းသား/အချုပ် သားများအတွက်ချက်ပြုတ် ကျွေးမွေးသည့်အစားအစာများကို သန့်ရှင်းလတ်ဆတ်မှု ရှိစေရေး၊ ပူပူနွေးနွေး စားသုံးနိုင်ရေး၊ စေတနာ ထား၍ချက်ပြုတ်ကျွေးမွေး သကဲ့သို့၎င်းတို့အား တည်ဆဲ ဥပဒေ၊အမိန့်၊ညွှန်ကြားချက်များ နှင့်အညီ နေထိုင်စေရေးကြပ်မတ် ဆောင်ရွက်ပေးရန် အသေးစိတ် မှာကြားခဲ့သည်။

ထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ်အတွင်းအကျဉ်း ထောင်/စခန်းများတွင်တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း များ၏မိသားစုဝင်များနှင့်တွေ့ဆုံ ၍ မိသားစုဝင်များအားထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။

အချိန်မီပြီးစီးအောင်ဆောင်ရွက်

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ပဲခူးအချုပ် ထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်အားကြည့်ရှုစစ်ဆေး ပြီးအချုပ်ထောင်သစ်အား သတ်မှတ်ထားသည့် ကာလ အတိုင်းအချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်အသေးစိတ် မှာကြားသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်၌ တပ်ဆင်ထား ရှိသော X-Rayစက်အားကြည့်ရှု၍ လုံခြုံရေးတာဝန်ယူ ဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များကလည်း လုံခြုံရေးအသိ၊သတိ၊အမြင်များ ဖြင့် အလေးထားဆောင်ရွက် သွားကြရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း သို့ရောက်ရှိပြီးစခန်းရှိEver Green မြက်၊တစ်သျှူးငှက်ပျောခွံ စိမ်း၊ သီးမွှေးငှက်ပျောနှင့် ဒေသ ငှက်ပျော(ဖီးကြမ်း) စိုက်ပျိုးထား ရှိမှုအခြေအနေများ၊ ဥစားကြက်၊ နို့စားနွားနှင့် အသားတိုးနွား မွေးမြူထားရှိမှုအခြေအနေ၊ ရေသန့်စက်ရုံ၊နို့ပေါင်းစက်ရုံနှင့် မြက်ဖျဉ်ထုံးစက်ရုံ လည်ပတ်ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်း၏ထွက်ကုန် အရောင်းဆိုင်သို့သွားရောက်၍ စခန်းမှထွက်ရှိ လာသော အသီးအနှံ၊ ကြက်ဥ၊ နို့စိမ်း၊နို့ပေါင်းနှင့် ဒိန်ချဉ်များ ရောင်းချနေမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးပြည်ထောင်စု ဝန်ကြီး ကနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အကျဉ်းသားများ၏လုပ်အားကို အလဟဿ လေလွင့်ပြုန်းတီးမှု မရှိစေရေး၊ နိုင်ငံတော်စီမံကိန်းဝင် လုပ်ငန်းများတွင်အကျိုးရှိရှိ အသုံးချနိုင်ရေး၊ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေး၊ စားရိက္ခာဖူလုံစွာရရှိရေး၊ဝင်ငွေ ရရှိစေရေးနှင့် ၎င်းတို့ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို ခေတ်မီနည်းစနစ်ဖြင့် ယခု ထက်၃ ဆတိုးမြှင့်ဆောင်ရွက်ပြီး ထွက်ရှိလာသော အသားငါးများအား ၎င်းတို့ကိုယ်တိုင်ပြန်လည် စားသောက်စေရေး၊ပိုလျှံသည့် အသားငါး များအား ဝန်ထမ်းနှင့် မိသားစုများအပြင် “လူထု၏ စားဝတ်နေရေး ဖူလုံစေရမည်” ဟူသောဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ရှိပြည်သူလူထုများ ကိုပါသက်သာသော ဈေးနှုန်းဖြင့် ဖူလုံပေါများစွာ ရောင်းချပေးနိုင် ရေးစသည့်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ အမြတ်ကိုအဓိကမထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေး ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ဆောင်ရွက်လျက်ရှိ

အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်၊ စခန်းများနှင့်နေပြည်တော်ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို တွင်တွင် ကျယ်ကျယ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အတွက်တစ်ဖက် တစ်လမ်းမှအထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ထွက်ရှိလာသည့် အသီးအနှံနှင့်အသားငါး များကို အကျဉ်းသား/အချုပ်သား များစားသုံးရန် အတွက်သာမက ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းနှင့် မိသားစုဝင်များ၊ပတ်ဝန်းကျင် ရှိပြည်သူလူ ထုများပါ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက် ရှိရာဥစားကြက်၊ နို့စားနွား၊ အသားတိုးနွား၊ အသားတိုးဝက်၊ အသားတိုးဆိတ်နှင့် ငါးမွေးမြူရေး လုပ်ငန်းများကို စိုက်ပျိုးရေး လုပ်ငန်းများနည်းတူဖြစ်ထွန်း အောင်မြင်အောင် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။   

သတင်းစဉ်