Dec 30, 2023
ရှေးယခင်တုန်းက မြို့တစ်မြို့တည်မည်ဆိုလျှင် မြစ်နီး၊ ချောင်းနီးသည့်နေရာကို ရှာဖွေကြလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြစ်နီး၊ ချောင်းနီးပါက သွားရေး၊ လာရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဆင်ပြေစေသောကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် သဘာဝအရင်း အမြစ်အနေဖြင့် ကမ်းရိုးတန်းတည်ရှိပြီး စနစ်တကျအသုံးပြုတတ်သော နိုင်ငံမှန်လျှင် ချမ်းသာကြွယ်ဝစမြဲဖြစ်သည်။ မြန်မာနိုင်ငံဆိုတာ သဘာဝအရင်းအမြစ် များနှင့်ပြည့်စုံနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ပြောနိုင်သည်။ မြန်မာနိုင်ငံမြေပုံကိုကြည့်လျှင် နယ်နိမိတ်စုစုပေါင်းအနက် အရှည် ၂၂၂၈ ကီလိုမီတာမှာ ပင်လယ်နှင့်ထိစပ်နေသည့် ကမ်းရိုးတန်းများသာဖြစ်သည်။
Dec 29, 2023
ပလတ်စတစ်ဘောလုံးလေးတစ်လုံး ကျွန်တော်ရှိရာသို့ ဝဲပျံလာသည်။ စက်ဘီးကို အသာထိန်းရင်း ခြေတစ်ဖက်ကို ပင့်မြှောက်၍ ဘောလုံးလာရာလမ်းအတိုင်း အသာအယာ ပြန်ကန်ပို့ပေးလိုက်သည်။ “ဟာ”၊ မူလတန်းအရွယ်သားသားလေးနှစ်ဦး၏ အာမေဋိတ်အံ့ဩသံနှင့်အတူ ချီးမွမ်းသံလေးများ ညံစီသွားသည်။ ပြီးတော့ သူတို့ ကျွန်တော့်ကို ငေးမောရင်း ကျန်ရစ်ခဲ့သည်။
Dec 29, 2023
မြန်မာနိုင်ငံ၌ ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှု ဖြစ်ပွားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏အာဏာကို ထိန်းသိမ်းပြီးချိန်နောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ ဒီမိုကရေစီအမည်ခံအဖွဲ့အစည်းများ၏ အကြမ်းဖက်မှုမှာ ရုပ်လုံးပေါ်လာခဲ့သည်။
Dec 29, 2023
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၇၆ နှစ်ရှိပါပြီ။ လက်ရှိမျိုးဆက်သစ်တွေက နယ်ချဲ့လက်အောက်မနေခဲ့ဖူးသလို လွတ်လပ်ရေးရတဲ့အချိန်ကိုလည်း မမီခဲ့ပါဘူး။ လွတ်လပ်ရေးရတာကို မီခဲ့သူတွေဟာ အခုဆို အနည်းဆုံး အသက် ၇၆ နှစ်ကျော် ရှိနေပါပြီ။ ၁၉၄၇ ခုနှစ်မှာ မွေးတဲ့သူတွေတောင် နယ်ချဲ့အုပ်ချုပ်မှုအောက်မှာ မနေခဲ့ဖူးပါဘူး။ လက်ရှိမျိုးဆက်တွေက ၁၉၄၇ ခုနှစ်နောက်ပိုင်းမှ မွေးလာခဲ့သူတွေဖြစ်တဲ့အတွက် လွတ်လပ်ရေးမျိုးဆက်သစ်တွေလို့ ဆိုရမှာပါ။ သူ့ကျွန်ဘဝမှာလည်း မနေဖူးခဲ့တဲ့သူတွေပါ။ လွတ်လပ်ရေးကို ရေကန်အသင့် ကြာအသင့်ရခဲ့တဲ့သူတွေလည်း ဖြစ်ပါတယ်။
Dec 29, 2023
ကမ္ဘောဒီးယားနိုင်ငံတွင် အောက်လွှတ်တော်ဖြစ်သော အမျိုးသားလွှတ်တော် (National Assembly) နှင့် အထက်လွှတ်တော် (Senate) ဟူ၍ လွှတ်တော်နှစ်ရပ်ရှိပါသည်။ အောက်လွှတ်တော်တွင် ဥပဒေများ ပြင်ဆင်ချမှတ်ခြင်း၊ နိုင်ငံတော်ဘတ်ဂျက်နှင့် အခွန်အခများ၊ အုပ်ချုပ်ရေးဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ ညီလာခံများကို အတည်ပြုခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ဆောင်ရွက်သည်။ ၁၉၉၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၇)၊ ပုဒ်မ ၇၆ အရ အမျိုးသားလွှတ်တော်(National Assembly)၏ ကိုယ်စားလှယ်အရည်အချင်းသတ်မှတ်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံတွင် မွေးဖွားသော ခမာလူမျိုးများဖြစ်၍ အနည်းဆုံး အသက် ၂၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ Communes နှင့် Sangkats အုပ်ချုပ်ရေးနယ်မြေများအတွက် ကျား၊ မ မရွေး ကမ္ဘောဒီးယားနိုင်ငံသားဖြစ်၍ သက်ဆိုင်ရာမဲဆန္ဒနယ်တွင် အမည်စာရင်းပါဝင်ရမည်။ မဲပေးချိန်မတိုင်မီ အသက် ၂၅ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်။
