Skip to main content
Oct 09, 2023
ဆောင်းပါး
အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် အာဟာရဖူလုံရေးဆိုင်ရာ ကဏ္ဍနှစ်ခုအတွက် ငါးမွေးမြူရေး လုပ်ငန်းများမှ တိုးတက်ထုတ်လုပ်ထောက်ပံ့နိုင်ရန် လိုအပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတွင်း ငါးစားသုံးမှုသည် အသားစားသုံးမှစုစုပေါင်း၏ ၆၀ရာခိုင်နှုန်းကျော်ရှိနေသည့်အတွက်ဖြစ်သည်။
Oct 09, 2023
ဆောင်းပါး
လက်ပံတန်း - မိုးညို - နတ္တလင်းလမ်းပိုင်း၏ မိုးညိုမြို့နယ်အပိုင်းတွင် ဧရာဝတီမြစ်ရေတိုးဝင်ရာ ရေနက်ကွင်းများ၊ အင်းအိုင်များက လမ်း၏ တစ်ဖက်တစ်ချက်စီတွင် တစ်ဆက်တစ်စပ်တည်း တည်ရှိနေသည်။ ရေတိုးပြီးတင်ကျန်ရစ်သည့် နုန်းတင်မြေနုများ၊ ရွှံ့နွံအင်းအိုင်များက မိုးညိုဒေသ စိုက်ပျိုးရေးအတွက်၊ ငါးလုပ်ငန်းအတွက် များစွာအထောက်အကူပြုနေပြီး ဒေသမှ သီးနှံနှင့် ရေထွက်ကုန်များစွာ ထွက်ရှိသည်။ သို့သော် ဒေသထွက်သီးနှံနှင့် ရေထွက်ကုန်များစွာကို ဈေးကွက်အတွင်း နေ့ချင်းရောက် ရောင်းချနိုင်ရန် ခက်ခဲသည့် အခြေအနေရှိခဲ့သည်။
Oct 09, 2023
ဆောင်းပါး
ကမ္ဘာဦးအစကပင် လူသားတို့သည် ရှင်သန်ရပ်တည်နိုင်ရန် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မှီတင်းသဟဲပြု ပေါင်းဖက်နေထိုင်ခဲ့ကြရသည်။
Oct 08, 2023
ဆောင်းပါး
လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာကြရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟူသမျှ မလွယ်ကူ လှပါ။
Oct 08, 2023
ဆောင်းပါး
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များထဲတွင် ကြိုတင်ပြင်ဆင်မှုအပိုင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဟူ၍ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်ငြားလည်း ရခိုင်ပြည်နယ်အတွင်း မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော “မိုခါ” မုန်တိုင်းကို ရင်ဆိုင်ခဲ့ကြရာတွင် အချိန်ကာလ၊ ရာသီဥတုနှင့်လက်တွေ့မြေပြင် အခြေအနေတို့အရ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အချိန်ကာလ ခွဲခြားဆောင်ရွက်၍ မရတော့ဘဲ တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြရသည်ကို တွေ့မြင်ခဲ့ရပါသည်။ မုန်တိုင်းဝင်ရောက်ပြီးနောက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများကို အားချင်းဆောင်ရွက်ရသလို ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်လည်း အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခြင်း၊ ဆေးရုံဆေးခန်းများရှိ လူနာများအမိုးအကာအောက်သို့ ပြန်လည်ရရှိရေး၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်၊ ICU ခန်းမများ၊ ကျောက်ကပ်ဆေးသည့်စက်များ လေလုံမိုးလုံဖြစ်ရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရသည်။ ဆေးရုံ၊ ဆေးခန်း အဆောက်အအုံများကို ချက်ချင်း ပြန်လည်ပြုပြင်တည်ဆောက် ခဲ့ကြရသည်။
Oct 08, 2023
ဆောင်းပါး
