Feb 26, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ် မဲပေးစက် (Electronic Voting Machine – EVM) ကို အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါ သည်။ သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲလက်မှတ်အသုံးပြုရန်မလိုဘဲ မဲပေး နိုင်တော့မည် ဖြစ်ပါသည်။
Feb 25, 2023

မြန်မာနိုင်ငံအနေဖြင့် သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်နှင့် ဆိုရှယ်လစ်ခေတ်ဟူ၍ ခေတ်ကြီးငါးခေတ်၏ ကုန်လုပ်ဆက်ဆံရေးသမိုင်းကို ဆန်းစစ်လေ့လာသုံးသပ်ကြည့်ပါက ကျွန်ပိုင်ရှင်ခေတ်တွင် “ကုန်သည်” ဟူသော လူတန်းစားစတင်ပေါ်ပေါက်နေပြီကို သိနိုင်ပါသည်။ ဗုဒ္ဓဝင်ရာဇဝင်များနှင့် အခိုင်အမာ၊ အခံ့အထည်စာကမ္ပည်းတင်ထားသော သမိုင်းမှတ်တမ်းများတွင်လည်း “ကုန်သည်များ” ၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်။
Feb 24, 2023

ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်းမှာ ကျောင်းကားတစ်စီးကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH ၊ NUG တို့ရဲ့လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ ကျောင်းသူတစ်ဦးသေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရရှိသွားတဲ့သတင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကြားသိ ခဲ့ရပါတယ်။
Feb 23, 2023
ဝတ်မှုန်ကူးခြင်းသည် သတ္တလောကနှင့် သဘာဝဂေဟစနစ်အတွက် အရေးကြီးသောလုပ်ငန်းစဉ် တစ်ခုဖြစ်သောကြောင့် စားနပ်ရိက္ခာဖူလုံမှုအတွက် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် လည်းကောင်း၊ ဂေဟစနစ်များထိန်းသိမ်းရာတွင်လည်းကောင်း၊ ဝတ်မှုန်ကူးခြင်း လုပ်ငန်းစဉ်တွင် ပါဝင်သော ဝတ်မှုန်ကူးအင်းဆက် များ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန် လိုအပ်ပါသည်။
Feb 23, 2023

ဟုမ္မလင်းခရိုင်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင်တည်ရှိ၍ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် တည်ရှိသည်။ ဟုမ္မလင်းခရိုင်သည် အရှေ့မှအနောက်သို့ ၈၆ မိုင် ရှိပြီး တောင်မှမြောက်သို့ ၈၄ မိုင် ရှည်လျားကာ ၄၃၂၆ ဒသမ ၄၄၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ တောင်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ အနောက်ဘက်တွင် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။
Feb 22, 2023

ယနေ့ကမ္ဘာတွင် နည်းပညာမြင့်မားလာမှု၊ လူနေမှုအဆင့်အတန်းနှင့်နေထိုင်မှုပုံစံများ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ ပလတ်စတစ်သည် လူသားတို့၏ နေ့စဉ်ဘဝတွင်မရှိမဖြစ် အခြေခံလိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ပလတ်စတစ်ထုတ်ကုန်များကို ပိုမိုထုတ်လုပ်သုံးစွဲလာကြသည့်အတွက် ပလတ်စတစ်ညစ်ညမ်းမှုသည် အရေးတကြီးဖြေရှင်းဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာပါသည်။
Feb 21, 2023

နိုင်ငံရေးပါတီဆိုသည်မှာ “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ် အပေါ်တွင်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်က တည်ထောင်ခွင့်ပြုထားသောအဖွဲ့အစည်း”ကို ဆိုသည်။
Feb 21, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ တည်ထား ကိုးကွယ်ဖို့ ဆောင်ရွက်လျက်ရှိတဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရဲ့ ဆင်းတုတော်ကို အပိုင်းလိုက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော် ခြင်း မဟာမင်္ဂလာမြင်ကွင်းတွေကို ဖူးမြင်ရတာ ဝမ်းမြောက်ကြည်နူးစရာဖြစ်ရသလို ထေရဝါဒ ဗုဒ္ဓဘာသာဦးဆောင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အတွက်လည်း ဂုဏ်ယူစရာ ဖြစ်ရတယ်။
Feb 20, 2023

နာရီ၊ မိနစ်၊ စက္ကန့်တို့ဖြင့်ဖွဲ့စည်းထားသည့် အချိန်ကာလယန္တရားသည် တဖြည်းဖြည်းရွေ့ လျားနေသည်နှင့်အမျှ ဆောင်းကာလလွန်မြောက်၍ နွေကာလသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ တစ်ရက်နှင့်တစ်ရက် အအေးဓာတ်က သိသိသာသာ လျော့ပါးကာ နွေရက်များနှင့် တူလာသည်။ နွေဦးလေရူးနှင့်အတူ ရွက်ဟောင်းများကြွေကြသည်။ နွေကာလတွင် ရွက်ဟောင်းကြွေကျမြေခရသည်မှာ လောကသဘာဝဖြစ်သော်လည်း မြေဆီလွှာတွင် ရေဓာတ်ခန်းခြောက်သဖြင့် ရွက်သစ်မဝေနိုင်ဘဲ သွေ့ခြောက်သွားခဲ့ရသည့် သစ်ပင်တို့မှာ အများအပြား။