Skip to main content

မြန်မာ့မီးရထားမှ နေပြည်တော်-မန္တလေးလမ်းပိုင်း၌ ခရီးသည်များ သွားလာမှုအဆင်ပြေစေရန် RBE လူစီးရထားပြေးဆွဲ

နေပြည်တော် မတ် ၂၅

လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ချောမွေ့ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြန်မာ့ မီးရထားသည် မတ် ၂၃ ရက်တွင် RBE (၂)တွဲပါ လူစီးရထားတွဲဆိုင်းဖြင့် နေပြည်တော်-သာစည် -မန္တလေး ခရီးစဉ်ကို ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် စီစဉ်ပြေးဆွဲ ပေးခဲ့ သည်။

နေပြည်တော်-မန္တလေးလမ်းပိုင်းတစ်လျှောက်ရှိ တပ်ကုန်း၊ ရမည်း | သင်း၊ ပျော်ဘွယ်၊ သာစည်၊ ဟံဇား၊ သဲတော၊ မြစ်သား၊ ကျောက်ဆည် စသည့်ဘူတာများ၌ ရပ်တန့်၍ ခရီးသည်တင်/ချမှုကို ဆောင်ရွက်ပေးခဲ့ ပြီး မွန်းလွဲ၂ နာရီ ၂၅ မိနစ်တွင် မန္တလေးဘူတာသို့ ဆိုက်ရောက်ခဲ့သည်။ မတ် ၂၄ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် အဆိုပါ RBE ရထားသည် | မန္တလေး ဘူတာမှ ပြန်လည်ထွက်ခွာလာရာ ဘဲလင်း၊ ကျောက်ဆည်၊ ဟံဇား၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း စသည့်ဘူတာများ ၌ ရပ်တန့်၍ ခရီးသည် တင်/ချမှုကို ဆောင်ရွက်ပေးခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာ့မီးရထားအနေဖြင့် ခရီးသည်များ အဆင်ပြေစွာ ခရီးသွားလာ နိုင်ရေးအတွက် နေပြည်တော်-သာစည်-မန္တလေးလမ်းပိုင်း၌ ခရီးတို ရထား RBE တွဲဆိုင်းဖြင့် အစုန်အဆန် နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များအနေဖြင့် မိမိတို့သွားလိုသည့်ဘူတာများသို့ လိုက်ပါ စီးနင်း နိုင်ကြောင်းနှင့်လိုက်ပါစီးနင်းလိုသူများအနေဖြင့်ဘူတာများသို့သွားရောက် မေးမြန်းစုံစမ်း လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။ ။ သတင်းစဉ်