နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်း လင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
စာပေဗိမာန်စာမူဆုရ စာအုပ်များ ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာမ နန္ဒာခင် (သက္ကလမြေ) ၏ “အဖေ့ခြံ နှင့် အခြားရသ ဝတ္ထုတိုများ” စာအုပ်၊ ကလေးစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကန့်ဘလူ ခင်မောင်ဆွေ၏ “စက္ကူကျားနှင့်ရွှံ့ရုပ်နွား ကလေးကဗျာများ” စာအုပ်နှင့် ဝတ္ထုရှည် ဒုတိယဆုရရှိသည့် စာရေးဆရာ မောင်အင်း (ဥက္ကံ) ၏ “သဲရေစစ်” စာအုပ်တို့ကို ဖြန့်ချိရောင်းချလျက် ရှိသည်။
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်ကြာကျင်းပမည်
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကျင်းပရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေး ခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးရဲတင့်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အိန္ဒိယ-မြန်မာနယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ အမြင်ချင်းဖလှယ် ဆွေးနွေး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟူ၍ ဗော့ဒ်ဟန် ရှရင်ဂလာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့နံနက်၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ရုံးအမှတ်(၄၁)၌ လက်ခံ တွေ့ဆုံသည်။
(၁၁) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ
(၁၁) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့ တရုတ်နိုင်ငံ သတင်းမီဒီယာ များမှ သတင်းထောက်များအား Online မှတစ်ဆင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြား
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတင်းမီဒီယာများဖြစ်သည့် CCTV သတင်း ဌာန၊ People’s Daily သတင်းဌာန၊ Guanming Daily သတင်းဌာနနှင့် Xinhua News Agency တို့မှ သတင်းထောက်များအား Online မှတစ်ဆင့် လက်ခံတွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် တည်ငြိမ်ရေးနှင့် လုံခြုံအေးချမ်းရေး အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ဖြေကြားကြသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးပညာရှင်အဆင့်နှင့် ဝါသနာရှင်အဆင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
“ကိုဗစ် - ၁၉ ကပ်ရောဂါ လက်တွဲညီညာ တိုက်ဖျက်ပါ” ပညာရှင်အဆင့်နှင့် “ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ဝါသနာရှင်အဆင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုဝေးခန်းမတွင် ကျင်းပသည်။
(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန (သံတွဲ) အဆောက်အအုံသစ်ဖွင့်လှစ်
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သံတွဲမြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် အဆိုပါအဆောက်အအုံသစ်ရှေ့၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။