Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ စစ်တွေမြို့တွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ကိုယ်ပွားသတင်းစာတိုက်တို့ကို သွားရောက် ကြည့်ရှုကြသည်။

တတိယအကြိမ် "သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁)ပွဲတော်" ဖွင့်ပွဲအခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တတိယအကြိမ် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၁)ပွဲတော်" ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၌ Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ အဖွင့် အမှာစကား ပြောကြားသည်။

ဘေးကင်းလုံခြုံစိတ်ချရသည့် အင်တာနက်ဖြစ်စေရေး Social Media အသုံးပြုမှု အလေ့အကျင့် ကောင်းများဆိုင်ရာ Video Conferencing အလုပ်ရုံဆွေးနွေးပွဲ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေး

ဘေးကင်းလုံခြုံ စိတ်ချရသည့် အင်တာနက်ဖြစ်စေရေး Social Media အသုံးပြုမှု ဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ “Workshop on Sharing Best Practices on the Use of Social Media towards a Safe, Secure and Reliable Internet” ကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ပြန်ကြားရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ နေပြည်တော်နှင့် ရန်ကုန်ရှိ သက်ဆိုင်ရာနေရာများမှ ပါဝင်တက်ရောက်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် လူထုအခြေပြု ဗဟိုဌာနများကို ပြည်သူများ အသိပညာရှာမှီး ရာနေရာအဖြစ် ဆောင်ရွက်နေခြင်းဖြစ်

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယနေ့တွင် တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက BOT စနစ်ဖြင့် တည်ဆောက် လျက်ရှိသော လူထုအခြေပြု ဗဟို ဌာန (တောင်ကြီး) အဆောက် အအုံ တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေ ချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု ၊ ယာဉ်စီးရေ (၄) စီးဖြင့် နှာခေါင်းစည်း Mask (၃၃) တန် တင်သွင်းခဲ့သည်။

ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်သူ၊ စာငှားသူ တိုးပွားလာအောင် စည်းရုံးဆောင်ရွက် နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာစောင့်သိရန်၊ လိုအပ်သည့် ဝန်ဆောင်မှုများ အပြည့်အဝပေးနိုင်အောင် ကြိုးစား

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက မော်လမြိုင် မြို့ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွား သတင်းစာတိုက် (မော်လမြိုင်) သို့ ရောက်ရှိပြီး စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးကာ သတင်းစာများ အရည်အသွေးကောင်းမွန်ရေး၊ အချိန်မှန်ဖြန့်ဝေနိုင် ရေးနှင့် စက်များကြံ့ခိုင်မှုရှိရေးတို့ကို မှာကြားသည်။

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ အမျိုးသားစာပေတစ်သက်တာဆုကို စာပေပညာရှင်ဆရာကြီး ဦးမောင်မောင်လတ်(နောင်)၊ စာပေပညာရှင်ဆရာကြီး ဦးစိန်လှိုင်(သူရဇော်)နှင့် စာရေးဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့ရရှိ

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံးအားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး ဦးမောင်မောင်လတ်(နောင်)၊ စာပေပညာရှင်ဆရာကြီး ဦးစိန်လှိုင်(သူရဇော်)နှင့် စာရေးဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့အား ၂၀၂၀ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ကြေညာသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဗုဒ္ဓရုပ်ပွားတော်များနှင့် မဟာဗောဓိပင်အား အနေကဇာတင်ပူဇော်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ဗုဒ္ဓရုပ် ပွားတော်များနှင့် မဟာဗောဓိပင်အား အနေကဇာတင်ပူဇော်ခြင်း ရေစက်ချမင်္ဂလာ အခမ်း အနားသို တက်ရောက်ပြီး ရုပ်သံလွှင့်လုပ်ငန်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။
Subscribe to MOI News