Nov 04, 2023
သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆)၌ ကျင်းပသည်။
Nov 04, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 04, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အတွင်း တောင်ငူ- ညောင်လေးပင် - ပဲခူး - ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပဲခူး- ရွှေလှေနှင့် ပဲခူး-နောင်ပတ္တရားအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရထားလမ်းပေါ် ရေကျော်ခဲ့သည့်နေရာများ၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ (DRC)ရှိ RBE များ၏ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 04, 2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များအတွင်း စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Nov 04, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၄/၂၀၂၃)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
Nov 04, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။
Nov 04, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Nov 04, 2023
သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့်ဆောင်ရွက်သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂ ရက်က နေပြည်တော်ရှိ ဂျက်စမင် နေပြည်တော်ဟိုတယ်၌ ကျင်းပသည်။
Nov 04, 2023
မြန်မာနိုင်ငံက (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
Nov 04, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
Nov 04, 2023
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်/သံလွှင့်အဖွဲ့အစည်း(Asia-Pacific Institute for Broadcasting Development - AIBD)တို့ ပူးပေါင်း၍ လက်ရှိမီဒီယာအခင်းအကျင်းတွင် သမားရိုးကျမီဒီယာမှ မီဒီယာအသစ် Streaming Platform သို့ ကူးပြောင်းမှုပညာရပ်ဆိုင်ရာနည်းပညာများနှင့် ဗဟုသုတများကိုမျှဝေရန်တို့ကို ရည်ရွယ်ကျင်းပခဲ့သည့် Workshop on Streaming Technologies and Content Strategy အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
Nov 04, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် The Greater Mekong River (GMS) အဖွဲ့အစည်း၏ Cross border E-commerce Cooperation Platform Enterprise Alliance ဥက္ကဋ္ဌ Mr. Yi Hong နှင့်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပြီး GMS ဝက်ဘ်ဆိုက်ထူထောင်ထားမှု၊ ထိုဝက်ဘ်ဆိုက်တွင် စီးပွားရေးဆိုင်ရာသတင်းများအပါအဝင်သတင်းများ လွှင့်တင်ထားမှု၊ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် သတင်းများ ယုံကြည်စိတ်ချစွာလေ့လာနိုင်မှု၊ ဘာသာပေါင်း ၁၃ မျိုးဖြင့် သတင်းများကြည့်ရှုနိုင်မှု၊ နောင်တွင်ဘာသာပေါင်း ၂၀ အထိ တိုးချဲ့ဆောင်ရွက်ရန်လျာထားမှု၊ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ အွန်လိုင်းမှပစ္စည်းများ ချိတ်ဆက်ဝယ်ယူနိုင်မှုတို့နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြသည်။
Nov 04, 2023
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တေရသမအကြိမ်၊ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Nov 04, 2023
တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော အမျိုးသားတပ်မတော်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက် ပြည်သူလူထုနှင့်အတူလက်တွဲပြီး အသက်သွေးချွေးများပေးဆပ်ကာ ရယူပေးခဲ့သည်။ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်လည်း ပြည်သူလူထုနှင့်အတူ လက်တွဲပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးကို အစဉ်အမြဲသက်စွန့်ကြိုးပမ်း စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော အစဉ်အလာရှိသည့် တပ်မတော်ဖြစ်သည်။
Nov 04, 2023
မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေးဝါး ၂၆၀၀ ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကျပ် ၁၀၄ ဘီလီယံခန့်ကို ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ မြန်မာ့တပ်မတော်(ရေ)က အောက်တိုဘာ ၃၀ ရက်တွင်ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းများက မူးယစ်ဆေးဝါးများကို ပင်လယ်ရေကြောင်း အသုံးပြုသယ်ဆောင်မည်ဖြစ်ကြောင်း ကြိုတင်သတင်းများအရ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ပမာဏများပြားစွာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
Nov 03, 2023
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း လျက်ရှိသည့်အပြင် ဒံပေါက်ဘူးများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 03, 2023
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ(၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၊ နေပြည်တော်တွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားပြည်ထောင်စုဝန်ကြီးများ၊ သွားနှင့်ခံတွင်းဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သွားနှင့်ခံတွင်းဆေးပညာနယ်ပယ်မှ ပြည်တွင်းပြည်ပပညာရှင်များ၊ ဘွဲ့လွန် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
Nov 03, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည်။
Nov 03, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 03, 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာလာသည့် တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင်အခြေပြု၍ ဒေသခံပြည်သူ ၂၅၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
