နေပြည်တော် နိုဝင်ဘာ ၃
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်ပြည်သူများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဒံပေါက်ဘူးများကို ပေးအပ်လှူဒါန်းကြသည်။ အဆိုပါ စေတနာရှင်ပြည်သူများလှူဒါန်းသည့် ဒံပေါက်ဘူးများကို ရန်ကုန်မြို့မှတဆင့် မြစ်ကြီးနားမြို့နှင့် လားရှိုးမြို့သို့ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများကရေးသားပေးပို့သည့် “တပ်မတော်သားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းစေကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေကြောင်း၊ တရားသောစစ်အောင်မြင်ပါစေကြောင်း” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သိရှိရသည်။
အဆိုပါ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာသည့် ဒံပေါက်ဘူးများအား တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။