နေပြည်တော် ဒီဇင်ဘာ ၂၃
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟူ၍ ဗော့ဒ်ဟန် ရှရင်ဂလာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့နံနက်၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ရုံးအမှတ်(၄၁)၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ကိစ္စရပ်များ၊ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အပေါ်အမြင်ချင်း ဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
သတင်းစဉ်