Jul 10, 2023
ဤလှပသောမြင်ကွင်းကို ငေးကြည့်ရင်း “အမိမြန်မာပြည်၏ တောတောင်များ အစဉ်စိမ်းလန်းပြီး တောင်တန်းများ အမြဲခိုင်ခံ့တည်တံ့ကာ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ” ဟု ဆုတောင်းနေမိပါသည်။ စာရေးသူတို့စစ်ကြောင်းရောက်ရှိနေသော တောင်ထိပ်မှမြောက်စွန်းသို့ လှမ်းကြည့်လျှင် ထင်ထင်ရှားရှားမြင်ရသည်က တနင်္သာရီဒေသအတွင်း အမြင့်ဆုံးမိုးထိနေသည့် မြင့်မိုရ်လက်ခတ်တောင်။ ကျန်သည့် အရပ်လေးမျက်နှာတွင်လည်းတောင်ပင်လယ် အနိမ့်အမြင့်များက မျက်စိတစ်ဆုံး။
Jul 09, 2023
“နျူကလီးယားနည်းပညာဟာ ယနေ့ကမ္ဘာမှာ အလွန်ရေပန်းစားနေပါတယ်။ နျူကလီးယား နည်းပညာကို နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံတိုင်းက ပိုင်ဆိုင်လိုကြတယ်။ နျူကလီးယား စွမ်းအင် ဟာရေအားပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လုပ်မှု အနည်းဆုံး ဖြစ်ပါတယ်”
Jul 08, 2023
အပင်သည် ကျွန်ုပ်တို့အား
အစားအစာ၊ အိုးအိမ်၊ အသုံးအဆောင်နှင့်
အဝတ်အထည်ကို ပေး၏။
အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ သစ်ဥတို့အား
ဆေးဝါးအဖြစ်လည်း သုံးခွင့်ပြုပြန်သည်။
Jul 07, 2023
ကျွန်ုပ်တို့အားလုံးသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကိုးကွယ်သည့်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များပီပီ မိမိဘာသာသာသနာ ပြန့်ပွားတိုးတက်ရေးအတွက် တာဝန်ရှိသူများဖြစ်သည်ဟု ခံယူထားသူများဖြစ်သည်။ နိုင်ငံစည်ပင်ဝပြောရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်နေသူများလည်းဖြစ်ပြန်သည်။ အရာရာကို ဘာသာသာသနာကို အခြေခံ၍ စဉ်းစားသည်၊ တွေးသည်၊ ပြောသည်၊ လုပ်ကြကိုင်ကြသည်။ အကြောင်းမှာ ဗုဒ္ဓဘာသာသည် တစ်ဦးချင်း ငြိမ်းချမ်းရေးမှသည် အများငြိမ်းချမ်းရေး၊ လောကတစ်ခွင် သာယာဝပြောရေးကို ရှေးရှု၍ဖြစ်သည်။ ဤမျှရိုးရှင်းသော အချက်ကို အခြေခံ၍ မြန်မာပြည်တစ်ခွင် အပူမှအအေး၊ အမှောင်မှအလင်းဆောင်နေသည့် ဂုဏ်ယူဖွယ်ရာတစ်ခု အနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းကို သဒ္ဓါတရားဖြင့် တင်ပြလိုပါသည်။
Jul 06, 2023
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မြန်မာလူမျိုးများသည် အလှူရေစက် လက်နဲ့မကွာဟုဆိုသည့်အတိုင်း ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက် အလေးထားဆောင်ရွက်ကြသူများဖြစ်သည်။ ထို့အပြင် ညောင်စေ့လောက်လှူ ညောင်ပင်လောက်ရဟူသည့်ဆိုထုံးကို စိတ်ဝယ်သွင်းကာ သဒ္ဓါတရားနည်းများမဆို ကုသိုလ်ပွား များကြသူများလည်း ဖြစ်ကြ၏။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် မြတ်စွာဘုရား၏ ကိုယ်ပွားရုပ်ပွားတော်ကို ကိုးကွယ်ခွင့်ပြုခဲ့သည့် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီများကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ဘာသာရေးနှင့်သော်လည်းကောင်း၊ လူမှုရေးအတွက်သော် လည်းကောင်း အလှူအတန်းနှင့် ပတ်သက်လာပါက တုံ့ဆိုင်းနေသူများ မဟုတ်ကြပါချေ။
