Skip to main content
Aug 19, 2021
လက်ရှိရုံးပိတ်ရက်ရှည်ကာလအတွင်းမှာ စာတွေ တစ်ဝကြီးဖတ်ရှုဖြစ်သည်။ ကနဦးတွင် ဖတ်လက်စ ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်၏ “မင်းရေး ကြွယ်ကြွယ်”။ ပြီးတော့ “ဂျပန်ခေတ်စစ်ပညာသင် တစ်ဦး”၊ “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်”၊ “မုန်တိုင်းလွန်သော်” စာအုပ်တွေကို တစ်ဆက် တစ်စပ်တည်း ပြန်လည်ဖတ်ရှုဖြစ်တော့သည်။
Aug 19, 2021
စီးပွားရေး
မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ နှင့် ကျေးရွာပေါင်း ၆၀၀၀၀ ကျော်ရှိပြီး ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုကြသည်။
Aug 19, 2021
သက်ရှိသက်မဲ့အားလုံးသည် အရင်းခံရုပ်အနေဖြင့် ပထဝီ(မြေဓာတ်)၊ အာပေါ(ရေဓာတ်)၊ တေဇော(မီးဓာတ်)၊ဝါယော(လေဓာတ်)၊ အာကာသ(အပိုင်းအခြားဓာတ်) ဓာတ်ငါးပါး အစုအဝေးမျှသာဖြစ်သည်၊ “ဓာတ်” ဟူသော အဓိပ္ပာယ်မှာ မိမိသဘောကို မိမိဆောင်တတ်သဖြင့် “ဓာတ်”ဟု ခေါ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးသည်လည်း ဓာတ်ငါးပါး အစုအဝေးပင်ဖြစ်သည်။ ထိုဓာတ်ငါးပါးတို့ ညီညွတ်မျှတလျှင် ကျန်းမာ၍ မညီညွတ်ဘဲ ဖောက်ပြန်ပါက အနာရောဂါ ဖြစ်စေပါသည်။
Aug 19, 2021

အနောက်တောင်အရပ်မှ လေနုအေးများက မိုးသားတို့ကို ယူဆောင်လာခဲ့သည်။ ကောင်းကင်ထက်တွင် တိမ်လိပ်များက ပင်လယ်နှင့်ထိစပ်သည့် တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်မြေတို့ဆီမှသည် အရှေ့ဘက်စွန်းရှိ ရှမ်းရိုးမတောင်တန်း၊ မြောက်ဘက်စွန်းရှိ ကချင်ပြည်နယ်ရေခဲတောင်များရှိရာဒေသအထိ ခရီးနှင်လျက်ရှိသည်။ ဥတုသုံးလီမျှတသည့် နိုင်ငံ၊ သဘာဝသယံဇာတပေါကြွယ်သည့်နိုင်ငံ၊ ပရဟိတစိတ်ထက်သန်သည့်နိုင်ငံ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အားကောင်းသည့်နိုင်ငံ၊ ရိုးသားမှုကို မြတ်နိုးပြီး တရားမျှတမှုကို ကိုးစားသည့်နိုင်

Aug 18, 2021
d3
မြောင်ဇီး အမျိုးသမီးများ၏ ခေါင်းတွင် အနက်စအရှည် ဆယ်ကိုက်ကျော်ခန့်အား အထပ်ထပ်ဖြင့် လှပစွာခေါင်းပေါင်းပြုလုပ်၍ ဆင်မြန်းထားကြ၏။ ကော်လံအပြားကြီးပါသော အင်္ကျီ လက်ရှည်ဆင်မြန်း၏။ ထိုအင်္ကျီလက်တွင် အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အစိမ်း၊ ၊ ခရမ်း၊ လိမ္မော်အစရှိသော အရောင်တန်းများဖြင့် အလှဆင်ထားပြန်၏။ ထို့နောက် အပေါ်တွင် လက်ပြတ် ကုတ်အင်္ကျီကို ဆင်မြန်းသည်။ ရိုးရာ စကပ်ကို ဝတ်ဆင်ပြီး စကပ်၏နောက်တွင် အမြတ်တနိုးဖြင့် ပန်းဖွားပါသော အဝတ်ကြိုးရှည်ကို ဆင်မြန်းကြလေသည်။
