Skip to main content
Jan 31, 2021
စက္ကူဖြူစီမံကိန်းကို အတိုချုပ်ရှင်းပြရလျှင် မြန်မာနိုင်ငံ သည် လွတ်လပ်ရေးကို တင်းပြည့်ကျပ်ပြည့်ရမည် မဟုတ်ဘဲ ဗြိတိန်နိုင်ငံ၏ အထွတ်အထိပ် ဘုရင်/ဘုရင်မ၏ လက်အောက်တွင် မြန်မာနိုင်ငံသူ/ မြန်မာနိုင်ငံသားတို့ ရွေးကောက်တင်မြှောက်သော အစိုးရအဖွဲ့က တိုင်းပြည်ကို အုပ်ချုပ်မည်သာ ဖြစ်ပါသည်။ ဘုရင်/ဘုရင်မသည် မြန်မာ နိုင်ငံတော်၏ အထွတ် အထိပ် (Head of the State) ဖြစ်မည်။ သူ၏ကိုယ်စားလှယ်အဖြစ် ဘုရင်ခံကို မြန်မာ နိုင်ငံတွင် ထားရှိမည်။ ထို့ကြောင့် သမ္မတ မရှိနိုင်ပါချေ။ မြန်မာအစိုးရအဖွဲ့တွင် ရာထူးအမြင့်ဆုံးခေါင်းဆောင်သည် ဝန်ကြီးချုပ်အဆင့်သာလျှင် ဖြစ်မည်။ မြန်မာနိုင်ငံတွင် ဝန်ကြီးချုပ်နှင့် ဘုရင်ခံတို့ သူ့နေရာနှင့်သူ အမြင့်ဆုံး အာဏာကို လက်ဝယ်ကိုင်ရှိကြမည်။ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သည် လည်းရှိမည်၊ တစ်ဦးကိုတစ်ဦးလည်း ဘုရင်/ ဘုရင်မထံ အကြောင်းပြချက် ခိုင်လုံစွာ တင်ပြ၍ ဘုရင်/ဘုရင်မက လက်ခံအတည်ပြု လျှင် ဖြုတ်ချနိုင်သည်။ ဤသည်ကို ဓနသဟာယနိုင်ငံ (Commonwealth Country) ဟုခေါ်သည်။
Jan 30, 2021
အချိန်ကား ၁၉၅၃ ခုနှစ် ဇန်နဝါရီလ၊ ငါးပွဲစားများ၏ လက်ဝါးကြီးအုပ်ခြယ်လှယ်မှုကို ဖြေရှင်းရန်အလို့ငှာနှင့် ငါးစားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးဦးတည်၍ ရန်ကုန်မြို့ကမ်းနားလမ်းရှိ ငါးလက်ကားရောင်းဝယ်ရာဌာနဖြစ်သော ရာဇူဒိုင်များအား ငါးစုပေါင်းရောင်းဝယ်ရေး သမဝါယမ အသင်းသို့ လွှဲပြောင်းပေးခဲ့သည့် အတိတ်၏ သမဝါယမပုံရိပ်က ယနေ့မျက်မှောက်ခေတ်တွင် ရောင်ပြန်ဟပ်နေသည့်အလား ခံစားနေမိပါသည်။
Jan 30, 2021
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် သောကြာနေ့သည် (၇၄) နှစ်မြောက်အချုပ်အခြာအာဏာပိုင် လွတ်လပ်သော “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည့် “ပြည်ထောင်စုနေ့” သို့မဟုတ် လွတ်လပ်ရေး၏ ရှေ့ပြေးအရုဏ်ဦးဖြစ်သည့် “ပင်လုံစာချုပ်” ကို ချုပ်ဆိုသောနေ့ကြီး ဖြစ်ပေသည်။
Jan 30, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မကြာမီ (၇၅)နှစ် မြောက် စိန်ရတုနှစ်ပတ်လည်နေ့သို့ ရောက်ရှိလာပါတော့ မည်။
Jan 29, 2021
မျက်မှောက်ကာလ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အန္တိမရည်မှန်းချက်ပန်းတိုင်မှာ အေးချမ်း သာယာပြီး တိုးတက်အောင်မြင်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ခိုင်မာစွာ တည်ဆောက်ရေးပင်ဖြစ်သည်။ ဤပန်းတိုင်သည် တိုင်းရင်းသား ပြည်သူအားလုံး၏ မျှော်လင့်ချက် ပန်းတိုင်လည်း ဖြစ်သည်။ ပန်းတိုင်သို့ တက်လှမ်းနိုင်ရေးအတွက် လိုအပ်ချက်များမှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ
