Aug 25, 2021
ကျွန်မတို့နိုင်ငံမှာ သံနဲ့သံမဏိပစ္စည်းတွေကို စက်နဲ့ စက်ကိရိယာများ၊ သံချောင်း လုံး၊ အမိုးပြား၊ သံထည်ပစ္စည်း (Steel Structure) များ၊ မြစ်ကူးတံတား သံပေါင်၊ သင်္ဘောကိုယ်ထည်၊ တယ်လီဖုန်း တာဝါတိုင်၊ ဓာတ်အားဖြန့်ဖြူးတဲ့ တာဝါတိုင်တွေဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြရပေမယ့် လိုအပ်တဲ့ သံနဲ့ သံမဏိတွေကိုတော့ နိုင်ငံခြားကနေ မှာယူတင်သွင်းနေရပါတယ်။
Aug 25, 2021
မြတ်ဗုဒ္ဓ၏ သာသနာနှစ် ၂၅၆၅ နှစ်ကျော် ခရီးရှည်ကြီးကို ပြန်ပြောင်း လေ့လာကြည့်ပါလျှင် “ခေါက်ရှာ ငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြားလူမှာ၊ မမြဲစွာတည့်”ဟူသော မန်လည်ဆရာတော်ကြီး၏လင်္ကာဆောင်ပုဒ်အတိုင်းပင် မြင့်ချည်တစ်ခါ၊ နိမ့်ချည်တစ်လှည့်ဖြင့် အလှည့်အပြောင်း အတက်အကျများစွာရှိခဲ့ပါသည်။ ဖြောင့်ဖြူးသာယာသည့် ခရီးချောကိုသာ လျှောက်လှမ်းခဲ့ရသည်မဟုတ်ဘဲ မချောမမွေ့သည့် ခရီးကြမ်း ကြီးများကိုလည်း လျှောက်လှမ်းခဲ့ရပါသည်။
Aug 24, 2021
တစ်စုံတစ်ရာကို လူသည် တောင့်တသည့်အခါ ဒိဋ္ဌရမည်ကို သိသည်နှင့်တစ်ပြိုင်တည်း စိတ်၏တန်ခိုး ဝေးလ်ပါဝါကင်းပျောက်မြဲဖြစ်လေသည်။ ထိုတန်ခိုး ကိုထုတ်ရခြင်းသည် လိုသောအရာကို မရနိုင်သေးကြောင်း သက်သေဖြစ်လေသည်။ သို့ဖြစ်သောကြောင့် ကျန်းမာခြင်း၊ ရောဂါပျောက်စေလိုခြင်း မှစ၍ တစ်စုံတစ်ရာကို အလိုရှိသည့်အခါဝေးလ် ပါဝါကိုထုတ်ခြင်း၊ စိတ်ကိုတင်းခြင်း၊ အံကြိတ်ခြင်း သည် ခက်ခဲခြင်း၏ကြီးမားခြင်းကို ဝန်ခံရာရောက်သဖြင့် ရဖို့ခက်လေသည်။
Aug 24, 2021
လက်ရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးတွေသည် ဒယ်တာ မျိုးဗီဇပြောင်းပိုး အပါအဝင် အခြားမျိုးဗီဇကွဲတွေကို ကောင်းစွာနှိမ်နင်းနိုင် (ဒေါက်တာခင်ခင်ကြီး)
Aug 24, 2021
လူမှုမီဒီယာတွေ တွင်တွင်ကျယ်ကျယ်သုံးလာတော့ ကောင်းကျိုးရှိသလို ဆိုးကျိုးကလည်း ကပ်ပါလာတယ်။ ဒေသနီးဝေး ကွာခြားချက်မရှိဘဲ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဆက်သွယ်နိုင် တဲ့ကောင်းကျိုးမျိုးရှိပါရဲ့။သို့ပေးဆိုးကျိုးအနေနဲ့ လူမှုမီဒီယာတွေ အထူးသ ဖြင့်ဖေ့စ်ဘွတ်မှာ အဆဲတစ်လိုင်းက ကြီးစိုးနေတယ်။ မကောင်းတဲ့ အကျင့်ဆိုတာကူးစက် လွယ်တာမို့ ထင်ပါရဲ့။ သူတစ်ပါးနဲ့ အမြင်မတူတဲ့၊ သဘောထားမတူတဲ့ ကိုယ့်ထင်မြင်ချက်ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ဖော်ပြရင်း ဖေ့စ်ဘွတ်တင်တာတစ်မျိုး၊ Live လွှင့်တာတစ်မျိုး နဲ့ခေတ်မီနေသယောင်။
