Feb 12, 2023

ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အသီးကိုစားရ မည်၊ ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အပွင့်ကို ပန်ရမည်ဟူသောအသိဖြင့် အသီးစားလိုသူက သီးပင်စိုက်သလို အပွင့်ပန်လိုသူက ပန်းပင်စိုက်ကြ သည်။ မသီးမပွင့်သော်လည်း ကြီးမားသောအရိပ်၊ အေးမြသောအရိပ်ကိုပေးသည့်အပင်ကို အရိပ်ခို လိုသူတို့ စိုက်ကြသည်။
ထိုနည်းတူစွာ တိုင်းပြည်အခြေအနေ အရပ်ရပ် အတွက် အမြော်အမြင်ကြီးစွာဖြင့် ပြည်သူပြည်သား တို့ အရိပ်လည်းခိုစေ၊ အသီးလည်းစားစေ၊ အပွင့် လည်းပန်နိုင်စေရန် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားကို စုစည်းကာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဟူသည့်အပင်ကြီးကို စိုက်ခဲ့ခြင်းဖြစ်ပါသည်။
Feb 12, 2023

ကျွန်တော်တို့ ဒီလိုလွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ဘိုးဘေး ဘီဘင်တို့ဟာ ပင်လုံမြေမှာ စုစည်းနိုင်ခဲ့ကြတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ဟာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ရာ တိုင်းရင်းသား လူမျိုးရှစ်မျိုး မျိုးနွယ်စုပေါင်း ၁၃၀ ကျော်တို့ ပျော်ရွှင်ရတဲ့နေ့၊ အေးအတူပူအမျှ အတူတကွနေကြမယ်၊ တို့တိုင်းရင်းသားအပေါင်း သာယာဝပြောအောင်၊ ကျန်းမာအောင် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားဖို့ ဆိုတဲ့နေ့ ဖြစ်ပါတယ်။
Feb 11, 2023

၂၀၂၂ ခုနှစ်ကို တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၏ စုစည်းညီညွတ်မှုအင်အားဖြင့် ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယကိုလည်း ခမ်းနားထည်ဝါစွာဖြင့် ဂုဏ်ယူဖွယ်အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ။ ၂၀၂၃ ခုနှစ် ပြည်ထောင်စုနေ့ အခါသမယတွင်လည်း စည်းလုံးညီညွတ်မှု အားမာန်များကို ပြသကြရပါဦးမည်။
Feb 10, 2023

ဤအပင်ကိုစိုက်လျှင် ဤအပင်မှအသီးကိုစားရမည်၊ ဤအပင်ကိုစိုက်လျှင် ဤအပင်မှအပွင့်ကိုပန်ရမည်ဟူသောအသိဖြင့် အသီးစားလိုသူက သီးပင်စိုက်သလို အပွင့်ပန်လိုသူက ပန်းပင်စိုက်ကြသည်။ မသီးမပွင့်သော်လည်း ကြီးမားသောအရိပ်၊ အေးမြသောအရိပ်ကိုပေးသည့် အပင်ကို အရိပ်ခိုလိုသူတို့ စိုက်ကြသည်။
Feb 08, 2023

မြန်မာနိုင်ငံတော်ကြီး ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရာတွင် “ပြည်ထောင်စုနေ့” သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်သည်။ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစ၍ ပြည်ထောင်စုအလံတော်ကို လွှင့်ထူခဲ့ကြသည်မှာ ယခုဆိုလျှင် ၇၆ နှစ် တိုင်ခဲ့လေပြီ။
Feb 08, 2023