Aug 18, 2021
C3
ရုပ်ရှင်တစ်ခေတ်မဆန်းမီက မြန်မာ့ဇာတ်သဘင်ရဲ့ ဖျော်ဖြေမှုတွေဟာ ပြည်သူတွေရဲ့ စိတ်နှလုံး ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ၁၂ လရာသီပွဲတော်တွေ၊ ဘုရားပွဲတွေမှာ ဇာတ်ပွဲတွေပါဝင်လေ့ရှိရာ ပြည်သူ တို့အသည်းစွဲ ဇာတ်မင်းသား မင်းသမီးတွေရဲ့ အဆို၊ အငို၊ အပြော၊ ခေတ်နဲ့အညီ တီထွင်ဆန်းသစ်ထားတဲ့ ကဟန်တို့ကလည်း ပြည်သူတို့ရဲ့ စိတ်ကို ညှို့ယူ ဖမ်းစားနိုင်ခဲ့ပါတယ်။
Aug 18, 2021
C2
ကိုအောင်ရေ ငါ့ညီဆီ ဖုန်းဆက်ရတာလည်း မလွယ်ပါလားကွာ။ ရုံးဖွင့်ရက်တုန်းကတော့ အစည်းအဝေးတို့၊ ဘာတို့ရှိလို့ထားပါတော့။ အခု ရက်ရှည် ရုံးပိတ်ရက်ကြီးမှာတောင် မင်းဖုန်း ကလည်း ဆက်လို့မရပါလားကွာ”
Aug 18, 2021
1C
ဝါခေါင်လသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်ပါသည်။ ဝါခေါင်လတွင် အထက်အာကာ ကောင်းကင်ယံ၌ မိုးသားမိုးတိမ်တို့သည် ညိုမှောင်အုံ့ဆိုင်းနေကာ မိုးဖြိုင်ဖြိုင် ရွာသောလဖြစ်၍ ဝသန်ကာလ မိုးရာသီကို အပြည့်အဝခံစားရသည့်လလည်း ဖြစ်ပါသည်။
Aug 17, 2021
ပန်းခင်းစီမံချက်
နိုင်ငံသားတစ်ဦးသည် နိုင်ငံသားအခွင့်အရေ။ အပြည့်အ၀ရရှိနိုင်ရမည်ဖြစ်သည်။ ယင်းအခွင့် အရေးများ ရရှိနိုင်ရန် နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့က နိုင်ငံသား စိစစ်ရေးကတ်ပြားရှိဖို့ လိုအပ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပါမှ နိုင်ငံသားတစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ အသိအမှတ်ပြုနိုင်ပြီ။ နိုင်ငံသားတစ်ယောက် ရရှိခံစားခွင့်ရှိသည့် အခွင့်အရေးများကို ရရှိခံစား နိုင်မည်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်ကို လကက ပန်းခင်၊ စီမံချက်ဖြင့် မြန်မာနိုင်ငံ တစ်နံ တစ်လျား ဆောင်ရွက်ပေးလျက်ရှိပါသည်။
Aug 17, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့သည့် အထိမ်းအမှတ်အဖြစ်တိုင်းပြည်ကိုတိုက်ရိုက် မိန့်ခွန်းပြောကြား ခဲ့သည်။ ထိုသို့ပြောကြားရာတွင် ပညာရေးနှင့် ပတ်သက်ပြီး “၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ငါးနှစ်နဲ့ အထက် ၈ ဒသမ၁ ရာခိုင်နှုန်း ခန့်ဟာ ကျောင်းမနေ ဖူးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ် နဲ့အထက် အရွယ် ရောက်ပြီးသူများထဲမှ အလယ်တန်းအဆင့်နဲ့ အလယ်တန်းအဆင့်အောက် ပညာသင်ကြားခဲ့ ရသူပေါင်း ၁၈ ဒသမ၂ သန်း ရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။