Mar 29, 2023
ယခုနှစ်ပညာသင်နှစ်အကုန်တွင် အခြေခံ ပညာရေးကျောင်းများသို့ ဝမ်းမြောက်ဖွယ်အသိပေး အကြောင်းကြားစာများရောက်ရှိလာသည်။ ၎င်းမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရစက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူ ရေးပညာရပ်များပါသင်ယူနိုင်မည့် အထက်တန်းကျောင်းများဖွင့်လှစ်မည့်အကြောင်း အသိပေး ဖြန့်ဝေလာခြင်းဖြစ်သည်။
Mar 29, 2023

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ယခုအခါကမ္ဘာတစ်ဝန်းလုံး၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာသူကမ္ဘာသားအားလုံး ရင်ဆိုင်တွေ့ကြုံခံစားနေကြရသည်။ မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ် ထိခိုက်ပျက်စီးမှု၊ ရေအရင်းအမြစ်ဆုံးရှုံး မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်၊ ပျက်စီးဆုံးရှုံး မှုများ၊ လူ့အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုဖြစ်စဉ်များ ကြုံတွေ့ခဲ့ရသည်။ သို့ဖြစ်၍ အနာဂတ်အတွက်ထိခိုက်ပျက်စီးမှု၊ သေဆုံးမှုနည်းပါးအောင် အားလုံးဝိုင်းဝန်းကာကွယ် ထိန်းသိမ်းဆောင်ရွက်ထားရမည် ဖြစ်သည်။
Mar 27, 2023

ရွာစဉ်ရွာဆက် ချိတ်ဆက်ကာ မြို့ကြီးမြို့ငယ်အသွယ်သွယ်ဖြတ်သန်းပြီး တိုင်းဒေသကြီးလေးခုကိုသွယ်ဆက်၍ အချိန်တို၊ ခရီးတိုဖြင့် လမ်းပန်းသာအောင် ထမ်းဆောင်နေသည်မှာ ပုသိမ်-မုံရွာလမ်းမကြီးပင်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်(ကံကလေး)မှအစပြု၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အထိ ဆက်သွယ်ပေးထားသော ပုသိမ်-မုံရွာလမ်းမကြီးသည် ၄၁၆ မိုင် ၆ ဖာလုံ ရှည်လျားပြီး ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းစသည့် တိုင်းဒေသကြီးလေးခုကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးတစ်ခုဖြစ်သည်။
Mar 27, 2023

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နေထိုင်ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၏ သာယာလှပသောတောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသားဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။
Mar 27, 2023

ကျွန်မ၏ဖခင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျရာဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ကျွန်မ၏ဖခင်သည် ရိုးသားကြိုးစားတိကျမှန်ကန် ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး သားသမီးများကိုလည်းမည်သည့်လုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ ရိုးသားကြိုးစားစွာဆောင်ရွက်ရန် သင်ကြားလေ့ကျင့်ပေးခဲ့သည်။
Mar 27, 2023

မင်းဘူး(စကု)မြို့နယ်မှ မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ တန်ခိုးကြီးသမိုင်းဝင်အထင်ကရ ဘုရားများစာရင်းတွင်ပါဝင်ပြီး မြတ်ဗုဒ္ဓ၏ ပါဒစေတီတော်နှစ်ဆူ (ခြေတော်ရာအစစ်) တည်ရှိတော်မူသော ရှေးဟောင်းသမိုင်းဝင် သာသနာ့နယ်မြေတစ်ခုလည်းဖြစ်သည်။ မန်းရွှေစက်တော်ရာ ပါဒစေတီတော်ဗုဒ္ဓ ပူဇနိယဘုရားပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက် မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။
Mar 26, 2023
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်ကျင်းပခဲ့သော (မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂) ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရကလည်း နိုင်ငံသူနိုင်ငံသားများအားလုံး စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက် ပေးလျက်ရှိကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။
Mar 25, 2023

ယနေ့မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးသမိုင်း၊ တပ်မတော်သမိုင်း၊ နိုင်ငံဖြစ်တည်မှုသမိုင်းတို့နှင့် ခွဲခြား၍မရလောက်အောင်ပင် အစဉ်အလာကြီးမားသော တပ်မတော်ဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင်ပြုလုပ်မည့် အဖွဲ့အစည်းမဟုတ်မူ၍ တိုင်းရင်းသားနှင့် ပြည်သူအပေါ် သစ္စာဖောက်မည့်အဖွဲ့အစည်း မဟုတ်သည်မှာလည်း သေချာသည်။ အတိတ်ရော ပစ္စုပ္ပန်မှာပါ တိုင်းပြည်နှင့်ပြည်သူ့အကျိုးအတွက် အရေးသုံးပါးဘက်မှ မားမားမတ်မတ်ရပ်တည်နေပြီး ဖြောင့်မတ် မှန်ကန်စွာ ထမ်းဆောင်နေဆဲဖြစ်သလို အနာဂတ်အတွက် လမ်းပြမြေပုံနှင့် ကောင်းမွန်သည့် သန္ဓေတည်နိုင်အောင်လည်း ကြိုးစားအားထုတ်လျက်ရှိသည်။
Mar 25, 2023

တပ်မတော်သားတစ်ဦး တိုင်းပြည်အတွက် လွတ်လပ်ရေးရရန် ကြိုးပမ်းမှု၊ ကြိုးပမ်းနေစဉ်အတွင်း ခံစားမှုနှင့် လွတ်လပ်ရေးရခါနီး ခံစားမှုများကို ရာဇဝင်သိရှိနိုင်စေရန် လွတ်လပ်ရေးရခါနီး ၃၅ မိနစ်အလိုတွင် ရေးသားခဲ့သည့် ဥဒါန်းတွင်သော စာတိုလေးတစ်စောင်ဖြစ်သည်။ နေ့စဉ်မှတ်တမ်း ရေးသားခဲ့ခြင်းကြောင့်သာ ဤကဲ့သို့တန်ဖိုးရှိသော မှတ်တမ်းမှတ်ရာများ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
Mar 24, 2023

ယနေ့မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးသမိုင်း၊ တပ်မတော်သမိုင်း၊ နိုင်ငံဖြစ်တည်မှုသမိုင်းတို့နှင့် ခွဲခြား၍မရလောက်အောင်ပင် အစဉ်အလာကြီးမားသော တပ်မတော်ဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင်ပြုလုပ်မည့်အဖွဲ့အစည်းမဟုတ်မူ၍ တိုင်းရင်းသားနှင့် ပြည်သူအပေါ် သစ္စာဖောက်မည့် အဖွဲ့အစည်းမဟုတ်သည်မှာလည်း သေချာသည်။ အတိတ်ရော၊ ပစ္စုပ္ပန်မှာပါ တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် အရေးသုံးပါးဘက်မှ မားမားမတ်မတ် ရပ်တည်နေပြီး ဖြောင့်မတ်မှန်ကန်စွာထမ်းဆောင်နေဆဲဖြစ်သလို အနာဂတ်အတွက်လမ်းပြမြေပုံနှင့် ကောင်းမွန်သည့်သန္ဓေတည်နိုင်အောင်လည်း ကြိုးစားအားထုတ်လျက်ရှိသည်။