Skip to main content
Aug 27, 2021
၁
ကန္ဒရဝတီငွေတောင်ပြည် (ကယားပြည်နယ်) သည် သဘာဝ၏အလှတရားများနှင့်ဝန်းရံနေပြီး မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိသည်။ သဘာဝတောတောင် ရေမြေအလှတရားများဝန်းရံ၍ ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုများ ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲနေထိုင်ကြသော ပြည်နယ်တစ်ခုဖြစ်ပြီး မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အနောက် တောင်ဘက်တွင် ကရင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိပြီး မြောက်လတ္တီကျု ၁၈ ဒီဂရီ ဝ မိနစ်နှင့် အရှေ့လောင်ဂျီကျု ၉၄ ဒီဂရီ ၄၀ မိနစ်နှင့် ၉၇ ဒီဂရီ ၉၃ မိနစ်ကြားတွင် တည်ရှိပါသည်။
Aug 27, 2021
လူတွေဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးအပေါ်မှာ   တည်မှီပြီး အသက်ရှင်သန်နေကြခြင်းဖြစ်ပါတယ်။ ကံဆိုတာ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်၊ ကိုယ်ကျင့်တရား စာရိတ္တသီလ၊ ဝါရိတ္တသီလ လုံခြုံအောင် စောင့်ထိန်းတာ၊ ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ နေထိုင်တာ၊ စေတနာကောင်း ရည်ရွယ်ချက် ကောင်းရှိတဲ့ အလုပ်ကိုပြုလုပ်တာပဲ ဖြစ်ပါတယ်။
Aug 27, 2021
ကုန်သွယ်ရေးတင်းမာမှုတွေတိုးပွားလာခြင်း၊ နိုင်ငံစုံစနစ် (Multilateralism) ဆုတ်ယုတ်လာခြင်း၊ လက်ရှိဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုဟာ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးတွေအပေါ်ကြီးမားစွာရိုက်ခတ်လာခြင်းစတဲ့ အခြေအနေတွေကြောင့် အာရှနဲ့ ပစိဖိတ်ဒေသ အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု ပြင်ပသို့ စီးဆင်းမှုတွေအပေါ် ထိခိုက်မှုများစွာဖြစ်ပွားခဲ့ရပါတယ်။
Aug 26, 2021
တစ်ခါတုန်းက သမုဒ္ဒရာတစ်ခုရဲ့ကမ်းစပ်မှာ လူတွေက နဂါးတွေကို ပူဇော်တယ်။ နဂါးစာကျွေးတယ်လို့လည်း ပြောနိုင်မှာပေါ့။ နို့တွေ၊ အသားငါးတွေအပြင် သေရည်တွေလည်းပါသတဲ့။ ဒါကိုမြင်တဲ့ ကျီးဖို၊ ကျီးမ စုံတွဲက နဂါးစာကျွေးထားတဲ့ အစားအသောက်တွေကိုတစ်ဝကြီး စားကြသောက်ကြတာပေါ့။ စားသောက်တဲ့အထဲမှာ သေရည်တွေလည်းပါတော့ မူးမူးနဲ့ ဆော့ကစားဖို့၊ ရေချိုးဖို့လုပ်နေတုန်းမှာ ကျီးမက လှိုင်းထဲပါသွားပြီး ငါးကြီးတစ်ကောင်က ဟပ်သွားရောတဲ့။ ကျီးမ သေတော့ ကျီးဖိုကို၊ ကျီးဖိုငိုသံကြားတော့ တခြားကျီးတွေက အုပ်လိုက်ကြီးရောက်လာ၊ ကျီးတွေရဲ့ထုံးစံအတိုင်း အိုးအိုးအာအာ ဆူဆူညံညံအသံတွေဟစ်ကြပြီး အစည်းအဝေး လုပ်ကြသတဲ့။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ လုပ်ရမှာပဲဆိုပြီး ကျီးမကို ပြန်ဆယ် ဖို့အတွက် သမုဒ္ဒရာရေတွေကိုခပ်ထုတ်ဖို့ ပြင်ကြသတဲ့။
