Feb 20, 2023

နိုင်ငံရေးပါတီဆိုသည်မှာ “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရား တစ်ရပ်အပေါ်တွင်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်က တည်ထောင်ခွင့်ပြုထားသော အဖွဲ့အစည်း”ကို ဆိုသည်။
Feb 19, 2023

သတင်းနဲ့နည်းပညာခေတ်ကြီးမှာ အွန်လိုင်းမီဒီယာနဲ့ လူမှုကွန်ရက်တွေဆိုတာက ရှောင်လွှဲလို့မရတော့ပါဘူး။ အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ လူတိုင်းရဲ့ နေ့စဉ်ဘဝတွေမှာ ကြီးကြီးမားမားပါဝင်နေကြပါတယ်။ လူတိုင်းရဲ့လိုအပ်ချက်တွေကို အင်တာနက်နဲ့ လူမှုကွန်ရက်တွေက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အထောက်အကူပြုပေးနေတာမို့ ပိုပြီးလည်း အသုံးများလာပါတယ်။ တချို့သူတွေအတွက်ဆို အင်တာနက်ဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုကို ဖြစ်နေပါပြီ။ အင်တာနက်တွေ အရင်ကထက်မြန်ဆန်လာတာ၊ နည်းပညာပစ္စည်းတွေ အချိန်နဲ့အမျှ တိုးတက်လာတာတွေကြောင့်လည်း လူတွေဟာ နည်းပညာတွေအပေါ် ပိုပြီးအားကိုးနေရပါတယ်။
Feb 18, 2023

သတင်းနဲ့ နည်းပညာခေတ်ကြီးမှာ အွန်လိုင်းမီဒီယာနဲ့ လူမှုကွန်ရက်တွေဆိုတာက ရှောင်လွှဲလို့မရတော့ပါဘူး။ အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ လူတိုင်းရဲ့နေ့စဉ်ဘဝတွေမှာ ကြီးကြီးမားမား ပါဝင်နေကြပါတယ်။ လူတိုင်းရဲ့လိုအပ်ချက်တွေကို အင်တာနက်နဲ့ လူမှုကွန်ရက်တွေက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အထောက်အကူပြုပေးနေတာမို့ပိုပြီးလည်းအသုံးများလာပါတယ်။ တချို့သူတွေအတွက်ဆို အင်တာနက်ဟာမရှိမဖြစ်လိုအပ်ချက်တစ်ခုကိုဖြစ်နေပါပြီ။ အင်တာနက်တွေ အရင်ကထက်မြန်ဆန်လာတာ၊ နည်းပညာပစ္စည်းတွေ အချိန်နဲ့အမျှ တိုးတက်လာတာတွေကြောင့်လည်း လူတွေဟာ နည်းပညာတွေအပေါ် ပိုပြီးအားကိုးနေရပါတယ်။
Feb 17, 2023

နွေကံ့ကော်(မြို့လှ)
သူတို့အခေါ် ရပ်ဆီးယား ကျွန်တော်တို့အခေါ် ရုရှား။
သူတို့အခေါ် မာ့စ်ကဗား ကျွန်တော်တို့အခေါ် မော်စကို။
ဘဝရဲ့အမှတ်တရအရှိဆုံးထဲက အမှတ်တရ တစ်ခုကို ရွေးထုတ်ပြပါဆိုလျှင် ရုရှားနိုင်ငံ၌ ပညာသင်ခဲ့ဖူးသည့် အချိန်ကာလကို ညွှန်ပြရမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ ၂၀၁၂ ခုနှစ် ဇူလိုင်လဆန်းပိုင်းအထိ ရုရှားနိုင်ငံ မော်စကို မြို့တွင်ရှိသော မော်စကို မီးရထားတက္ကသိုလ်၌ ကျွန်တော်အပါအဝင် အခြားသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ ယနေ့ဆိုလျှင် ရုရှားမှ ပြန်လာခဲ့သည်မှာ ၁၁ နှစ်ကျော်ခဲ့ပြီဖြစ်၏။ ပြန်တွေးကြည့်လျှင် အိပ်မက်တစ်ခုနှယ်ပင် ရှိနေသေး၏။
Feb 17, 2023