Jan 28, 2021
မြန်မာ့အသံလို့ကြားလိုက်ရင် ကျွန်မကတော့ ရေဒီယိုလေးကိုပဲ ပြေးမြင်မိပါတယ်။ မြန်မာ့အသံဆိုတာကို ရေဒီယိုက တစ်ဆင့် သိခဲ့ရတာကိုး။
Jan 28, 2021
၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လုံမြို့လေးတွင် စုဝေးရောက်ရှိနေကြသည်က ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည်။ နိုင်ငံ့အနာဂတ်အရေးအတွက် စည်းလုံးသော၊ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ထောင် ရေးအတွက် မျက်နှာချင်း ဆိုင်ကြသည်၊ ဆွေးနွေးညှိနှိုင်းကြသည်၊ အဖြေရှာခဲ့ကြသည်၊ သဘောတူလက်မှတ် ရေးထိုးခဲ့ကြ၏။ ယင်းမှာ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိဒါန်း အစပင် ဖြစ်ပါ၏။ မြန်မာ့သမိုင်းအဆက်ဆက်တွင် တိုင်းရင်းသား ညီအစ်ကိုများအကြား ပထမဆုံးသဘောတူ လက်မှတ်ရေးထိုးကြသည့် ပြည်ထောင်စုသဘောတူ စာချုပ်ဟု ဆိုရမည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။
Jan 27, 2021
ဒါက တစ်ခါတလေ ည ၈ နာရီထိုးဖို့ တစ်မိနစ်၊ နှစ်မိနစ်အလိုမှာ စက်ခန်းကို လှမ်းပြောရတာမျိုး၊ သတင်းအစီအစဉ်စတဲ့အခါ ပထမဆုံးတင်ပြရမယ့် သတင်းအတွက် ဗီဒီယိုအခွေတည်းဖြတ်လို့ မပြီးသေးဘူးဆိုရင် စတူဒီယိုစက်ခန်းကို အဲဒီလို ကြိုတင်ပြောထားရတာ အကြိမ်ပေါင်း မနည်းလှ။
Jan 27, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Jan 27, 2021
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်ကြသောကြောင့် မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့သည်။ ခေါင်းဆောင်များ၏ အနစ်နာခံကြိုးစားမှုကြောင့် မြေပြန့်နှင့် တောင်တန်းဒေသ ပူးပေါင်းနိုင်ခဲ့ကြသည်။ တိုင်းရင်းသားခေါင်းဆောင်များအားလုံး၏ ရိုးသား ဖြောင့်မတ်မှုအရင်းခံကာ သမိုင်းတွင် အရေးပါသည့် ပင်လုံစာချုပ်ကို ဖြစ်ပေါ်စေခဲ့သည်။ ပင်လုံစာချုပ်သည် ငြိမ်းချမ်းရေး၏သင်္ကေတ တစ်ခုဖြစ်ခဲ့သည်။ တောင်တန်းနှင့် မြေပြန့်သွေးခွဲ အုပ်ချုပ်ခံရမှုကို မလိုလားသည့် စိတ်ဓာတ်ပြင်းပြမှုက အမျိုးသားညီညွတ်ရေး အင်အား အရပ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။ ရိုးသားကြိုးစားမှု၊ အနစ်နာခံမှု၊ စိတ်ဓာတ်ပြင်းပြမှုတို့က စည်းလုံးညီညွတ်မှု၏ ပဓာနအကြောင်းရင်း များပင်တည်း။