Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးလှစိုးနှင့် တွေ့ဆုံသည်။

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲအမည် လေးမျိုး၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ် ဆေးမှုများ ဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ တွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ စစ်သည် အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမည်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ၌ယာဉ်မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက် ရာတွင်ယာဉ်စစ်ဆေးကင်းလွတ်ခွင့်ဖြင့် ဆောင်ရွက်ပေးမည်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)၏ နှစ်လဲ သက်တမ်းတိုး ယာဉ်မှတ်ပုံတင် လုပ်ငန်းများကို လာမည့် (၂၂.၃.၂၀၂၁) ရက်(တနင်္လာနေ့)မှစတင်၍ ကညနရုံးများ၌ ပြန်လည်စတင်ဆောင် ရွက်သွားမည်ဖြစ်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင် ယာဉ်များမှအပ အခြားယာဉ်များအားလုံးကို ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ခွင့်ဖြင့် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများကို တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံကုသ

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများ၏ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန် အတွက် မြို့နယ်အသီးသီးရှိတပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၇၈၃၂၃ ဦး၊ အတွင်းလူနာ ၄၁၄၈ ဦးကို တပ်မတော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများ အား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများကိုဆေးရုံတင်ကာကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ကိုပါ စီမံဆောင်ရွက်ပေးသည်။

မြောက်ဦးမြို့နယ် တိမ်ညိုတိုက်ပွဲရှောင်စခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့် ပြည်သူများ အတွက် စားသောက်ဖွယ်ရာများထောက်ပံ့

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်တိမ်ညိုတိုက်ပွဲရှောင် စခန်းရှိ ဒေါ်ဖြူနှင်းချေ (ဘ)ဦးကျော်ဇံလှ နေထိုင် လြာ သည့် အခန်းအတွင်း၌ ယမန်နေ့ ည ၈နာရီ ၅ မိနစ်ခန့်တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ နှင့် သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ ဆေးရုံ၊ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံနှင့်လက်ပံတန်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ တို့ရှိဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသ ပေးနိုင်ပါရန် အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များ အလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြု များ ပါဝင်သော ဆေးကုသရေးအဖွဲ့ အားစေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံ ပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