Jul 05, 2023
လူမှုဝန်းကျင်တွင် တန်ဖိုးထားရမည့် ဓလေ့ထုံးတမ်းအစဉ်အလာများ များစွာရှိသည်။ တန်ဖိုး ထားရမှန်းသိသော လူမျိုးသည် ကြီးပွားတိုးတက်၍ တန်ဖိုးမသိသော လူမျိုးတို့မှာ နိမ့်ပါးပျက်စီးရတတ် သည်။ လူ့ဝတ္တရား၌မရှိသောအရာကို ကြိုးစားရှာဖွေရသလို ရှိပြီးသားအရာများကိုလည်း တန်ဖိုးထား တတ်ရန်လိုသည်။ ကျွန်မတို့တိုင်းပြည်သည် လူ့အခွင့်အရေးကို ရှေးဦးသမိုင်းကတည်းက လေးစားလိုက်နာခဲ့သည့် တိုင်းပြည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးကို လေးစား တန်ဖိုးထားသည့် တိုင်းပြည်လည်းဖြစ်သည်။ အမျိုးသမီးများ၏ အခွင့်အရေးများဖြစ်သည့် ပညာ ရေး၊ ကျန်းမာရေး၊ ကျား၊ မ တန်းတူအခွင့်အရေး စသည့်အခွင့်အရေးများ အပြည့်အဝခံစားရရှိစေနိုင် ရန်နှင့် အမျိုးသမီးများ၏ဘဝများကို ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးရန် လိုအပ်သည်။
Jul 05, 2023
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင်စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခု အနက် တစ်ခုအပါအဝင်ဖြစ်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
Jul 05, 2023
ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့်ကမ္ဘာကြီးတွင် လူသားများ၏ လိုအပ်ချက်ကလည်း ကြီးမားလာနေသည်။ ကိုဗစ်ကပ်နှင့် ကမ္ဘာ့ပဋိပက္ခဂယက်များက နိုင်ငံတိုင်းတွင် စီးပွားရေး ပိုမိုခိုင်မာအားကောင်းရန် လိုအပ်ချက်များစွာ ရှိလာနေကြောင်း ကို အချက်အလက်များက ပြသနေသည်။
Jul 04, 2023
ကမ္ဘာကြီးရဲ့ နေရာတစ်နေရာရာမှာ လူတွေသေကျေပျက်စီးတာကိုကြည့်ပြီး ကျိတ်ပြီးပျော် နေတဲ့အုပ်စုတစ်ခု၊ အဖွဲ့တစ်ဖွဲ့ သို့မဟုတ် နိုင်ငံတစ်နိုင်ငံ ရှိကိုရှိနေတယ်ဆိုရင် အများစုက အံ့အားသင့်ကြပါလိမ့်မယ်။ စစ်တွေဖြစ်နေတာ မကောင်းဘူး ၊ စိတ်မကောင်း၊ ဝမ်းနည်းတဲ့သူက များပေမယ့် တကယ်လည်း စစ်ကိုမဖြစ်ဖြစ်အောင် ဖန်တီး၊ စစ်ကို အဆုံးမသတ်နိုင်အောင် လောင်စာ ဆက်ရှို့နေတဲ့ လူတစ်စုကတော့ အမှန်တကယ်ကို ရှိနေပါတယ်။ လက်ရှိဖြစ်နေတဲ့ ယူကရိန်း- ရုရှားပဋိပက္ခကိုပဲကြည့်ပါ။
Jul 03, 2023
မြန်မာအမျိုးသမီးများသည် “ဟီရိ ဩတ္တပ္ပ”တရားနှင့် ကြီးပြင်းလာခဲ့သူများ ဖြစ်ပါသည်။ “ဟီရိဩတ္တပ္ပ”တရားသည် “ဟီရိ”နှင့် “ဩတ္တပ္ပ”ကို တွဲဖက်ထားခြင်းဖြစ်သည်။ ဟီရိသည် “မကောင်းမှုကျူးလွန်ရန်ရှက်ခြင်း”ဖြစ်ပြီး ဩတ္တပ္ပသည် “မကောင်းမှု ကျူးလွန်ရန် ကြောက်ခြင်း”ဖြစ်ပါသည်။ ထို“ဟီရိဩတ္တပ္ပ”တရားကို “လောက ပါလတရား”ဟု ဆိုပါသည်။ “လောက ပါလတရား”သည် လောကကို စောင့်ရှောက်နေသော တရားပင်ဖြစ်ပါသည်။ လောကကို စောင့်ရှောက်နေသော လောကပါလတရားဖြစ်သည့် “ဟီရိဩတ္တပ္ပ”တရားနှင့် ကြီးပြင်းလာခဲ့ရသော မြန်မာအမျိုးသမီးများသည် လောကကိုစောင့်ရှောက်နေကြသူများပင် ဖြစ်ပါသည်။
