နေပြည်တော် စက်တင်ဘာလ ၂၃
စာပေဗိမာန်စာအုပ်ဆိုင်များတွင် စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၊ အတွဲ (၄၇)၊ အမှတ် (၉)ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီနှစ်ရပ် ပူးပေါင်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။
စာပေဗိမာန်စာမူဆုရစာအုပ် ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ မောင်ဟန်တင့် (ပင်လည်ဘူး)၏ “စိန်စီသောမြစ်နှင့် အခြားကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိပါသည်။
Myanmar International (MITV Channel) ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး ကျင်းပ
Myanmar International (MITV Channel) ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်သည်။
နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကျင်းပ
နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံရှိ မီဒီယာနှင့် ရွေးကောက်ပွဲများ ခေါင်းစဉ်ဖြင့် အဋ္ဌမအကြိမ် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ ကျင်းပ
မြန်မာနိုင်ငံရှိ မီဒီယာနှင့် ရွေးကောက်ပွဲများ ခေါင်းစဉ်ဖြင့် အဋ္ဌမအကြိမ် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park royal ဟိုတယ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိမှုနှင့် ပတ်သက်၍ ပုဂ္ဂလိကပုံနှိပ်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်အချက်များ တွေ့ဆုံရှင်းလင်း
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား အပ်နှံ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပေးရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမကြီး၌ ပြုလုပ်သည်။
စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များပေးနိုင်ရန်တို့အတွက် စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနားကျင်းပရေး ဉီးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေး ဉီးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။