Skip to main content

Feb 17, 2025

မြန်မာနိုင်ငံအဆောက်အဦဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Bulding Code– 2025) အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းက ရန်ကင်း ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာအေးစေတီလမ်းရှိ အမျိုးသားအနုပညာပြတိုက်အဖြစ် ဆောင်ရွက်သွားမည့် (ချင်းချောင်းနန်းတော်) ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မအူပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2025

လယ်ယာသုံးစက်ကိရိယာပစ္စည်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပသည့် တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2025

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ထူးချွန်ဆုရရှိသော ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများအတွက် ဗလာမပါ ကံစမ်းမဲချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်(တပ်ကုန်းမြို့)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2025

မြန်မာနိုင်ငံ၏ပထမဦးဆုံးသော မီဒီယာဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2025

နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပလျက်ရှိသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ထုတ်ကုန်ပြခန်းအလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ ဒေသ၏အထင်ကရ နေရာများ၊ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ ဒေသအလိုက် ရိုးရာအစားအစာများနှင့် MSME ထုတ်ကုန် များကို ခင်းကျင်းပြသရောင်းချလျက်ရှိရာ MSME လုပ်ငန်းရှင်များနှင့် လာရောက်လေ့လာကြသူများနှင့် ဆုရရှိသူများ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Feb 15, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်အဖွဲ့အား နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2025

မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားတို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2025

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားဘူတာမှ RBE ရထားဖြင့် လိုက်ပါ၍ ပျဉ်းမနား - တောင်ငူရထား လမ်းပိုင်း ၅၉ မိုင်အတွင်း ရထားများ အမြန်နှုန်းမြှင့်တင်ပြေးဆွဲ နိုင်ရေးအတွက် သံလမ်းနှင့် တံတားများ အဆင့်မြှင့်တင်နေမှုလုပ်ငန်းခွင်များကို စစ်ဆေးကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2025

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia (မစ္စမာကျား) နှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi (မစ္စတာလျိုကျုံးရီ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၁၀) ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ရှိ ပန်းတင်မီနီတိုးဂိတ်၊ ပေပင်လေးမီနီတိုးဂိတ်နှင့် သီးကုန်းတိုးဂိတ်တို့မှ နေ့စဉ်လမ်းအသုံးပြုခ ကောက်ခံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကောက်ခံရရှိမှုစာရင်းဇယားများ ရေးသွင်းရာတွင် ရုံးချုပ်မှ သတ်မှတ်ထားသည့်ပုံစံအတိုင်း လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားကာ သီးကုန်းတိုးဂိတ်ဝန်ထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2025

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2025

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2025

အာဆီယံဒေသတွင်း မူဝါဒအညွှန်းကိန်းများအရ အကောင်အထည်ဖော်ခြင်းဖြင့် ပြည်တွင်း MSME ထုတ်ကုန်များ၏ ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပလျက်ရှိသည့် ဥပ္ပါတသန္တိစေတီအနီးရှိ တပေါင်းကွင်း၊ ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2025

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ ၂၀၂၅ ခုနှစ် မတ်လမတိုင်မီ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဖေဖော်ဝါရီလတစ်လလုံး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ပြတိုက်များနှင့် စာကြည့်တိုက်များတွင် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2025

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာ ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံနှင့်အဖွဲ့အား နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်