Feb 05, 2023

ယဉ်ကျေးမှုဆိုသည်မှာ အတိတ်မှအမွေအနှစ်၊ ပစ္စုပ္ပန်၏ အထိန်းအကွပ်၊ အနာဂတ်အတွက် အင်အားဟူ၍ ဆိုရိုးစကားရှိပေသည်။ ယဉ်ကျေးမှုကိစ္စအဝဝကို ထူထောင်နိုင်ရန်အတွက် မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ထုံးတမ်းများသည်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ရှေးမြန်မာမင်းများလက်ထက်က ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် တင့်တယ်ဝင့်ကြွားစွာနေထိုင်ခဲ့ကြသည်နှင့်အညီ မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ထုံးတမ်းများကိုလည်း ဆယ့်နှစ် လရာသီပွဲတော်အလိုက် ပြုလုပ်ကျင်းပခဲ့ကြသည်။
Feb 05, 2023

တန်ဖိုး (Value) ဟူသည့် စကားလုံးတစ်ခုအပေါ် သင်မည်သို့နားလည်ပါသနည်း။ “တန်ဖိုးရှိတယ်၊ တန်ဖိုးမဲ့တယ်၊ တန်ဖိုးဖြတ်တယ်၊ တန်ဖိုးထားတယ်” မတူညီသည့်တန်ဖိုးများ စသည်ဖြင့် အမျိုးမျိုးသုံးနှုန်းဖူးကြသလို ဖွင့်ဆိုချက်လည်း အမျိုးမျိုးရှိကြသည်။ ဘ၀တန်ဖိုး၊ လူ့တန်ဖိုး၊ စည်းကမ်းတန်ဖိုး၊ လွတ်လပ်ရေး၏တန်ဖိုး၊ ငြိမ်းချမ်းခြင်း၏တန်ဖိုး၊ ဝန်ဆောင်မှုတန်ဖိုးဟူ၍လည်း အမျိုးမျိုးသုံးစွဲကြလိမ့်မည်။
Feb 04, 2023

၁၈၇၅ ခုနှစ်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ ရုရှားလူမျိုးမစ္စတာဂျီ နဲနူကောဗ့် (Mr. G.Neniukov)အား မြန်မာ-ရုရှား ဆက်ဆံရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ချဉ်းကပ်ခဲ့သည်။ ၎င်း၏ အရှေ့တိုင်းခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီးများကိုသွားရောက် လည်ပတ်ခဲ့ပြီးနောက် ၁၈၇၅ ခုနှစ် အစောပိုင်းတွင် မန္တလေးမြို့ရှိ အင်္ဂလိပ် ကိုယ်စားလှယ် ကပ္ပတိန်စထရိုဗာ (Captain Strover)ထံ ရောက်ရှိလာခဲ့သည်။ အင်္ဂလိပ်ကိုယ်စားလှယ်၏ အိမ်တွင်သာတည်းခိုခဲ့ပြီး မင်းတုန်းမင်း ရှေ့တော်သို့လည်း ဝင်ခဲ့သည်။
Feb 03, 2023

၁၈၇၅ ခုနှစ်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ ရုရှားလူမျိုးမစ္စတာဂျီနဲနူကောဗ့် (Mr. G.Neniukov) အား မြန်မာ- ရုရှား ဆက်ဆံရေး အကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ချဉ်းကပ်ခဲ့သည်။ ၎င်း၏ အရှေ့တိုင်းခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီးများကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် ၁၈၇၅ ခုနှစ် အစောပိုင်းတွင် မန္တလေးမြို့ရှိ အင်္ဂလိပ်ကိုယ်စားလှယ် ကပ္ပတိန်စထရိုဗာ (Captain Strover)ထံ ရောက်ရှိလာခဲ့သည်။ အင်္ဂလိပ်ကိုယ်စားလှယ်၏ အိမ်တွင်သာတည်းခိုခဲ့ပြီး မင်းတုန်းမင်းရှေ့တော်သို့လည်း ဝင်ခဲ့သည်။
Feb 02, 2023
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပထဝီတည်နေရာ အနေအထားအရ မိုင်ပေါင်း ၄၀၀၀ ကျော် ဝေးကွာသော်လည်း ယနေ့လက်ရှိကာလတွင် နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ မိတ်ဆွေရင်း မက၊ ညီရင်းအစ်ကိုပမာ စိတ်ချင်း၊ နှလုံးသားချင်း ဆက်နွှယ်ရစ်ပတ်လျက် ရှိသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ သံတမန်ဆက်ဆံရေး စတင်ခဲ့ရာ ယခုနှစ်တွင် ၇၅ နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး စိန်ရတုအချိန်ကာလနှင့် တိုက်ဆိုင်စွာပင် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းတစ်လျှောက် အထွန်းလင်းအတောက်ပဆုံး အချိန်ကာလပင်ဖြစ်သည်။ မူလရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် သိသာထင်ရှားစွာ တိုးတက် လာခဲ့ပေသည်။
Feb 01, 2023

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ နိုင်ငံကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။
Jan 30, 2023

ဩစတြီးယားသမ္မတနိုင်ငံသည် ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ လစ်ချ်တင်စတိန်း၊ ဆလိုဗား ကီးယား၊ ဆိုဗေးနီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အရှေ့အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ ၈၃၈၇၈ စတုရန်းကီလိုမီတာ (၃၂၃၈၅ စတုရန်းမိုင်) ကျယ်ဝန်းပြီး လူဦးရေ ၈ ဒသမ ၉၅ သန်းခန့်ရှိသည်။ ဩစတြီးယားသည် ပါလီမန်ဒီမို ကရေစီနိုင်ငံဖြစ်သည်။ ဩစတြီးယားနိုင်ငံ၏ မြို့တော် ဗီယင်နာ (Vienna)သည် လူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိသော အကြီးဆုံးမြို့တော်ဖြစ်သည်။
Jan 30, 2023

နိမ့်ပါးနေသည့် ကိုယ့်နိုင်ငံကို ပြန်လည်တွန်းတင်ပေးနိုင်သူ၊ ပြန်လည်နိုးထစေသူ၊ ခွန်အားသစ်များပြန်လည်မွေးဖွားပေးနိုင်သူ စသည်ဖြင့် ကမ္ဘာ့ခေါင်းဆောင်များစွာ ရှိကြပေမည်။
Jan 30, 2023

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ (ယခင်ဆိုဗီယက်ပြည်ထောင်စု)တို့အကြား ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က သံတမန်ဆက်ဆံရေးကို စတင်ခဲ့ သည့်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် (၇၅)နှစ် တင်းတင်းပြည့်မြောက်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံမိတ်ဖက် သံတမန်ဆက်ဆံရေးသည် စိန်ရတုပင်တိုင်ခဲ့ချေပြီ။
Jan 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “ကျောင်းနေရွယ်ကလေးတိုင်း (KG + 9) အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” မကြာခဏ လမ်းညွှန်မှာကြားလေ့ရှိပါသည်။