Jan 09, 2023

ကမ္ဘာတစ်ဝန်းရှိ ဒေသများအားလုံးသည် ၁၉၉ဝ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြား ပျမ်းမျှအားဖြင့် လူသားဖွံ့ဖြိုးမှုတိုးတက်လာသော်လည်း လူဦးရေ ၁ ဒသမ ၅ ဘီလီယံနီးပါးတို့မှာ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းတို့တွင် နိမ့်ကျနေခြင်းနှင့်အတူ ဆင်းရဲနွမ်းပါးမှုအခြေအနေ အမျိုးမျိုးအောက်တွင် နေထိုင်ကြရသည်။
Jan 09, 2023

အကျပ်အတည်းတွေ၊ ဒုက္ခတွေ၊ အနိဋ္ဌာရုံတွေ၊ ဖိစီးမှုတွေ၊ သံသယတွေ၊ မလုံခြုံမှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေ၊ သောကတွေနဲ့ ကမ္ဘာကြီးက မငြိမ်းချမ်း။ မငြိမ်းချမ်းမှုရဲ့ မူလအစက ရောဂါကပ်၊ နေရာအနှံ့မှာဖြစ်နေတဲ့ ကန့်သတ်စစ်။ ရောဂါနဲ့စစ်ပွဲနဲ့ပေါင်းမိတော့ စီးပွားပျက်။ စီးပွားကပ်ရဲ့အကျိုးဆက်က ဆင်းရဲမှုနဲ့အငတ်ဘေး။ အလှုပ်အယမ်းကြမ်းလွန်းတဲ့ ဗဟိဒ္ဓကမ္ဘာကြီးက အနေအထားအရ ငြိမ်းချမ်းဖို့လမ်းစ တော်တော်နဲ့မမြင်၊ မိမိအဇ္ဈတ္တအတွင်းသဏ္ဌာန်မှာ ငြိမ်းချမ်းဖို့သာအဓိကဖြစ်လာတဲ့အခါ မိမိစိတ်လေးငြိမ်းချမ်းမှုရဲ့ လမ်းစကိုသာ ရှာနေမိတော့တယ်။ တစ်ကျော့ပြန်ကိုဗစ်နဲ့ မုန်တိုင်းနှင်းထူကြားမှာ နောက်ထပ် မမြင်ချင်၊ မကြားချင်လောက်တဲ့ အနိဋ္ဌာရုံတွေကို စိတ်မချမ်းမသာဖြစ်နေသူတွေ၊ အလွန်အကျွံတွေးနေမိသူတွေ၊ စိတ်ဓာတ်ကျနေသူတွေအတွက်....
Jan 03, 2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ပြာသိုလဆန်း ၁၄ ရက် ဗုဒ္ဓဟူးနေ့ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ (၇၅)နှစ်ပြည့်မြောက် စိန်ရတုမင်္ဂလာအခါသမယဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇၅)နှစ် မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် တနင်္ဂနွေနေ့ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့နိုင်ငံများအကြား ဝင့်ဝင့်ကြွားကြွားပေါ်ထွက်လာခဲ့ပါတယ်။
Jan 03, 2023
အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ရှိ ဒပ်ဘလင်တက္ကသိုလ်ကကြီးမှူး၍ အရှေ့တောင်အာရှ ရှေးဟောင်းသုတေသန ပညာရှင်များဆိုင်ရာ ဥရောပအသင်း၏ (၁၄) ကြိမ်မြောက် နိုင်ငံတကာစာတမ်း ဖတ်ပွဲ (European Association of Southeast Asian Archaeologists Conference 14th International EurASEAA14)ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈-၂၁ ရက်နေ့အထိ ကျင်းပခဲ့ရာသို့ သမိုင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အနေဖြင့် သုတေသနစာတမ်းတစ်စောင် သွားရောက်ဖတ်ကြားခဲ့ပါသည်။ မိမိစာတမ်းမှာ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနသုံးခုနှင့် သုတေသနဆောင်ရွက်နေကြသောလုပ်ငန်းများအပေါ် လေ့လာသုံးသပ်သော စာတမ်းဖြစ်ပါသည်။ ဖတ်ကြားရသော ဒပ်ဘလင်တက္ကသိုလ်ကလည်း ဒပ်ဘလင်နန်းတော်ဟောင်းနေရာတွင်ပင်ဖြစ်ပါသည်။ အိုင်ယာလန်နိုင်ငံသံရုံးမရှိသောကြောင့် ပြည်ဝင်ခွင့်ဗီဇာရရှိရေးအတွက် ထိုင်းနိုင်ငံဘန်ကောက်သို့ နိုင်ငံကူးလက်မှတ်ပေးပို့ယူရခြင်း၊ transit ပြုလုပ်ရန် ဗြိတိသျှသံရုံး ဗီဇာလျှောက်ထားရခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရပါသည်။
Jan 03, 2023