၁၁-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက် ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြ သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ပုဒ်မ ၄၁၈ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးအာဏာတို့အား ( တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ သို့လွှဲအပ်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ၄၁၉အရတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖေဖော်ဝါရီ လ ၂ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၂ရက်၊ ၉ ရက်၊ ၂၃ ရက်နှင့် ၂၆ ရက်စွဲပါ အမိန့်များဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဥက္ကဋ္ဌ ဦးသိန်းစိုး၊ အဖွဲ့ဝင် ၁၄ ဦး၊ စုစုပေါင်း ၁၅ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ထမ်းဆောင် ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်း စဉ် ၅ ရပ်ကို ချမှတ်ခဲ့ကြောင်း၊ ၎င်းတို့ အနက် လုပ်ငန်းစဉ် ၁ ဖြစ်သည့် “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်” နှင့် ရှေ့လုပ်ငန်းစဉ်၅ ဖြစ်သည့် “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီနိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသောလုပ်ငန်းစဉ်နှစ်ရပ်သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုက်ရိုက် သက်ဆိုင်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လက်ရှိဆောင်ရွက်ချက်များကို အပိုင်း ၃ ပိုင်းခွဲ၍ ရှင်းလင်းတင်ပြသွား မည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းအပိုင်း၊ ဆန္ဒမဲ လက်မှတ်များ မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းအပိုင်းနှင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အပိုင်း တို့ ဖြစ်ကြောင်း၊ ပထမဦးစွာ မဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းအပိုင်းနှင့်စပ်လျဉ်း ၍ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း စိစစ်ချက်များတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇၁၉၇၇၈၅ ဦးအနက် မဲမသမာမှု ပြုနိုင် ဖြစ်နိုင်သည့် မဲစာရင်း ၁၀၄၈၂၁၁၆ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၈.၁၇ % တွေ့ရှိရ သည်ကို အသေးစိတ် ထုတ်ပြန်ခဲ့ကြောင်း၊ ဖော်ပြပါစိစစ်ခဲ့သည့် မဲဆန္ဒရှင်စာရင်း သည် ဒုတိယအကြိမ် မဲစာရင်း ကပ်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကို ဖြန့်ဝေသည့်မဲစာရင်း PDF များကို အခြေခံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းစိစစ် တွေ့ရှိချက်များမှာ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲများက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် အသုံး ပြုခဲ့သော နောက်ဆုံးမဲစာရင်း(Soft Copy) များကို တောင်းခံရယူပြီးနောက် စိစစ်ထုတ်ပြန်သည့် စာရင်းဇယားများဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၀ ရက်အထိ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ၉ ခုရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်၊ မဲရုံပေါင်း ၃၁၂၈ ရုံကို စိစစ်ခဲ့ရာတွင် မြို့နယ်ကော်မရှင် စာရင်းအရ မဲဆန္ဒရှင် ၃၅၁၇၆၄၇ ဦး ဖြစ်သော်လည်း လဝကစာရင်းအရ ၂၇၉၄၈၈၃ ဦးသာ ရှိသည်ကိုတွေ့ရကြောင်း၊ ၎င်းတို့အနက်နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၉၈၄၄၄ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း၃ကြိမ်နှင့်အထက် ပါဝင်နေသူ ၂၆၃၄၅ ဦး၊ နိုင်ငံသား စိစစ် ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်ပါဝင်သူ ၃၂၅၅၃၀ ဦးဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်အရ နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူစုစုပေါင်း ၇၅၀၃၁၉ ဦးရှိကြောင်း တွေ့ရှိရသဖြင့် ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်၏ ၂၁.၃၃ % ဖြစ်ကြောင်း၊ ယခုစစ်ဆေးမှုမှာ တစ်မြို့နယ် ချင်း အလိုက် စစ်ဆေးတွေ့ရှိမှုများသာဖြစ် ပြီး မြို့နယ်တစ်မြို့နယ်နှင့် အခြား တစ် မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု နှင့် အခြားတစ်ခု စစ်ဆေးမှုဖြစ်သည့် (Cross Check)odes:qop:0l olool က ယခုထက်ပိုမိုများပြားနိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါမြို့နယ် ၂၁ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများအပေါ်တပ်မတော်၏ စိစစ်ချက်များနှင့် ကော်မရှင် ၏ စိစစ်ချက်များကို နှိုင်းယှဉ်ရာတွင် စိစစ်ရသည့် အခြေခံမဲဆန္ဒရှင်စာရင်း ကွာခြားချက် အရ ခြားနားချက်အချို့ ရှိခဲ့ ပြီး ကော်မရှင်က စိစစ်တွေ့ရှိမှု အရေ အတွက်က ပိုမိုများပြားလျက် ရှိကြောင်း၊ ခြားနားချက် ပေါင်းချုပ်အနေဖြင့် ကိုင်ဆောင်သည့်လက်မှတ် တစ်မျိုးမျိုး (မှတ်ပုံတင်)မရှိဘဲ မဲစာရင်းတွင်ပါဝင်သူ ၃၀၄၅၈ ဦး၊ တစ်ကြိမ်ထက် ပို၍ မဲစာရင်း တွင်ပါဝင်သူ (ထပ်နေသောမဲစာရင်း) ၁၄၂၃၈၁ ဦး ပိုမိုစိစစ်တွေ့ရှိရကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ခဲ့သော မြို့နယ်၂၁ မြို့နယ်အနက် တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်နှင့်ပျော်ဘွယ်မြို့နယ်တို့ကို စိစစ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်း တွင်ပါဝင်နေသူ ၅၉၄၂၃ ဦး၊ နိုင်ငံသားစိစစ် ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ ၈၃၉၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ် ပါဝင်နေသူ ၈၁၇၉၄ ဦး၊ စုစုပေါင်း ၁၄၉၆၁၂ ဦး၏ စာရင်း အသေးစိတ်ကို လက်တွေ့ကြည့်ရှုစစ်ဆေး နိုင်ရန် နမူနာအဖြစ် ခင်းကျင်းပြသထား ပါကြောင်း ပြောကြားသည်။

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဖစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

(တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ အပါအဝင်လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူ များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူ ပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနားသွား မီးရထားလမ်း မိုင်တိုင်အမှတ် ၅၇၁ မိုင်၂ ဖာလုံရှိ သဲချောင်းကုန်းတံတားအား သောင်းကျန်းသူ(စိစစ်ဆဲ)အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်ရှိ မန္တလေး- မြစ်ကြီးနား သွား မီးရထားလမ်း မိုင်တိုင်အမှတ် ၅၇၁ မိုင် ၂ ဖာလုံရှိသဲချောင်းကုန်း တံတား တံတားအမှတ်(၄၀၅)အား မတ် ၁၂ ရက် ည ၁၂ နာရီခန့်တွင်သောင်းကျန်းသူ (စိစစ်ဆဲ) အကြမ်းဖက်အဖွဲ့က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။
Subscribe to နေပြည်တော်