ခရီးသွားလုပ်ငန်းသည် ခရီးသွားဧည့်သည်များ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်ရေးသာမက ခရီးစဉ်ကာလအတွင်း ၎င်းတို့၏ နေထိုင်စားသောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရေး၊ ဘေးကင်းလုံခြုံရေးနှင့် စိတ်ချမ်းမြေ့သာယာရေး၊ အတွေ့အကြုံသစ်များနှင့် နိုင်ငံကိုယ်စားပြု အမှတ်တရပစ္စည်းများ ဖန်တီးရေးတို့ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရသဖြင့် လုပ်ငန်းကဏ္ဍ ကျယ်ပြန့်များပြားသည့်နည်းတူ မိမိတို့၏သဘာဝရှိရင်းစွဲအရင်းအမြစ်များကို အခြေခံ၍ နိုင်ငံခြားငွေ အမြောက်အမြားကို ရှာဖွေပေးနိုင်သည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ များသည် အလွှာပေါင်းစုံသို့ စီးဝင်သက်ရောက်မှု ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။
Feb 16, 2023

မြန်မာ - ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး တစ်လအကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလကတည်းကပင် စတင်ခဲ့သည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် နေ့တွင် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေးသည် (၇၅) နှစ်မြောက် စိန်ရတုသို့တိုင် ရောက်ရှိလာတော့မည်ဖြစ်သည်။
Feb 15, 2023

မြန်မာ - ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး တစ်လအကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလကတည်းကပင် စတင်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြန်မာ - ရုရှား သံတမန် ဆက်ဆံရေးသည် (၇၅) နှစ်မြောက် စိန်ရတုသို့တိုင် ရောက်ရှိလာတော့မည် ဖြစ်ပါသည်။
Feb 14, 2023

စာပေနယ်၊ စာနယ်ဇင်းနယ်တွင် အချိန်ပြည့်လုပ်ကိုင်နေသောကာလ၌ ပြည်ပသို့သွားရောက် လေ့လာခွင့်၊ ပါဝင်တက်ရောက်ခွင့်များရရှိခဲ့သည်။ ကျွန်တော်၏ ပထမဆုံးသော ပြည်ပခရီးစဉ်မှာ ၁၉၅၈ ခုနှစ် အောက်တိုဘာလအတွင်း ဆိုဗီယက်ပြည်ထောင်စု(ရုရှား)၌ ပထမဆုံးအကြိမ်ကျင်းပသော အာရှ-အာဖရိက စာရေးဆရာများညီလာခံသို့ တက်ရောက်ရသော ခရီးဖြစ်သည်။
Feb 13, 2023

မဲနယ်တောင်တန်းကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း၌ တည်ရှိပေသည်။ ရှမ်းပြည်နယ်တွင် မဲနယ်တောင်ကို မသိသူအလွန်ရှားသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမှ ကယားပြည်နယ် လွိုင်ကော်သို့ကားဖြင့် ခရီးသွားတိုင်း အမြဲတမ်းလိုလို ဟိုပုံး-နမ့်ခုတ်-နောင်မွန်- ဘန်းယဉ်- ဆိုက်ခေါင်- ဆီဆိုင် အစရှိသော မြို့ရွာများကို ဖြတ်သန်းမောင်းနှင်လျက် ညို့ညို့မှိုင်းမှိုင်း မဲနယ်တောင်တန်းကြီးကို လှမ်းငေးမော၍ ကြည့်ရှုခဲ့ရပါသည်။ မဲနယ်တောင်တန်းကား တောင်စဉ်အထပ်ထပ် လျှိုမြောင်အသွယ်သွယ်တို့ဖြင့် စိမ်းလန်းစိုပြည်လှပနေပေ၏။
Feb 13, 2023

စက်ရုံထဲသို့ ဝင်လိုက်သည်နှင့် ထောပတ်ရနံ့မွှေးမွှေးက ဆီးကြိုနှုတ်ဆက်လေသည်။ ရှေ့ဆက်လက်လျှောက်လိုက်သော် စက်ကြီးများဖြင့် တစ်နာရီလျှင် နှစ်တန်ခန့်ထုတ်လုပ်နေသည့် ဘီစကစ်များက စက်ပေါ်တွင် အတန်းလိုက်ထုပ်ပိုးမည့်နေရာသို့ ရွေ့လျားနေကြသည်။