Skip to main content

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ ဆုရွေးချယ်ပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေ ခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေ ဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ် နိုဝင်ဘာလ အတွဲ ( ၄၇) အမှတ်(၁၁)ကို ထုတ်ဝေလိုက်​ပြီ ဖြစ်ပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ဖြန့်ချိ

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့် အချိန်မှစ၍ ကျဆုံးသည့်အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်းကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေးကြိုးပမ်းမှု ဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင်ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေ ထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ ဖော်ပြလို သော အဓိကအကြောင်းအရာကို စောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါသည်။

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန် စာမူဆု၊ သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ပထမဆုရရှိသည့် စာရေးဆရာကိုတူး (သာယာမြိုင်) “ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်း ကျောင်း အတတ်ပညာ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲ တိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံမှတ်တမ်း (၂၀၁၆ - ၂၀၂၀) စာအုပ် ထုတ်ဝေဖြန့်ချိ

နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ခဲ့သည့် (၂၀၁၆-၂၀၂၀) ခုနှစ်ကာလအတွင်း တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ တွေ့မြင်သိရှိ နိုင်စေရန်နှင့် မှတ်တမ်းတင်ကျန်ရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲ တိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံမှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပါသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံမှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ရွေးကောက်ပွဲသတင်း ရယူတင်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အွန်လိုင်းဖြင့် တက်ရောက်

ရွေးကောက်ပွဲသတင်း ရယူတင်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အွန်လိုင်းဖြင့် ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဝန်ထမ်းဦးရေ ၇၀ တို့ နေရာ အသီးသီးမှ တက်ရောက်ကြသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တင်ဒါကော်မတီသည် လဟယ်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့နယ်ရုံး အဆောက်အအုံ (၆၈'×၃၀') RC ၊ သွပ်မိုး ၊ (၂) ထပ်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံသား များပိုင် ပြည်တွင်းကုမ္ပဏီများအား တင်ဒါများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
Subscribe to MOI News