မြန်မာတွေ ကျွန်ဘဝမှလွတ်ကင်းပြီး သခင်ဘဝကို ပြန်လည်ရောက်ရှိခဲ့ကြသည်မှာ စိန်ရတုခရီးပင်ရှိခဲ့ပါပြီ။ လွတ်လပ်ရေးရယူစဉ်တုန်းက ကြိုးပမ်းခဲ့ကြသူတိုင်းတွင် တစ်စိတ်တည်း၊ တစ်ဆန္ဒတည်းဖြင့် လွတ်လပ်ရေးကိုအရယူမည်ဟု သန္နိဋ္ဌာန်ချခဲ့ကြပေသည်။ မျိုးဆက်သာပြောင်းခဲ့သည်။ ထိုပြင်းပြသည့် မွန်မြတ်စိတ်ထားသည် မပြောင်းလဲခဲ့ပေ။
Jan 02, 2023

ပညာရေးမှာ ‘မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်း ကို ဖော်ဆောင်တဲ့ပညာရေး’ (Decade of Educat- ion for sustainable development၊ DESD) ရဲ့ ဆယ်စုနှစ်လို့ သတ်မှတ်ခဲ့တာရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိပါ။ အဲဒီနောက်မှာလည်း ‘မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်း’ (sustainable development) နဲ့ ဆိုင်ရာပညာရေးကို ယနေ့ထိတိုင် ဆက်လက်အကောင်အထည်ဖော်ခဲ့ကြပါတယ်။
Jan 02, 2023

မြန်မာနိုင်ငံသမိုင်းတွင် တွေ့ကြုံခဲ့ရသည့် သူ့ကျွန်ဘဝသည် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်မြင့်မားရေးကို အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဖော်ပြနေသည့် အဓိကကျသော သမိုင်းရေးသင်ခန်းစာတစ်ခု ဖြစ်ပါသည်။ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်နှင့် ဝံသာနုရက္ခိတတရား(မျိုးစောင့်တရား)ကို အရင်းခံခဲ့သောကြောင့်သာ ယနေ့တိုင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်နှင့် မြန်မာလူမျိုးဟူ၍ တည်ရှိနေနိုင်ခြင်းပင် ဖြစ်ပါသည်။
Jan 01, 2023

မြန်မာနိုင်ငံသမိုင်းတွင် တွေ့ကြုံခဲ့ရသည့် သူ့ကျွန်ဘဝသည် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်မြင့်မားရေးကို အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဖော်ပြနေသည့် အဓိကကျသော သမိုင်းရေးသင်ခန်းစာတစ်ခု ဖြစ်ပါသည်။ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ဝံသာနုရက္ခိတတရား(မျိုးစောင့်တရား)ကို အရင်းခံခဲ့သောကြောင့်သာ ယနေ့တိုင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်နှင့် မြန်မာလူမျိုးဟူ၍ တည်ရှိနေနိုင်ခြင်းပင် ဖြစ်ပါသည်။
Jan 01, 2023

နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပါပြီ။ ပုထုဇဉ်လူသားပီပီ နှစ်ဟောင်းမှာ တွေ့ကြုံပြုမူခဲ့တဲ့ ချို၊ ချဉ်၊ ဖန်၊ ခါး လောကဓံတရားတွေကို ခံစားခဲ့ကြပြီးပြီမို့ အတိတ်ကို အတိတ်မှာထားခဲ့ရင်း အဲဒီလောကဓံတွေကနေ သင်ခန်းစာယူ အမြတ်ထုတ်ကာ နှစ်သစ်မှာ တစ်နှစ်တာ ကာလပတ်လုံးအတွက် အကောင်းဆုံးဖြတ်သန်းကြပါစို့လားရှင်။
Jan 01, 2023

လွတ်လပ်ခြင်းသဘောမှန်၊ အဓိပ္ပာယ်မှန်ကို မသိသောသူသည် တစ်မျိုးတစ်မည် နားလည်နေ လေသည်။ လွတ်လပ်ခြင်းရအောင် စည်းမဲ့ကမ်းမဲ့ လုပ်ရသည်၊ သို့မဟုတ် စည်းမဲ့ကမ်းမဲ့ပြုလုပ် နိုင်ခြင်းသည် လွတ်လပ်ခြင်းဖြစ်သည်ဟူ၍ နားလည်နေလေသည်။ သို့အတွက် လွတ်လပ်ရေး ရရှိသောအခါ စည်းမဲ့ကမ်းမဲ့ပြုလုပ်နိုင်တော့ပြီဟု ထင်မှတ်နေသည့်အတိုင်း စည်းမဲ့ကမ်းမဲ့ ဆက်လက် ပြုလုပ်နေကြခြင်းဖြစ်သည်။