တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများခန့်ထားနိုင်ရေးနှင့် ဆရာ/ဆရာမများ၏ လုပ်အားခ များ တိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ် ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများကို ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး တာဝန်ခံညွှန်ကြား ရေးမှူးများ ဒုတိယအကြိမ်တွေ့ဆုံပွဲကျင်းပ
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများကို ညွှန်ကြား ရေးမှူး များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။
ကမ္ဘာ့ဘဏ်(World Bank)၏ ဖွံ့ဖြိုးမှုအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ
ကမ္ဘာ့ဘဏ် (World Bank)နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ကဏ္ဍ အလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ချေးငွေနှင့် အထောက်အပံ့ စီမံကိန်းများ၏ လက်ရှိဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှု 30 g. (Broadcasting Governing Body-BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ဗီဒီယိုအစည်းအဝေး စနစ်ဖြင့် ကျင်းပသည်။
နေ့စဉ်မိုးလေဝသသတင်း
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ် ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Fish Processing စီးပွားရေးဇုန် များကို နယ်စပ်တွင် ထူထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် Fish Processing စီးပွားရေး ဇုန်များကို နယ်စပ်တွင် ထူထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကလေးဝတောရနာဂလိုဏ်ဂူ ပရိယတ္တိစာသင်တိုက် ထာ၀ရပစ္စည်းလေးပါးဆွမ်းပဒေသာပင် လှူဒါန်းခြင်းနှင့် အမျိုးသား စာကြည့်တိုက် (ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်း ကုန်းမြို့နယ်ရှိ ကလေးဝ တောရ နာဂလိုဏ်ဂူပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး ကလေးဝ တောရ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂ အရှင်သူမြတ်ထံ ထာဝရ ပစ္စည်းလေးပါး ဆွမ်း ပဒေသာပင် ငွေကျပ်သိန်း ၅၀ စိုက်ထူ လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံ့ပြန့်ပွား ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများက ဓမ္မာနုဂ္ဂဟ ဖြင့် ဆောင်ရွက်သကဲ့သို့ ဒါယကာများမှလည်း ပစ္စယာနုဂ္ဂဟဖြင့် ထောက်ပံ့လှူဒါန်းရေးဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ နိုင်ငံတော် တာဝန်ယူပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တစ်နိုင်ငံလုံးရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ဖေဖော်ဝါရီ ၈ ရက် တွင် တစ်နိုင်ငံလုံး၌ ပြည်သူများဖူးမျှော် ကြည်ညိုနိုင် ရန် ဆောင်ရွက်ခဲ့ကြောင်း၊ အကြိမ် (၆၀) မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အဋ္ဌမ အကြိမ် နိုင်ငံတော် သံဃမဟာနာယ က အဖွဲ့ (၄၇) ပါးစုံညီ ဆဋ္ဌမအစည်းအဝေးနှင့် သတ္တမ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီး စီးခဲ့ပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ လှူဒါန်းဆက်ကပ်ပွဲ အခမ်းအနား ကို တပေါင်းလပြည့်နေ့ မတ် (၂၇)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကို အထူးအလေး ထား ထောက်ပံ့ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသား စာကြည့်တိုက် (ရန်ကုန်)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သမိုင်းသုတေသန နှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြသည့်အခမ်းအနားကျင်းပ
စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေများအရ ဖွဲ့စည်းထားရှိသော မြန်မာ နိုင်ငံစားသုံးသူရေးရာ ကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များ ရှင်းလင်းတင် ပြသည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။