လူ့အဖွဲ့အစည်းတစ်ခုမှာ မငြိမ်းချမ်းဘူးဆိုတဲ့အချက်ဟာ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား ယုံကြည်မှုတစ်ခုခု၊ နားလည်မှုတစ်ခုခု အားနည်းနေကြလို့သာဖြစ်ပါတယ်။ ဆက်ဆံရေးရဲ့အစဟာ ယုံကြည်မှု၊ ပူးပေါင်းမှုရဲ့အစဟာ နားလည်မှုဆိုတာကို လေးလေးနက်နက်သိသူတွေကတော့ ပျက်စီးနေတဲ့ဆက်ဆံရေး၊ အေးစက်နေတဲ့ ပူးပေါင်းပါဝင်မှုကို မရရအောင် တည်ဆောက်ဖို့ဝန်မလေး၊ အမြဲအဆင်သင့် ရှိနေတတ်ကြတယ်။ ဒါကြောင့်ပဲ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုများမှတစ်ဆင့် ငြိမ်းချမ်းရေးကို လိုချင်တဲ့အတွက် အတ္တတွေမာန်မာနတွေ ခဏဘေးဖယ်၊ တလွဲမတွေး၊ ပုဂ္ဂိုလ်စွဲ၊ အယူစွဲ၊ ဒေသစွဲတွေဘေးချိတ်၊ အများအတွက်ဆိုတဲ့ဦးတည်ချက်လေးထားပြီး ငြိမ်းချမ်းရေးလမ်းစဖော်ပေးရပြန်တယ်။
Oct 06, 2023
ငြိမ်းချမ်းရေးတံခါး ဆက်ပြီးဖွင့်ထားဆဲပါ
မြန်မာနိုင်ငံတစ်နံတစ်လျား ပြည်သူအားလုံး တိုင်းရင်းသားအားလုံးက စစ်မှန်သော ငြိမ်းချမ်းရေးအရသာကို တောင့်တဆဲ၊ ငတ်မွတ်ဆဲဖြစ်သည်။ ယခုအချိန်တွင် အလိုချင်ဆုံးကား တည်ငြိမ်အေးချမ်းမှု၊ အဖြစ်ချင်ဆုံးကား တည်ငြိမ်သောလူမှုစီးပွားဘဝ၊ ပညာသင်ချင်ကြသည်၊ အေးချမ်းစွာနေထိုင်စီးပွားရှာ လိုကြသည်သာဖြစ်သည်။ သို့သော် နိုင်ငံ ၏လက်နက်ကိုင်ပြဿနာကား မပြီးသေး။ နိုင်ငံရေးအရသဘောထားများ ကွဲနေဆဲ၊ တိုင်းရင်းသားအရေးမတူသော အမြင်များရှိနေဆဲ၊ ဘာသာရေးအရ ကွဲပြားမှုအချို့ရှိဆဲဖြစ်သည်။ ဤသည်ပင် ယနေ့လက်နက်ကိုင်ပဋိပက္ခများ၏ အကြောင်းရင်းခံအဖြစ် မှတ်ယူကြဆဲဖြစ်သည်။
Oct 06, 2023
မျှတသော ဈေးကွက်ယှဉ်ပြိုင်မှု
မျှတသော ဈေးကွက်ယှဉ်ပြိုင်မှုသည် နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံသားတို့အတွက် အကျိုးများစွာ ဖြစ်ထွန်းစေပါသည်။ “အပြိုင်အဆိုင်ရှိမှတိုးတက်သည်” ဟူသော စကားအတိုင်း ယှဉ်ပြိုင်မှုသည် နိုင်ငံ့စီးပွားရေးသာမက ဈေးကွက်အတွင်းရှိလုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုအသုံးပြုသူ ဝယ်ယူသူများအတွက်လည်း လွန်စွာအကျိုးရှိပေသည်။
Oct 06, 2023
ထာဝရငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောအဖြေ NCA
ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုမှုများကြောင့် လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ရသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအနက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ချုပ်ဆိုနိုင်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)သည် သမိုင်းဝင်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်ဟု ဆိုရပါမည်။
Oct 05, 2023
ဆောင်းပါး
နေပြည်တော်တွင် တည်ရှိသည့် ရုံးအမှတ် ၂၅၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ယခင်ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၇၆/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းထားသည့်ဝန်ကြီးဌာနဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေရေးရာဝန်ကြီးဌာနသည် “ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသောပညာဖြစ်သည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ဥပဒေဆိုင်ရာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုအားကောင်းလာစေရန်၊ အများပြည်သူ၏ ယုံကြည်အားကိုးမှုမြှင့်တင်ရန်နှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ရန်ဟူသည့် ရည်မှန်းချက်ပန်းတိုင်များထားရှိကာ ဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုဝန်ကြီးရုံး၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနဟူ၍ ဦးစီးဌာနငါးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။