Jan 13, 2021

မလွမ်းရော့သော်ကော့။ လွမ်းစရာအထုအထည်။ “ဤနယ်မြေမှာ ချစ်သူခင်သူတို့ထိုင်ရင်း ကြည်ကြည် နူးနူး စကားဆိုဖွယ်ရာ ခုံတန်းလျားလေးများကလည်း အဆင်သင့်” တဲ့။
Jan 12, 2021

၂၀၂၀ ပြည့်နှစ်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သည့် အတွက် တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်း စီးပွားရေးအကျပ် အတည်း အပါအဝင် ဘက်ပေါင်းစုံတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် အချိန်ကာလဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးများကို နိုင်ငံကြီး များ၌ ပေါ်ထွက်လာပြီဖြစ်၍ အတိုင်းအတာတစ်ခုအထိ စိတ်အေးရသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ အလျှင်း မပျောက်သေးသည့်အတွက် စီးပွားရေးလုပ်ငန်းများ အပါ အဝင် လူနေမှုပုံစံကို “new normal” ပုံစံသစ်ဖြင့် ကျင့်သုံး ဆောင်ရွက်ရဦးမည်ဖြစ်သည်။
Jan 12, 2021

မကြာခင်မှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ အသစ်ပြန်ရွေးတော့မှာပါ။ ဟိုအရင်က စိတ်မဝင်စားခဲ့ရင်ပဲဖြစ်ဖြစ်၊ စိတ်ဝင်စားခဲ့ရင်ပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ ဒီကိစ္စကို စိတ်ဝင်စားစေချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ နယ်မြေတစ်ခုအတွက် အုပ်ချုပ်ရေးမှူးက တကယ်အရေးပါပါတယ်။ လူမှန် နေရာမှန် ဖြစ်ဖို့လိုပါတယ်။ လူမှန် နေရာမှန် ဖြစ်နေရုံနဲ့လည်း မရသေးပါဘူး၊ နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်နိုင်ဖို့လည်း လိုပါသေးတယ်။
Jan 12, 2021

တက္ကသိုလ်နှစ်တစ်ရာပြည့် ဆောင်းပါးများ သတင်းစာများတွင် နေ့စဉ်ဖတ်ရသည်မှာ လွမ်းမောဖွယ်အပြည့် ဖတ်၍အားမရ၊ အတိတ်ကအကြောင်းများ တွေးမဆုံး။ ၁၂-၁၂-၂၀၂၀ရက်နေ့ သတင်းစာတွင် ပါမောက္ခဒေါက်တာ စန်းဝင်းရေးသည့် Mr. E J Kangyi အကြောင်းပါတော့ စဉ်းစားမိသည်။ ငါတို့အရွယ်များသည် ကြွေသူကြွေ၊ သေသူသေ အိုမင်းမစွမ်းဖြစ်ကုန်ကြပြီဆိုတော့ ဘယ်ရေးနိုင်တော့မှာလဲ။ ကိုယ်ကိုယ်တိုင်လည်း ၈၇ နှစ်ကျော် ၈၈ နှစ်နီးတော့ ဘောပင်တောင် မထိန်းနိုင်၊ လက်ရေးက ဖတ်မရတော့သည့် အခြေအနေ။
Jan 11, 2021

ကျွန်တော်တို့ နိုင်ငံတွင် ကိုဗစ်အလွန်ကာလများ၌ စီးပွားရေး ပြန်လည်ထူထောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေးကဏ္ဍများ ကျားကန်ထားရန် လိုအပ်သလို ပညာရေးဘက်တွင်လည်း အခြားနိုင်ငံများထက် အောက်မကျအောင် သတိရှိရှိဖြင့် ပြုလုပ်ရပါမည်။ အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၂၁ မှသည် ၂၀၃၀ အတွင်း အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ချမှတ်ဆောင်ရွက်ရာတွင် အဆင့်မြင့်ပညာကဏ္ဍ၌ အောက်ဖော်ပြပါ များကိုလည်း ပြုပြင်ပြောင်းလဲ လုပ်ဆောင်နိုင်ရန် အကြံပြုလိုပါသည်။
Jan 11, 2021

စင်ကာပူနိုင်ငံတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်က အာဆီယံစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် (၃၈) ကြိမ်မြောက် အစည်းအဝေး(The Thirty Eight Meeting of the ASEAN Ministers on Agriculture and Forestry-AMAF) ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးက ထောက်ခံအတည်ပြုခဲ့သော အစားအစာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်မှု (၂၀၁၆-၂၀၂၅) မျှော်မှန်းချက်နှင့် မဟာဗျူဟာအစီအစဉ်သည် လက်ရှိနှင့်အနာဂတ် မျိုးနွယ်ဆက်များ အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) အပေါ် အပေါင်းလက္ခဏာဆောင်သော အကျိုးပြု နိုင်ရေးနှင့် လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးတို့ အတွက် ယာမြေရှုခင်း (Landscape) အဆင့်၌ သစ်တော သယံဇာတများအား စဉ်ဆက်မပြတ် အုပ်ချုပ်မှုဖြင့် စီမံအုပ်ချုပ်ခြင်း သေချာစေလျက် အာဆီယံဒေသတွင်း၌
Jan 10, 2021

