Aug 14, 2021
ဦးညီညီလှိုင်
ညွှန်ကြားရေးမှူး၊ အောင်ဘာလေသိန်းဆုဌာနခွဲ
မေး။ ။ ပထမဦးစွာ အောင်ဘာလေထီနဲ့ ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်ရတဲ့အပိုင်းကို ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ အောင်ဘာလေထီလုပ်ငန်း ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု (management) ဆိုင်ရာအပိုင်း ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
Aug 14, 2021
၁၉၆၇ ခုနှစ်၊ မိုးဦးကာလ။ မြစ်ဝကျွန်းပေါ်ဒေသ၏ မိုးသည်အဆက် မပြတ်တော့ချေ။ ဗမာပြည် ကွန်မြူနစ်ပါတီ မြောင်းမြခရိုင်ကော်မတီသည် လပွတ္တာမြို့နယ်၏ အရှေ့တောင်ဘက်တွင်ရှိသော ကကရံ ကြိုးဝိုင်းမှ လမုအုပ်တောတွင် အခြေစိုက်ထားသည်။
Aug 14, 2021
အခါတစ်ပါးတုန်းက ဆေးဆရာကြီး ဇီဝက ဖြစ်လာမယ့်မင်းသားငယ်တစ်ပါး ဟာတက္ကသိလာမှာ ဆေးပညာ သင်ယူနေတယ်တဲ့။ နောက်ဆုံးမှာ ဆရာကြီးက မင်းသားရဲ့ အရည်အချင်းကိုဆန်းစစ် ချင်တော့ တောထဲသွားပြီး ဆေးဖက် မဝင်တဲ့ အပင်ရှာလာခဲ့ဖို့ခိုင်းသတဲ့။
Aug 14, 2021
နိုင်ငံတစ်နိုင်ငံ၏ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့သည် ထိုနိုင်ငံ၏ ဂုဏ်ဒြပ်များပင် ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။ ၎င်းတို့ထဲမှ စာပေသည် တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခရာကျလှသည်။ အဘယ်ကြောင့်ဆိုသော် စာပေသည် လူတို့၏ အသိဉာဏ်ပညာကို ထွန်းလင်းစေနိုင်သောကြောင့် ဖြစ်သည်။ ထိုစာပေ ရေစီးကြောင်းကြီး အရှိန်အဟုန် မပြတ် ဆက်လက်စီးဆင်းနိုင်စေရန် တာဝန်သည် စာပေရေးသားပြုစုကြသည့် စာပေပညာရှင်များ၊ စာရေးဆရာ များနှင့် စာဖတ်ပရိသတ်များ၏ ပခုံးပေါ်တွင် ကျရောက်နေပေသည်။
Aug 14, 2021
အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်သည့် သတင်းထုတ် ပြန်ချက်ကိုလည်း ထပ်လောင်းသတိပေး ဖော်ပြလျက်ရှိပြီး ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုပြုလုပ်သူ၊ နက်ရှိုင်းစွာ ကာယကံမြောက်ဆောင်ရွက်သူ များမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ် ပညာရှင်၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နိုင်ငံတော်မှ အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ကို ထပ်လောင်းသတိပေးလျက်လည်း ရှိပါသည်။
Aug 14, 2021
အခုချိန်မှာ ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်၁၉ကပ်ရောဂါဘေးကို တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့အချိန်မှာ ဆေးပညာရှင်တွေနဲ့ လူထုကို စိုးရိမ်လာစေတာက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းလဲမှုပဲ။ ဒီရောဂါကို စဖြစ်စေခဲ့တဲ့ ဝူဟန်မြို့မှ ဗိုင်းရပ်စ်ကနေပြီး မျိုးကွဲတွေများစွာ ပေါ်ထွက်လာခဲ့ရာ အခုအချိန်မှာ ကူးစက်မှုအမြန်ဆုံးနဲ့ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာစေတဲ့ မျိုးကွဲကတော့ ဒယ်လ်တာ (Delta) မျိုးစိတ်ဖြစ်လာတယ်။ ဒီနောက်မှာတော့ လမ်(ဘ်)ဒါ (Lambda) မျိုးစိတ်က စိုးရိမ်ဖွယ်ရာ ကူးစက်မှုအခြေအနေကို ဖြစ်လာစေတယ်။
Aug 12, 2021
မေရီကေးလ်အလှကုန် ပစ္စည်းလုပ်ငန်း၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ မေရီကေးလ်အက်စ်သည် အခြားသူများ၏ အစွမ်းအစများအပေါ်တွင် အကောင်းမြင်ပုံ၏ အရေးပါမှုနှင့်တန်ဖိုးကို လုံးဝနားလည်တတ်သူဖြစ်သည်။ ခြံစည်းရိုး၏ နှစ်ဖက်စလုံးကနေ ကြည့်မြင်နိုင်၍ တန်ဖိုးအမှန်ကို သူသိရှိသည်။ ၎င်းတွင် ပြုစုစောင့်ရှောက်ရန် ကလေးနှစ်ယောက် ရှိနေသဖြင့် စတန်လီအိမ်သုံးပစ္စည်းလုပ်ငန်းတွင် စတင်အလုပ်လုပ်ခဲ့သည်။ အခြားသူများမှာ အရောင်း အခြေအနေ ကောင်းမွန်ကြောင်းကို တွေ့ရှိရသည့်အခါ သူ့အနေဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ့အလှည့်သူ့အချိန်ကို ရောက်ရှိလာမည်ဖြစ်ကြောင်းကိုသိနေပြီး နှစ်ဆပို၍ကြိုးစားခဲ့သည်။ ။
Aug 12, 2021
အခုအခါမှာ နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်း ဟာရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့ မတူဘဲ ကူးစက်ခံရသူနဲ့ သေဆုံးသူ စံချိန်တင် မြင့်မားတာကို တွေ့ရှိရမှာဖြစ်တယ်။ ဒီတော့ ဘာကြောင့် သေဆုံးမှုနှုန်း မြင့်မားလာသလဲဆိုတဲ့ အချက်ဟာ ကျန်းမာရေးပညာရှင်တွေနဲ့ စီမံအုပ်ချုပ်သူတွေအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သိထားသင့်တဲ့အချက်တွေ ဖြစ်လာပါတယ်။ အဆိုပါအချက်တွေကို လေ့လာကြည့်တဲ့ အခါမှာ အောက်ပါအတိုင်း တွေ့ရမှာဖြစ် တယ်။
Aug 11, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သြဂုတ် ၉ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Aug 11, 2021
ပါကစ္စတန်နိုင်ငံ၏တရားဝင်အမည်မှာ ပါကစ္စတန် အစ္စလာမ္မစ်သမ္မတနိုင်ငံဖြစ်ပြီး တောင်အာရှ တွင် တည်ရှိပါသည်။ ဧရိယာအားဖြင့် ၃၄၀၅၀၉ စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေမှာ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ၂၁၂ သန်းကျော်ရှိသည်။ မူဆလင်လူမျိုး ၉၅ ရာခိုင်နှုန်းနှင့် အခြား ငါးရာခိုင်နှုန်းရှိသည်။ တောင်ဘက်တွင် အာရေဗီယန် ပင်လယ်နှင့် အိုမန်ပင်လယ်ကွေ့ တို့ရှိပြီး မိုင် ၆၅၀ ရှည်လျားသော ကမ်းရိုးတန်းရှိပါသည်။ အနောက် ဘက်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံ၊ အရှေ့ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက် အဖျားတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။