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် “ပင်လုံသစ္စာလမ်း” သာ ဖောက်လုပ်နိုင်ခြင်းမရှိခဲ့လျှင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့သည် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်လာနိုင်ပါ့မလားဟု မြင်ပါသည်။ လွတ်လပ်ရေးမုခ်ဦးကြီးဆီအရောက် ချီတက်နိုင်ဖို့ ပင်လုံမှာ ပြည်ထောင်စုသစ္စာလမ်းမကြီးကို အရင်ဖောက်ခဲ့ရသည်။ ထိုလမ်းကို ရှေးပဝေသဏီကတည်းက သည်မြေမှာနေ၊ သည်ရေကိုအတူသောက်ပြီး ကြီးပြင်းရှင်သန်လာခဲ့သည့် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို သွေးချင်းစိတ်ထားအရင်းခံကာ သံသယကင်းသည့် အပြန်အလှန် ယုံကြည်မှုလေးစားမှုတို့ဖြင့် နောက်မျိုးဆက်များအတွက် လွတ်လပ်ရေးအမွေပေးရန် ခင်းခဲ့ကြခြင်းဖြစ်ပေသည်။
Feb 07, 2023

မြန်မာနိုင်ငံတော်ကြီး ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက်ကြိုးပမ်းကြရာတွင် “ပြည်ထောင်စုနေ့”သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်ပါသည်။ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံသွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီ ၁၂ ရက်ကစ၍ ပြည်ထောင်စုအလံတော်ကို လွှင့်ထူခဲ့ကြသည်မှာ ယခုဆိုလျှင် ၇၆ နှစ်တိုင်ခဲ့လေပြီ။
Feb 06, 2023

ကျွန်တော်တို့ သွေးချင်းတို့မြေ ပြည်ထောင်စုကြီး လွတ်လပ်ရေးရခဲ့တာ ၇၅ နှစ်ရှိပြီ။ ဒီလိုလွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ဘိုးဘေးဘီဘင်တို့ဟာ ပင်လုံမြေမှာ စုစည်းနိုင်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ရာ တိုင်းရင်းသားလူမျိုး ရှစ်မျိုး၊ မျိုးနွယ်စုပေါင်း ၁၃၀ ကျော်တို့ ပျော်ရွှင်ရတဲ့နေ့၊ အေးအတူပူအမျှ အတူတကွနေကြမယ်တို့၊ တိုင်းရင်းသားအပေါင်း သာယာဝပြောအောင်၊ ကျန်းမာအောင် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားဖို့ဆိုတဲ့နေ့လို့ပြောရပါမယ်။
Feb 06, 2023

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိသည်။ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည်လည်း နိုင်ငံ၊ ဒေသနှင့် နယ်ပယ်အလိုက် လုပ်ဆောင်ချက်နှင့် ယူဆချက်အပေါ်မူတည်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍအသီးသီးတို့တွင် နယ်ပယ်အလိုက် အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးရှိပြီး လုပ်ပိုင်ခွင့် အာဏာရှိသူအဆင့်တွင် ဖြစ်ပွားသော အဂတိလိုက်စားမှုတွင် အကြီးစား အဂတိလိုက်စားမှု၊ နေ့စဉ်အုပ်ချုပ်ရေးလုပ်ငန်းများတွင် ဖြစ်ပွားလေ့ရှိပြီး ပမာဏအနည်းငယ်သော တံစိုးလက်ဆောင်နှင့် ငွေကြေးပေးခြင်း/ ယူခြင်း ကိစ္စရပ်အတွက် အသေးစားအဂတိလိုက်စားမှုဟူ၍ သတ်မှတ်ကြသည်။ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ အများပြည်သူက လာဘ်ပေးခြင်း၊ ငွေကြေး သို့မဟုတ် တံစိုးလက်ဆောင်ပေးခြင်းဟုသာ နားလည်ကြသည်။
Feb 06, 2023

ဖေဖော်ဝါရီလ ၇ ရက်သည် ရှမ်းပြည်နယ်နေ့ဖြစ်သည်။ ဤနေ့သို့ရောက်လေတိုင်း ရှမ်းတိုင်းရင်းသားတို့ အနေဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပင်လုံညီလာခံကို အမှတ်ရကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပင်လုံညီလာခံကြီးသည် ရှမ်းပြည်နယ်နေ့ကို မွေးဖွားပေးလိုက်သည့် အပြင် တိုင်းရင်းသား သွေးစည်းညီညွတ်မှု၏ရလဒ်ဖြစ်သော ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။