Aug 24, 2021
မြတ်ဗုဒ္ဓ၏ သာသနာနှစ် ၂၅၆၅ နှစ်ကျော် ခရီးရှည် ကြီးကို ပြန်ပြောင်း လေ့လာကြည့်ပါလျှင် “ခေါက်ရှာ ငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြားလူမှာ၊ မမြဲစွာတည့်”ဟူသော မန်လည်ဆရာတော်ဘုရားကြီး၏ လင်္ကာဆောင်ပုဒ် အတိုင်းပင် မြင့်ချည်တစ်ခါ၊ နိမ့်ချည်တစ်လှည့်ဖြင့် အလှည့်အပြောင်းအတက် အကျများစွာရှိခဲ့ပါသည်။ ဖြောင့်ဖြူးသာယာသည့် ခရီးချောကိုသာ လျှောက်လှမ်းခဲ့ရသည် မဟုတ်ဘဲ မချောမမွေ့ သည့် ခရီးကြမ်းကြီးများကိုလည်း လျှောက်လှမ်းခဲ့ရပါသည်။
Aug 24, 2021
CRPH နဲ့ NUGတို့ဟာ တော်လှန်ရေးအမည်ခံပြီး တိုက်ခိုက်မှုတွေဟာ တော်လှန်ရေး အသွင်ကနေ အကြမ်းဖက်လုပ်ရပ်အသွင်ကိုသိသိသာသာ ပြောင်းလဲလာတာကိုတွေ့ရပါ တယ်။ ဒီတော့တော်လှန်ရေးဆိုတာဘာလဲ၊ အကြမ်းဖက်လုပ်ရပ်ဆိုတာ ဘာလဲဆိုတာ ခွဲခြားကြည့်ဖို့ လိုလာပါတယ်။ ဘာကြောင့်လဲဆိုတော့ NUG ဟာ တော်လှန်ရေးဆိုတဲ့ မှိုင်းတိုက်ပြီး လူငယ်တွေကို အသုံးချလာလို့ပဲဖြစ်ပါတယ်။ တော်လှန်ရေးနဲ့ အကြမ်းဖက်လုပ် ရပ်ကိုလေနဲ့ဝမ်းမကွဲတာကြောင့် ပြောင်းပြန်အကျိုးသက်ရောက်လာနိုင်ပါတယ်။ အသုံးချလိုသူတွေက ကျိုးကြောင်းမဆီလျော် တဲ့ မျှော်လင့်ချက်တွေ၊ မက်လုံးတွေပေးပြီး
Aug 24, 2021
ဝါဒဖြန့်ခြင်းဟူသည်ကား အခြေခံအကျဆုံးအဖြစ် ရှုမြင်ကြည့်လျှင် ဘက်လိုက်သော သို့မဟုတ် လမ်းလွဲသို့ခေါ်ဆောင်သွားသော အချက်အလက်များကို လူအများထံ ပျံ့နှံ့စေနိုင်မည့် မီဒီယာပုံစံအချို့ကို အသုံးပြုလျက် ဖြန့်ချိခြင်းဖြစ်သည်။ နိုင်ငံရေး အာဂျင်ဒါတစ်ခု သို့မဟုတ် နိုင်ငံရေးအမြင်တစ်ရပ်ကို ပရိုမိုးရှင်းလုပ်ရန်ရည်ရွယ်သည်။ ဝါဒဖြန့်ချိမှုသည် ဓမ္မဓိဋ္ဌာန်မကျအောင်၊ သမာသမတ်မကျအောင် တမင်ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး တစ်ခုသောထင်မြင်ချက်တစ်ရပ်ဆီသို့ လူအများကို လွှမ်းမိုးသိမ်း သွင်းဆွဲခေါ်ရန်အတွက် ပိုမိုကြီးမားသည့်စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ် ရပ်ဖြစ်တတ်သည်။ ယင်းကဲ့သို့သော စိတ်ဓာတ်စစ်ဆင်ရေးတွင် ပြောင်ကျကျ လိမ်ညာမှုများ သို့မဟုတ် ပိုမိုသိမ်မွေ့သောအချက်အလက်အမှားများ ထည့်သွင်းခြင်းနှင့်ဆင်ဆာ ဖြတ်ခြင်းတို့ပါဝင်သည်။ ဝါဒဖြန့်ချိရေးသည် ဓာတ်ပုံများ၊ ကြွေးကြော်သံများနှင့် တမင်ရွေးချယ်သုံးစွဲသော အချက်အလက်များအပြင် အချက်အလက်များကို ထိန်းချုပ်ခြင်း သို့မဟုတ် ဆင်ဆာဖြတ်ခြင်း တို့မှတစ်ဆင့်လူတို့၏စိတ်ခံစားချက်များကိုလှုံ့ဆော်သည်။
Aug 23, 2021
ဝါဒဖြန့်ခြင်းဟူသည်ကား အခြေခံအကျဆုံးအဖြစ် ရှုမြင်ကြည့်လျှင် ဘက်လိုက်သော သို့မဟုတ် လမ်းလွဲသို့ ခေါ်ဆောင်သွားသော အချက်အလက် များကို လူအများထံ ပျံ့နှံ့စေနိုင်မည့် မီဒီယာပုံစံ အချို့ကို အသုံးပြုလျက် ဖြန့်ချိခြင်းဖြစ်သည်။ နိုင်ငံရေး အာဂျင်ဒါတစ်ခု သို့မဟုတ်နိုင်ငံရေးအမြင် တစ်ရပ်ကို ပရိုမိုးရှင်းလုပ်ရန် ရည်ရွယ်သည်။ ဝါဒဖြန့်ချိမှုသည် ဓမ္မဓိဋ္ဌာန်မကျအောင်၊ သမာသမတ် မကျအောင် တမင်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် ပြီး တစ်ခုသော ထင်မြင်ချက်တစ်ရပ်ဆီသို့ လူ အများကို လွှမ်းမိုးသိမ်းသွင်းဆွဲခေါ်ရန်အတွက် ပိုမိုကြီးမားသည့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်တတ်သည်။ ယင်းကဲ့သို့သော စိတ်ဓာတ်စစ်ဆင်ရေးတွင် ပြောင်ကျကျ လိမ်ညာမှုများ သို့မဟုတ် ပိုမိုသိမ်မွေ့သော အချက် အလက်အမှားများ ထည့်သွင်းခြင်းနှင့် ဆင်ဆာ ဖြတ်ခြင်းတို့ ပါဝင်သည်။ ဝါဒဖြန့်ချိရေးသည် ဓာတ် ပုံများ၊ ကြွေးကြော်သံများနှင့် တမင်ရွေးချယ်သုံး စွဲသော အချက်အလက်များအပြင် အချက်အလက် များကို ထိန်းချုပ်ခြင်း သို့မဟုတ် ဆင်ဆာဖြတ်ခြင်း တို့မှတစ်ဆင့် လူတို့၏စိတ်ခံစားချက်များကို လှုံ့ ဆော်သည်။
Aug 23, 2021
လူ့လောကတွင် နေခဲ့ရသည့် သက်တမ်းအနှစ်ရှစ်ဆယ်ကျော်အတွင်း ကမ္ဘာ့ကပ် အသီးသီးကိုလည်း တွေ့ကြုံခဲ့ရဖူးပါသည်။ ဥပမာဂျပန်ခေတ်က ဝဲရောဂါ၊ ဒေသအလိုက် ကွက်ကျားဖြစ်သည့် ရောဂါဖြစ်သည်။ အလားတူ ပုလိပ်ရောဂါလည်း ဒေသအလိုက်၊ မြို့ပြအလိုက်၊ ကျေးရွာအလိုက်ကွက်၍ ဖြစ်ပွားခဲ့သဖြင့် ပုလိပ်ရောဂါဖြစ်သည့် ရွာကိုပစ်၍ ပြေးသဖြင့် အသက်ဘေးမှ လွတ်ဝေးခဲ့ကြသည်လည်း ရှိသည်။ ကျောက်ကြီးရောဂါ ဖြစ်စဉ်ကလည်း ကပ်ရောဂါဆိုသော်လည်း လူတိုင်းကို မကူးစက်ပါ။ အထူးသဖြင့် ကလေးများကို အကူးအစက်များပြီး သေကျေမှုများပါသည်။
