Oct 09, 2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူ ၉၄၁ ဦးအား ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိသည့် ဇေယျာမွန်ရပ်ကွက်ရှိတောရ ရွှေဂူကျောက်တွင်းဘုန်းတော်ကြီးကျောင်း၊ ကော့စံနိုင်ရပ်ကွက်ရှိ တောရဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် မြောက်ပိုင်းရပ်ကွက်ရှိ သာသနာ့ပါလဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 09, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 09, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာယနေ့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့ရှိ တပ်နယ်ခန်းမများ၌ အသီးသီးပြုလုပ်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူးဗိုလ်ချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Oct 09, 2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 09, 2023
၂၀၂၃ ခုနှစ် (၁၄၉) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 09, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသည်။
Oct 09, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 09, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Oct 09, 2023
တွေ့ဆုံမေးမြန်း - မြင့်မြတ်သီတာ
Oct 09, 2023
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက်က ဟန်ကျိုးမြို့ရှိ Olympic Stadium ၌ ကျင်းပသည်။ ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက်ဆုရရှိမှုတွင် အဆင့် ၂၇ နေရာ ရပ်တည်ခဲ့သည်။
Oct 09, 2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်တွင် CAPI စနစ်ကို အသုံးပြု၍ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို စတင် ဆောင်ရွက်လျက်ရှိသောအဖွဲ့များနှင့် ယနေ့နံနက်၉နာရီက ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲအခမ်းအနား ကျင်းပသည်။
Oct 09, 2023
၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာ သတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card - OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုသည့် စာရင်းများအား စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိပါသည်။
Oct 09, 2023
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် ကောင်းစွာ အထောက်အကူပြုနိုင်မည့် အရည်အသွေးပြည့်ဝသော နည်းပညာရှင်များ အစဉ်မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ယင်းသို့ဆောင်ရွက်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံပြီး ပြည်သူ့အကျိုးသယ်ပိုးမည့် လူငယ်များပျိုးထောင်ပေးရေး အလေးထား ဆောင်ရွက်ရန်၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ နည်းပညာများ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ရန်၊ စပါးခွံလောင်စာသုံး Gasifier အပါအဝင် ပြန်ပြည့်မြဲစွမ်းအင်နှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ သုတေသနများကို ဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ University Ranking မြင့်မားလာစေရေး ဆောင်ရွက်ကြရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယမန်နေ့ညနေပိုင်းတွင် နည်းပညာတက္ကသိုလ်(မှော်ဘီ)ကို သွားရောက်စစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Oct 09, 2023
ကုန်းလမ်း၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးစနစ်သုံးခုတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစနစ်ရှိ ရထားပို့ဆောင်ရေးလုပ်ငန်းသည် ကုန်ကျစရိတ်အသက်သာဆုံးနှင့် ဝန်စည်အများဆုံး သယ်ဆောင်နိုင်သော ပို့ဆောင်ရေးလုပ်ငန်းဖြစ်သည်။ ရထားပို့ဆောင်ရေးတွင် ခရီးသည်ပို့ဆောင်ရေးအပြင် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးအတွက် ကုန်ရထားများ တိုးချဲ့ပြေးဆွဲရေးလုပ်ငန်းများကို နိုင်ငံတိုင်းက အလေးထားဆောင်ရွက်လျက်ရှိသည်။