ရန်ကုန်တက္ကသိုလ်လို့ဆိုလိုက်တာနဲ့ တက္ကသိုလ်အရိပ်ကို ခိုဝင်နားခဲ့ဖူးသူတိုင်း အဓိပတိလမ်း၊ ဂျပ်ဆင်၊ သစ်ပုပ်ပင်၊ အာရ်စီ ခေါ် အပန်းဖြေရိပ်သာ၊ ရေတမာပင်၊ စိန်ပန်းပင်၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ အင်းလျားကန်စတဲ့ မှတ်မှတ်ထင်ထင်ရှိတဲ့နေရာတွေ တစ်ခုပြီးတစ်ခု မြင်ကွင်းထဲရောက်လာပါတော့တယ်။
Jan 09, 2021

ယခုကာလသည် ကမ္ဘာ့နိုင်ငံအသီးသီးက COVID-19 ရောဂါ ကာကွယ်ဆေးရရှိရေးအတွက် အစွမ်းကုန်ကြိုးစားနေကြပြီး အချို့နိုင်ငံကြီးများ သည် ကာကွယ်ဆေးကို စတင်ထိုးနှံသည့် အဆင့်ပင်လျှင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ကာကွယ်ဆေးမရခင်၊ မသုံးနိုင်ခင်တော့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရင်းကျဆင်းနေသော စီးပွားရေးကို ပြန်လည်ဦးမော့ တိုးတက်စေရေး နည်းမျိုးစုံဖြင့် ကြံဆဆောင်ရွက်နေကြပြီဖြစ်သည်။ လူတစ်ဦးချင်း အသိဖြင့် Mask တပ်ရေး၊ လက်ကို မကြာခဏဆေးကြောရေး၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရေးနှင့် လူစုလူဝေးရှိရာသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရေး စသည့် ဆောင်ရွက်ချက်များ ကျင့်သုံးကာ COVID-19 နှင့်အတူ ရှင်သန်နေထိုင်နိုင်ရေးကိုလည်း စီစဉ်နေကြသည်။ COVID-19 ကြောင့် ရရှိနေကြသည့် စိတ်ဒဏ်ရာများကို ကုစားနိုင်ရေးအတွက် အမျိုးမျိုးစီစဉ် နေကြသကဲ့သို့ နိုင်ငံအလိုက် စီးပွားရေးပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဘက်ဘက်က သုံးသပ်ဆောင်ရွက် နေကြချိန်လည်းဖြစ်သည်။
Jan 08, 2021

၂၀၁၉ ခုနှစ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအား ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ တိုင်းပြည်များသည် ကပ်ရောဂါ ပြန့်ပွားမှုကို တင်းကျပ်စွာ ကာကွယ်တားဆီးနိုင်မည့် အစီအမံများကို စတင်အကောင်အထည်ဖော်ခဲ့ကြပါသည်။ အဆိုပါအစီအမံများသည် ကူးစက်ရောဂါပြန့်ပွားခြင်းကို တားဆီးကာကွယ် ခြင်းအနေဖြင့် တစ်ဖက်မှာ ထိရောက်ခဲ့သကဲ့သို့ အခြားတစ်ဖက်၌လည်း အများပြည်သူများ ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ သွားလာရေးနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရေးမှာလည်း အတားအဆီးဖြစ်စေခဲ့ပါသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါဘေးသည် ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ ငါးရိက္ခာထုတ်လုပ်ဖြန့်ဖြူးရေးကို ယခင်တစ်ခါမှ မတွေ့ကြုံဖူးခဲ့သည့်အတိုင်းအတာအားဖြင့် ထိခိုက်ခဲ့ပါသည်။ သက်ဆိုင်ရာအစိုးရများ၏ COVID-19 ကပ်ရောဂါဘေး ကာကွယ်တားဆီးရေးအစီအမံများသည် ရေထွက်ကုန် များထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းစဉ်တစ်လျှောက်ဖြစ်သော ငါးဖမ်းဆီးခြင်း၊ ငါးမွေးမြူထုတ်လုပ်ခြင်း၊ ရေထွက်ကုန်များ အေးခဲပြုပြင်ခြင်း၊ ရေထွက်ကုန်များ သယ်ယူပို့ဆောင်ခြင်း၊ ရေထွက်ကုန် လက်ကားဈေးနှင့် လက်လီရောင်းချမှုများကို ထိခိုက်စေခဲ့ပါသည်။
Jan 08, 2021

တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းသည်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်။ ထို့ကြောင့် တတိယအကြိမ်အတွက် လွှတ်တော်ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌများက ၆-၁-၂၀၂၁ ရက်နေ့တွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ လွှတ်တော်အသစ်များ ပေါ်လာသည်နှင့် အစိုးရအဖွဲ့အသစ်များ တစ်ဆက်တစ်စပ်တည်းပေါ်လာပါ မည်။ ဤတွင် အစိုးရအဖွဲ့များ မည်သို့ဖွဲ့စည်းထားပါ သနည်း။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များကို ကိုးကား၍ အနှစ်ချုပ်မျှဝေပါရစေ။