Dec 29, 2023
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားချောင်းကျေးရွာအနီး ရေနက်ကွင်းဧက ၃၆ဝဝ တွင် နိုင်ငံတော်ကခွင့်ပြု၍ ငါးမွေးမြူခြင်းနှင့် စပါးစိုက်ပျိုးခြင်းများကို ၁၉၉၈ ခုနှစ်မှ စတင်ဆောင်ရွက်နေသည့် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီက Global Earth Agro and Aqua Industry Public Co.,Ltd. (GEAAI) ဟု အမည်ပြောင်းလိုက်သည်။ ထို့နောက် သမားရိုးကျငါးမွေးမြူခြင်းမှ ခေတ်မီနည်းစနစ်ဖြင့် ငါးမွေးမြူခြင်းနှင့် စက်ရုံတည်ဆောက်၍ ငါးအသားလွှာများ အေးခဲအောင်ပြုလုပ်ပြီး ပြည်ပပို့ကုန်များ ဆောင်ရွက်နေကြောင်း ကြားသိရသည်။ ကျွန်တော်သည် သတင်းဆောင်းပါး ရေးသားဖော်ပြနိုင်ရန် စီမံကိန်းလုပ်ငန်းတည်ရှိရာ ပန်းတနော်ရေနက်ကွင်းကို သွားရောက်ခဲ့သည်။
Dec 28, 2023
နိုင်ငံတော်အတွက်၊ ပြည်နယ်အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ရန် နမ့်တိန်ချောင်းရေကို အသုံးပြု၍ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့အနီး တည်ရှိပြီး ယင်းစီမံကိန်းကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၅) တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Dec 28, 2023
ပလတ်စတစ်ဘောလုံးလေးတစ်လုံး ကျွန်တော်ရှိရာသို့ ဝဲပျံလာသည်။ စက်ဘီးကို အသာထိန်းရင်း ခြေတစ်ဖက်ကို ပင့်မြှောက်၍ ဘောလုံးလာရာလမ်းအတိုင်း အသာအယာ ပြန်ကန်ပို့ပေးလိုက်သည်။ “ဟာ”၊ မူလတန်းအရွယ်သားသားလေးနှစ်ဦး၏ အာမေဋိတ် အံ့ဩသံနှင့်အတူ ချီးမွမ်းသံလေးတွေ ညံစီသွားသည်။ ပြီးတော့ သူတို့ ကျွန်တော့်ကို ငေးမောရင်း ကျန်ရစ်ခဲ့သည်။
Dec 28, 2023
နတ်တော်လကို ပုဂံခေတ်ထိုးကျောက်စာများတွင် နတ်တာဝ်လ (ပုဂံပြတိုက်ကျောက်စာ အမှတ်-၁၂၊ သက္ကရာဇ် ၅၅၀ (အေဒီ-၁၁၈၈)၊ နတ်တစ်လ (မဟာသေနာ ပတိ အနန္တသူရမောင်နှံကျောက်စာ (သက္ကရာဇ်-၅၈၅)၊ နတ္တာဝ်လ (ငါမြတ်သင် ကျောက်စာ၊ သက္ကရာဇ်-၅၈၇) စသည်တို့တွင် နတ်တောဝ်လ၊ နတ်တစ်လ၊ နတ္တာတ်လ၊ နတ္တ်ဝ်လဟု ရေးထိုးကြရာ မြန်မာစာပေအရေးအသား မတည်ငြိမ်သေးသော သဘောကိုဆောင်သည့် စာလုံးပေါင်းများကို တွေ့ရပေသည်။ သက္ကရာဇ်- ၅၉၈ ခုထိုး ရာဇသူရသမီးမောင်နှံကျောက်စာတွင် နတ္တော်လ၊ သက္ကရာဇ်-၆၀၄ ခုထိုး ညောင်ရမ်းကြီးသမီးကျောက်စာတွင် “နတ်တော်လ” ဟု ပီပီပြင်ပြင်ရေးထိုးထားသည်ကို တွေ့ရပေသည်။
Dec 28, 2023
နတ်တော်လကို ပုဂံခေတ်ထိုးကျောက်စာများတွင် နတ်တာဝ်လ (ပုဂံပြတိုက်ကျောက်စာ အမှတ်-၁၂၊ သက္ကရာဇ် ၅၅၀ (အေဒီ-၁၁၈၈)၊ နတ်တစ်လ (မဟာသေနာ ပတိ အနန္တသူရမောင်နှံကျောက်စာ (သက္ကရာဇ်-၅၈၅)၊ နတ္တာဝ်လ (ငါမြတ်သင် ကျောက်စာ၊ သက္ကရာဇ်-၅၈၇) စသည်တို့တွင် နတ်တောဝ်လ၊ နတ်တစ်လ၊ နတ္တာတ်လ၊ နတ္တ်ဝ်လဟု ရေးထိုးကြရာ မြန်မာစာပေအရေးအသား မတည်ငြိမ်သေးသော သဘောကိုဆောင်သည့် စာလုံးပေါင်းများကို တွေ့ရပေသည်။ သက္ကရာဇ်- ၅၉၈ ခုထိုး ရာဇသူရသမီးမောင်နှံကျောက်စာတွင် နတ္တော်လ၊ သက္ကရာဇ်-၆၀၄ ခုထိုး ညောင်ရမ်းကြီးသမီးကျောက်စာတွင် “နတ်တော်လ” ဟု ပီပီပြင်ပြင်ရေးထိုးထားသည်ကို တွေ့ရပေသည်။
