နေပြည်တော် ဒီဇင်ဘာ ၁၅
မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိပြိုင်ပွဲ ကျင်းပမည်
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် Information Matrix ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်ကျင်းပသော မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိ ပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည (၈) နာရီအချိန်တွင် 7Day TV Facebook စာမျက်နှာမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပမည်ဖြစ်သည်။
သုတဝေဖြာသီရိဂေဟာ-ပညာပေးအစီအစဉ် ထုတ်လွှင့်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ
သုတဝေဖြာ-သီရိဂေဟာ (Family Quiz) ပညာပေးအစီအစဉ် ပြိုင်ပွဲထုတ်လွှင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Online စနစ်ဖြင့် ကျင်းပသည်။
ဂျပန်နိုင်ငံ၊ TRC ကုမ္ပဏီ၏ စာကြည့်တိုက်ဝန်ဆောင်မှုဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ဂျပန်နိုင်ငံ Toshokan Ryutsu Centre (TRC) ကပြုလုပ်သည့် စာကြည့်တိုက်ဝန်ဆောင်မှုဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က Virtual စနစ်ဖြင့် ကျင်းပပြုသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ အမျိုးသားစာပေတစ်သက်တာဆုကို စာရေးဆရာကြီး ဦးအံ့မောင်(အံ့မောင်)နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင်(မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့ရရှိ
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန် ပြောင်မြောက်စွာ တစ်သက် တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြု သောအားဖြင့် စာရေးဆရာကြီးဦးအံ့မောင် (အံ့မောင်)နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်- မန်းတက္ကသိုလ်) တို့အား ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုရှင် များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ စာတမ်းဖတ်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင် ဦးစီးမှူးများက Zoom Application ဖြင့် ပါဝင် တက်ရောက်ကြသည်။
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
“ နိုင်ငံ၏တန်ဖိုးလူမျိုး၏ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲဆုရရှိသူများစာရင်းထုတ်ပြန်
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲကို “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ဟူသော ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual Event ဖြင့်အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual Event ဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ကဗျာပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်
ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာစာမူများ ရေးသားပေးပို့နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖိတ်ခေါ်ခဲ့ သည်။