Skip to main content
Feb 05, 2021
မြန်မာ့အသံနှင့် မိမိသည် မွေးသက္ကရာဇ်ချင်း တူညီကြ၏။ ထို့ကြောင့် အသက်ချင်းလည်း တူညီကြသည်။ မိမိ အသက် ၇၅ နှစ်ရှိလာချိန်တွင် မြန်မာ့အသံကလည်း စိန်ရတုနှစ်သို့ ရောက်ပြီဖြစ်၏။ မိမိတို့ ငယ်ငယ်တုန်းက အိမ်တွင် နေ့စဉ်နားထောင်ခဲ့ရသည်ကတော့ ရေဒီယို ဖြစ်သည်။ အခြားဖျော်ဖြေမှုပစ္စည်းဟူ၍ ဓာတ်စက် တစ်လုံးရှိသော်လည်း တစ်ပတ်လျှင် တစ်ကြိမ်လောက် သာနားထောင်ဖြစ်ကြ၏။ ရေဒီယိုသံကို နေ့စဉ်ကြားနေရသော်လည်း ထိုအသံ ဘယ်ကလာမှန်းမသိခဲ့ရ။ အလယ် တန်းကျောင်းသားဘဝဖြင့် ရန်ကုန်၌ ကျောင်းလာနေသည့် အခါတွင်မှ ရေဒီယိုအသံ၏ မူလဇာစ်မြစ်နေရာကို သိရှိရတော့၏။ အသံလွှင့်ရုံဆိုသော အဆောက်အအုံကြီးကိုလည်း အပြင်ဘက်မှ စတင်မြင်ဖူးခဲ့ရ၏။
Feb 05, 2021
ချင်းပြည်နယ်၏ဂုဏ်ယူဖွယ်များတွင် ကန်ပက်လက်မြို့တွင်ရှိသော အာဆီယံအမွေအနှစ် ဖြစ်သည့် နတ်မတောင် အမျိုးသားဥယျာဉ် (ဝိတိုရိယတောင်) လည်း တစ်ခုအပါဆင်ဖြစ်သည်။ ချင်းပြည်နယ်၏ဂုဏ်ဆောင် ရိဒ်ရေကန်နှင့် နတ်မတောင် အမျိုးသားဥယျာဉ်တို့သည် မြန်မာ နိုင်ငံအတွက် ဂုဏ်တင့်လျက် ရှိသည်။ ကန်ပက်လက်မြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၅၆၀ တွင် တည်ရှိပြီး နတ်မတောင် (ဝိတိုရိယအမျိုးသားဥယျဉ်သည် ပေ ၁၅ဝဝ အမြင့်တွင် တည်ရှိသည်။ ဆောမြို့ ကန်ပက်လက်မြို့သို့ ၁၂ မိုင်ဝေးကွာပြီး ကန်ပက်လက်မြို့မှ အမျိုးသား ဥယျာဉ်တောင်ထိပ်သို့ ၁၇ မိုင်ဝေးကွာသည်။ ကန်ပက်လက်မြို့၏ ပေ ၆၀၀ ခန့် အမြင့်တွင် မှော်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ နတ်မတောင်အမျိုးသားဥယျဉ် အုပ်ချုပ်ရေးမှူးရုံးကို တွေ့မြင်ရပြီး ပေ ၆၂ဝဝ ၌ ကန်ပက်လက်မြို့ဟောင်းနေရာတွင် လှပသေသပ်စွာ ဆောက်လုပ်ထားသော ထင်းရှူးဘန်ဂလိုများတည်ရှိရာ ဟိုတယ်ဇုန်ကို တွေ့မြင် ရမည်ဖြစ်သည်။ ရင်သပ်ရှုမောဖွယ် ချင်းတောင်တန်းတို့၏ သဘာဝရှုခင်းများကို ကြည့်ရှုနိုင်မည့် ဟိုတယ်ဇုန်နေရာမှ တောင်ဘက်ကတ္တရာလမ်းအတိုင်း ခရီးနှင်ပါက ပေ ၁၁၅ တွင်ရှိသော ဝိတိုရိယတောင်ထိပ်သို့ရောက်ရှိပြီး ရွှေရောင်ဝင်းလက်နေသော စေတီတော်တစ်ဆူကို ကြည်ညိုစွာ ဖူးမြော်ရမည်ဖြစ်သည်။ တောင်ထိပ်တွင် အေးစိမ့်သော လေထုနှင့်အတူ မြက်ခင်း စိမ်းတော၊ ထင်းရှူးတောနှင့် ကျေးငှက်သံတို့မှာ လွင့်ပျံ့လျက် အာဆီယံ အမွေအနှစ်ဖြစ်သော အမျိုးသားဥယျာဉ်ကြီးမှာ မြန်မာနိုင်ငံ၏ဂုဏ်ဆောင် အမျိုးသားဥယျာဉ်ကြီးမာ လှပတင့်တယ် လျက်ရှိသည်။
Feb 03, 2021
“ကျွန်တော်သည် မြို့ထဲမှပြန်လာ၍ တိုက်ပေါ်သို့ တက်လာသောအခါ ဦးစံရှားမှာ စားပွဲမှာ စာရေးလျက် ရှိသည်ကိုမြင်သည်နှင့် မိုးကာအင်္ကျီကိုချိတ်ထား၍ ပက်လက်ကုလားထိုင်သို့သွားပြီးလျှင် သတင်းစာကို ကောက်ယူဖတ်ရှုနေလေ၏။”
Feb 03, 2021
အချိန်ကား ၁၉၅၃ ခုနှစ် ဇန်နဝါရီလ၊ ငါးပွဲစားများ၏ လက်ဝါးကြီးအုပ် ခြယ်လှယ်မှုကို ဖြေရှင်းရန် အလို့ငှာနှင့် ငါးစားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ဦးတည်၍ ရန်ကုန် မြို့ ကမ်းနား လမ်းရှိ ငါးလက်ကားရောင်းဝယ်ရာဌာနဖြစ်သည့် ရာဇူဒိုင်များအား ငါးစုပေါင်း ရောင်း ဝယ်ရေး သမဝါယမ အသင်းသို့ လွှဲပြောင်းပေးခဲ့သည့် အတိတ်၏ သမဝါယမ ပုံရိပ်က ယနေ့ မျက်မှောက် ခေတ်တွင် ရောင်ပြန်ဟပ် နေသည့်အလား ခံစားနေမိပါသည်။ အခြေခံအင်းအသင်း များသာမက ငါး စုပေါင်းရောင်းဝယ်ရေး သမဝါယမ အသင်းနှင့် တိုက်ရိုက်ဆက်သွယ်သည့် တံငါသည်များ အားလုံးလည်း အကျိုးစီးပွား ဖြစ်ထွန်းခဲ့ကြသလို ငါးဖမ်းသူနှင့် ငါးမွေးမြူသူများသို့ လိုအပ်သော ငါးဖမ်း ကိရိယာ၊ ထုပ်ပိုးပစ္စည်းစသည့် လိုအပ်မှုများအတွက် နိုင်ငံတော်အစိုးရ၏ ငွေကြေးထောက်ပံ့ပေးမှုဖြင့် ငါးစုပေါင်းရောင်းဝယ်ရေး သမဝါယမအသင်းက ပံ့ပိုး ဖြည့်ဆည်းထောက်ပံ့ခဲ့မှုများကြောင့် ငါးဖမ်းသူ တံငါသည်များ ပီတိဖုံးခဲ့သည့် သမိုင်းဖြစ်စဉ်များ တစ်ကျော့ပြန်လည် ဦးမော့လာသည့်သဖွယ် တွေ့မြင် နေရပါသည်။
Feb 02, 2021
ကိုဗစ်-၁၉ ရောဂါကြီးပြီးစီးသွားသည်ဖြစ်စေ၊ မပြီးစီး သေးလျှင်လည်းဖြစ်စေ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံး အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ကို လိုက်နာ၍ စနစ်တကျ ပြန်လည်ဖွင့်လှစ်ရန် စီမံချက်ဖြင့် ပြုလုပ် လျက်ရှိနေပါသည်။ တချို့နိုင်ငံများမှာ ပုံစံသစ် (New Normal) ဖြင့် ပြန်လည်ဖွင့်လှစ်လျက်ရှိနေပါသည်။
Feb 02, 2021
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့သည် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာ့အသံဟုဆိုလျှင် ကလေးလူကြီးကအစ မသိသူမရှိကြပါ။ ရေဒီယိုရှိလျှင် (သို့) ရေဒီယိုမှ ထုတ်လွှင့်ချက်များကို ကြားလိုက်ရလျှင် မြန်မာ့အသံနှင့် ရင်းနှီးပြီးသားဖြစ်နေကြသည်။ သတင်းစာကို နေ့စဉ်မဖတ်ရလျှင် မနေနိုင်သူ အများအပြားရှိသကဲ့သို့ ရေဒီယိုကို တစ်နေ့နားမထောင်ရလျှင် မနေနိုင်သူများ ကျွန်တော်တို့နိုင်ငံတွင် အများအပြားရှိနေကြသည်။ ဤမျှအထိ သောတရှင်များကို စွဲမက်ဖမ်းစားနိုင်သော မြန်မာ့အသံ (ဝါ) ယနေ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လုပ်ငန်းဆောင်တာများကို ပြည့်ပြည့်စုံစုံ သိရှိသူနည်းပါး ကြပါမည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်
Feb 02, 2021
၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံးကို ပြန်ကြည့်ပါက ကမ္ဘာကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေး အစီအစဉ်များနဲ့ ပုံမှန်ထက်ပိုအလုပ်ရှုပ်နေခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
Feb 02, 2021
မနေ့က နံနက်ခင်းတွင် မမျှော်လင့်သော ငယ်ပေါင်းသူငယ်ချင်းနဲ့ လမ်းလျှောက်ရင်း စကားစမြည် ပြောဖြစ်ကြသည်။
Feb 02, 2021
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဖြစ်ပေါ်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ကပ်ရောဂါ၏ အရှိန်ကား မသေသေး။ တစ်ကျော့ပြန်၊ နှစ်ကျော့ပြန် စသည်ဖြင့် စန်းထ၍ ကောင်းဆဲပင်ဖြစ်သည်။ မျိုးရိုးဗီဇကလည်း ပြောင်းလဲကွဲထွက်လျက်ရှိသည်။ ဆေးပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အသိုင်းအဝိုင်းကမူ ကိုဗစ်ကပ်ရောဂါကို ကာကွယ်ကုသရန် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းလျက်ရှိသည်။ လူမှုရေး၊ ပညာရေး၊ စီးပွားရေးနယ်ပယ်တို့ကလည်း ကိုဗစ်-၁၉ နှင့် ယှဉ်တွဲနေထိုင်နိုင်ရေး ကြိုးပမ်းနေကြရသည်။ ယှဉ်တွဲမနေ၍လည်း မရ။ ကပ်ရောဂါကား မည်သည့်အချိန်တွင် အပြီးတိုင်ပပျောက်သွားမည်ကို ခန့်မှန်း၍ မရနိုင်သောကြောင့်ဖြစ်သည်။
Jan 31, 2021
ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တစ်ဦးကိုတစ်ဦး အချင်းချင်း အသိပေး၊ သတိပေးခြင်း မိသားစုစီမံချက်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။