အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (AFCDM+3) ကို ယနေ့ နံနက် ၁၁ နာရီတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
မြန်မာ့မီးရထားမှ နေပြည်တော်-မန္တလေးလမ်းပိုင်း၌ ခရီးသည်များ သွားလာမှုအဆင်ပြေစေရန် RBE လူစီးရထားပြေးဆွဲ
လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ချောမွေ့ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြန်မာ့ မီးရထားသည် မတ် ၂၃ ရက်တွင် RBE (၂)တွဲပါ လူစီးရထားတွဲဆိုင်းဖြင့် နေပြည်တော်-သာစည် -မန္တလေး ခရီးစဉ်ကို ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် စီစဉ်ပြေးဆွဲ ပေးခဲ့ သည်။
ရထားလမ်းပိုင်းများတွင် ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ့မီးရထားမှ ဦးဆောင် ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာများ၊ ဒုတိယအထွေထွေ မန်နေဂျာများ၊ တိုင်း တာဝန်ခံများတွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။
(၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင် ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) များ၏ အမှတ်တရရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
မြန်မာ့တပ်မတော်တွင် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကာကွယ်ရေး ဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) ၇ ဦး၏ ပုံစံတူရုပ်တုများဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်ရှိ မော်ကွန်းတိုက်မှူးရုံးပြခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်း ဆိုင်ရာများအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံသို့ တင်ပြ လျှောက်ထားပြီး ဩဝါဒခံယူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ကြီးများထံသို့ တင်ပြလျှောက်ထားခြင်းနှင့် ဩဝါဒခံယူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မည့် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် မင်္ဂလာနေရာ၌ ကျင်းပပြုလုပ်သည်။
၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော် များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများအရ မူပိုင်ခွင့်ဆိုင်ရာ ဗဟို ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်
မူပိုင်ခွင့် ဦးစီးဌာန၏ မူပိုင်ခွင့်ဆိုင်ရာဥပဒေများအရ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီမှ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲ ရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။