Skip to main content
Aug 17, 2021
လမ်းပန်းဆက်သွယ်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်
တိုက်ကြီးတို-ချောင်းသုံးခွ -အဖျောက်လမ်း (၀/၀-၁၅/၅) မိုင် ကို ၁၉၉၆ ခုနှစ်တွင် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်လမ်းအဖြစ် ရွှေ့ပြောင်းလက်ခံခဲ့ပြီး ယင်းလမ်းသည် ရန်ကုန်-ပြည်လမ်း (၅၅/၂) မိုင်မှ ဝဲဘက်သို့ခွဲထွက်သွား၍ လမ်းအရှည် မှာ (၀/၀) မိုင် ဥတိုရွာမှတစ်ဆင့် လှိုင်မြစ်ကို ဖြတ်ကျော်ကာ (၁၅/၅) မိုင် အဖျောက်မြို့ (ဧရာဝတီ မြစ်ကမ်း) တွင် ဆုံးသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ညွှန်ကြားရေးမှူး(မြို့ပြ) လမ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးက (၁၄/၄) မိုင်မှ (၁၅/၅) မိုင်အထိ ၁ မိုင် ၁ ဖာလုံအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သော လမ်းဖြစ်သည်။
Aug 16, 2021
လောက်ကိုင်ကား ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဖြစ်ချေ၏။ချင်းရွှေဟော်မှ ၂၂ မိုင်ခန့်သွားလျှင် လောက်ကိုင်သို့ရောက်၏။
Aug 16, 2021
ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော်ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည်။ တိုင်းဒေသကြီးတစ်ခုလုံး ၃၉၆၇ ဒသမ ၈၆ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေမှာ ခုနစ်ဆယ့်ရှစ်သိန်းကျော် ရှိသည်။ တိုင်းဒေသကြီးအတွင်း လမ်းပေါင်း ၅၂ လမ်း၊ မိုင်ပေါင်း ၆၂၉ မိုင် ရှိသည်။
Aug 16, 2021
ကိုဗစ်-၁၉ နောက်ပိုင်း ရောဂါလက္ခဏာစုကို ဆေးသိပ္ပံနည်းအရ Post covid syndromeဟု ခေါ်သည်။ ဥပမာ သာမန်တုပ်ကွေးဖြစ်ပြီးနောက် ပြန်ကောင်းသည့်အခါ လူကောင်းပကတိပြန် ဖြစ်သွားသော်လည်း ကိုဗစ်-၁၉ ရောဂါကမူ အကျိုးဆက်များစွာ ရောဂါခံစားရနိုင်ပါသည်။ အထူးသဖြင့် မျိုးကွဲဗိုင်းရပ်စ် အကျိုးဆက်များကြောင့် ရောဂါလက္ခဏာ စုများကို ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါသည်။ လူတချို့က နေပြန်ကောင်းပြီးနောက် သုံးလကြာသည် အထိ ရောဂါလက္ခဏာစုကို ခံစားရပြီး တချို့ကမူ ခြောက်လမှ ကိုးလအထိ ခံစားရဖွယ် တွေ့ရသည်။ ၎င်းကို ရေရှည်ကိုဗစ် (Long Covid) ဟု ခေါ်ပါသည်။ ) " ပျမ်းမျှကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ၏ ၃၃ ရာခိုင်နှုန်း (သို့မဟုတ်)သုံးပုံ တစ်ပုံတွင် နောက်ဆက်တွဲ ရောဂါခံစားရတတ်သည်။ လက္ခဏာအမျိုးအစားပေါင်း ၂၀၀ ကျော်ကျော်ရှိပြီး ၎င်းတို့အနက် အဓိက ဖြစ်ပွားမှုသုံးမျိုးတွေ့ရသည်။ ၎င်းတို့မှာ (က) အနည်းငယ်လှုပ်ရှားရုံဖြင့် မောပန်းခြင်း (သို့မဟုတ်) လှုပ်လှုပ်ရှားရှားမလုပ်ပါဘဲ ထိုင်နေ၊ လှဲနေရင်းဖြင့် မော၍ အသက်ရှူကျပ်လာခြင်း၊ (ခ) မိမိ၏ မှတ်ဉာဏ် ဆိုင်ရာ တည်ငြိမ်မှုမရှိခြင်း (သို့မဟုတ်) တလွဲတချော်ဖြစ်ခြင်း၊ (ဂ) ဦးနှောက်က မောပန်းနွမ်းနယ်ပြီး လုပ်နိုင်ကိုင်နိုင်စွမ်း မရှိတော့ဘဲ ဝေဝါးမှုဖြစ်ခြင်း စသည်တို့ ဖြစ်သည်။
Aug 16, 2021
လူ့ဘဝဆိုသည်က အသက်အရွယ်မရွေး ဘဝ၏အတက်အကျ၊ အနိမ့် အမြင့်၊ အောင်မြင်မှု ကျရှုံးမှုဆိုသည့် လောကများကိုကြုံတွေ့ကြရ၊ ရင်ဆိုင်ကြရ၊ ဖြတ်ကျော်ကြရပါသည်။ ဘ၀တစ်ခု အား အတက်အကျ၊ အနိမ့်အမြင့် လှိုင်းတံပိုးများအောက်တွင် ရှင်သန်ရပ်တည်ရေး ကြိုးစားအား ထုတ်ရသည်မှာ ဘဝ၏အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်ပါသည်။ ထိုသို့ရင်ဆိုင်ဖြတ်ကျော်ကြရာ တွင် အခက်အခဲများကို တည်ငြိမ်စွာ ရင်ဆိုင်ဖြတ်ကျော်နိုင်ရန်နှင့်အောင်မြင်သောဘဝတစ်ခု တည်ဆောက်ရန်ဆိုပါက ရေစုန်မျှောလိုသည့် စိတ်သဘောထားများကို ရှောင်ရှားကြရမည် ဖြစ်သည်။​ေ
Aug 16, 2021
ကမ္ဘာကျော် သည်အီကော်နောမစ် မဂ္ဂဇင်းကြီး၏ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် နိုင်ငံရေး သုတေသီဆောင်းပါးရှင် Jame Suiter ရေးသားသည့် Post-truth Politics ဆောင်းပါးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ မဲဆွယ်စဉ်က လူထုကြား၌ “ဟာခနဲ ဟင်ခနဲ” ဖြစ်သွားစေသည့် စကားလုံးများကို ပစ်သွင်းခဲ့ သည်။ ဥပမာ - အိုဘားမား၏ မွေးစာရင်းမှာ အတုကြီး၊ အိုဘားမားသည် IS အကြမ်းဖက်အဖွဲ့ကို မွေးဖွားပေးခဲ့သူ၊ အမေရိကန်ဒုက္ခရောက်နေ သည်မှာ ယခင်သမ္မတများ၏လုပ်ရပ်ကြောင့်ဟုသော သမ္မတ လောင်း ထရမ့်၏ ဟာခနဲ၊ ဟင်ခနဲပြောလုံးများသည် မဲဆန္ဒရှင်ပြည်သူများအတွက် ( သို့လော သို့လောနှင့် စိတ်ဝင်စားစရာဖြစ်အောင် လှည့်ဖြားနိုင်ခဲ့သည်။
Aug 15, 2021
ယခုကာလအတွင်း လူမှုကွန်ရက်နှင့် အချို့သတင်းမီဒီယာများတွင် ပျံ့နှံ့နေသည့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းများကိုဖတ်လိုက်ရသည်။ သတင်းအရေအတွက် များသည့်တိုင် သတင်းအချက်အလက်မှာ တစ်ခုတည်းဟု ဆိုရမည်ဖြစ်သည်။ စက်တင်ဘာလတွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ခေတ္တထိန်းသိမ်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းသည့် အိမ်စောင့်အစိုးရ၏ကိုယ်စားလှယ်နှင့် နိုင်ငံကို Fail State သို့ရောက်ရှိအောင် လုပ်ဆောင်မှုများကြောင့် အကြမ်းဖက်အဖွဲ့ အဖြစ်သတ်မှတ်ကြေညာခြင်းခံထားသော NUG အဖွဲ့ ကိုယ်စားလှယ် မည်သည့်ကိုယ်စားလှယ်ကို အသိအမှတ်ပြု၍ အစည်းအဝေး တက်ရောက်စေမည်နည်းဟု အမေးစကားဖြင့် သတင်းမျိုးစုံကို တွေ့ရသည်။ UN က မည်သည့်ကိုယ်စားလှယ်ကို အသိအမှတ်ပြုမည်နည်း။ တစ်ဖက်က တရားဝင် အစိုးရကိုယ်စားလှယ်၊ တစ်ဖက်က ပြည်ပြေးမတရားအသင်းအစိုးရကိုယ်စားလှယ်၊ ဆုံးဖြတ်မည်က နိုင်ငံတကာအရေးမျက်နှာမလိုက်၊ နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့် ပဋိညာဉ်ကိုလက်ကိုင်ထားသော ကမ္ဘာ့ကုလသမဂ္ဂ တစ်နည်းဆိုရသော် တရားမျှတသော အဖွဲ့အစည်းဟူသည့် ဂုဏ်ဒြပ်ဖြင့်ပြည့်စုံသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စိတ်ဝင်စားစရာကောင်းလှ၏။
Aug 15, 2021
ဘဝ ရည်မှန်းချက်ပန်းတိုင် ပေါ်လာ၏။ ငါသည် တက္ကသိုလ်ဆရာ ဘ၀ဖြင့်ကြီးပွား တိုးတက်အောင်မြင်အောင် ဆောင်ရွက်တော့အံ့ ဟု စိတ်ကို ဆုံးဖြတ်ကာ လခ ၃၀၀ စား နည်းပြဆရာအဖြစ် ပထမဆုံးသော ခြေလှမ်းကို စတင်လိုက်၏။ ထို အချိန်မှစ၍ စိတ်ပညာတွင် အထွတ် အထိပ်ရောက်ရေးအတွက် ဉာဏ်၊ ဝီရိယတို့ကို အစွမ်းကုန်ထုတ်၍ သုံးစွဲ ခဲ့၏။ ကံကလည်း လိုက်သောကြောင့် နိုင်ငံခြား ပညာတော်သင်အဖြစ် အရွေးခံခဲ့ရ၏။ ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ၊ လုံ့လ အကူအညီဖြင့် ပါရဂူဘွဲ့ရခဲ့၏။ ဤကား စာရေးသူ၏ ကိုယ်တွေ့ ပထမခြေလှမ်း ဇာတ်လမ်း ပင်တည်း”ဟုဖော်ပြထားရာ ဆရာကြီး၏ ဇွဲ၊ လုံ့လ၊ ဝီရိယရှိပုံများကို လေးစားအတုယူဖွယ် သိရှိရပါသည်။
Aug 15, 2021
မြစ်ဝကျွန်းပေါ်ဒေသ၏ မိုးသည်အဆက် မပြတ်တော့ချေ။ ဗမာပြည် ကွန်မြူနစ်ပါတီ မြောင်းမြခရိုင်ကော်မတီသည် လပွတ္တာမြို့နယ်၏ အရှေ့တောင်ဘက်တွင်ရှိသော ကကရံ ကြိုးဝိုင်းမှ လမုအုပ်တောတွင် အခြေစိုက်ထားသည်။
Aug 15, 2021
၁
အခုချိန်မှာ ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်၁၉ကပ်ရောဂါဘေးကို တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့အချိန်မှာ ဆေးပညာရှင်တွေနဲ့ လူထုကို စိုးရိမ်လာစေတာက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းလဲမှုပဲ။ ဒီရောဂါကို စဖြစ်စေခဲ့တဲ့ ဝူဟန်မြို့မှ ဗိုင်းရပ်စ်ကနေပြီး မျိုးကွဲတွေများစွာ ပေါ်ထွက်လာခဲ့ရာ အခုအချိန်မှာ ကူးစက်မှုအမြန်ဆုံးနဲ့ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာစေတဲ့ မျိုးကွဲကတော့ ဒယ်လ်တာ (Delta) မျိုးစိတ်ဖြစ်လာတယ်။ ဒီနောက်မှာတော့ လမ်(ဘ်)ဒါ (Lambda) မျိုးစိတ်က စိုးရိမ်ဖွယ်ရာ ကူးစက်မှုအခြေအနေကို ဖြစ်လာစေတယ်။