Aug 26, 2021
အမွေခွဲဝေပေးစေလိုမှုတွင် အဓိကရည်ရွယ်ချက်မှာ အမွေရထိုက်သူတို့အား အမွေခွဲဝေပေးရန်ဖြစ်ပေရာ ကွယ်လွန်သူ၏အမွေကို မည်သူမည်ဝါတို့က ဆက်ဆံခွင့်ရှိသည်။ တရားလိုသည် အမွေဝေစု မည်ရွေ့မည်မျှ ရထိုက်သည်၊ ကွယ်လွန်သူ ကျန်ရစ်သောအမွေပစ္စည်းများသည် မည်သည့် ပစ္စည်းများ ဖြစ်သည်၊ ကွယ်လွန်သူပေးရန်၊ ရရန်ရှိသော ကြွေးမြီများ မည်ရွေ့မည်မျှရှိသည် စသည်တို့ကို စိစစ်ဆုံးဖြတ်ပြီး တရားလိုနှင့် ဝေစုရလို၍ ရုံးခွန်ထမ်းဆောင်သော တရားပြိုင်တို့အား အမွေခွဲဝေပေးရန်ဖြစ်သည်။
Aug 25, 2021
စီးပွားရေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ဦးဆောင် ကျင်းပမယ့် မြန်မာ-တရုတ် နှစ်နိုင်ငံ (လားရှိုး-လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲကို အွန်လိုင်းကုန်စည်ပြပွဲအဖြစ် သြဂုတ် ၂၅ ရက်မှ ၂၉ ရက်အထိ ဒုတိယ အကြိမ် ကျင်းပတော့မှာ ဖြစ်ပါတယ်။
Aug 25, 2021
ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာများ
အဆိုးရွားဆုံး ကမ္ဘာ့ကပ်ရောဂါများ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံး ကမ္ဘာ့ကပ်ရောဂါ (Pandemic Diseases) (၁၀)ကြိမ် ရှိခဲ့ကြောင်း သိရသည်။
Aug 25, 2021
“အောင်မြင်မှုကို အနှစ်သာရအားဖြင့် အနက်အဓိပ္ပာယ် ဖွင့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု၊ ပျော်ရွှင်မှု အစစ်တွေကို အဆက်မပြတ် ပိုမိုရရှိမှု၊ ဘဝမှာ ကျေနပ်ပီတိ ဖြစ်လောက်တဲ့ ချမ်းမြေ့သာယာမှုနဲ့ သင့်ကို မှီခိုအားထားနေကြသူများ အတွက်ဘာမဆို ဖြည့်ဆည်းလုပ်ဆောင် ပေးနိုင်မှုများပဲပေါ့”
Aug 25, 2021
ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာများ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၂၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Aug 25, 2021
လူမှုမီဒီယာတွေ တွင်တွင်ကျယ်ကျယ်သုံးလာတော့ ကောင်းကျိုးရှိသလို ဆိုးကျိုးကလည်း ကပ်ပါလာတယ်။ ဒေသနီးဝေး ကွာခြားချက်မရှိဘဲ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဆက်သွယ်နိုင်တဲ့ ကောင်းကျိုး မျိုးရှိပါရဲ့။ သို့ပေငြား ဆိုးကျိုးအနေနဲ့ လူမှုမီဒီယာတွေ အထူးသဖြင့် ဖေ့စ်ဘွတ်မှာ အဆဲတစ်လိုင်းက ကြီးစိုးနေတယ်။ မကောင်းတဲ့အကျင့်ဆိုတာ ကူးစက်လွယ်တာမို့ ထင်ပါရဲ့။ သူတစ်ပါးနဲ့ အမြင်မတူတဲ့၊ သဘောထားမတူတဲ့ ကိုယ့်ထင်မြင်ချက်ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ဖော်ပြရင်း ဖေ့စ်ဘွတ်တင်တာတစ်မျိုး၊ Live လွှင့်တာတစ်မျိုးနဲ့ ခေတ်မီနေသယောင်။