Skip to main content

အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၅

အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (AFCDM+3) ကို ယနေ့ နံနက် ၁၁ နာရီတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယ အကြီးအကဲများနှင့်အတူ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်သည်။ အစည်းအဝေးတွင် ဇင်းမယ် နိုင်ငံစုံပါဝင်ခြင်း အစီအစဉ် (Chaing- Mai Initiative Multilateralization- CMIM) အကောင်အထည် ဖော်မှုနှင့်စပ်လျဉ်း၍ ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်း၊ အတိုးနှုန်း၊ ချေးငွေထုတ်ယူမှုအတွက် လမ်းညွှန် စည်းကမ်း သတ်မှတ်ချက်များ။ ပြည်တွင်းသုံးငွေကြေးထည့်ဝင်မှု များ စသည်တို့ကို ဆွေးနွေးခဲ့ကြ သည်။ ။ ထို့ပြင် အစည်းအဝေး တက်ရောက်သူ ဒုတိယအကြီး အကဲများက အာဆီယံ+၃ မက်ခရို စီးပွားရေး သုတေသနရုံး (ASEAN+3 Macroeconomic Research Office - AMRO) ၂၀၂ ခုနှစ် ဘတ်ဂျက်နှင့် ဝန်ထမ်း ခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များ နှင့် CMIM အစီအစဉ်အတွက် ဆွေးနွေးခဲ့ကြပြီး ကာလတို၊ ကာလလတ်နှင့် ကာလရှည် ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များအား ဆွေးနွေးအတည် ပြုခဲ့ကြသည်။ အစည်းအဝေး၌ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက LIBOR | Rate မှာ ၂၀၂၃ ခုနှစ်အထိသက်တမ်း တိုးမြှင့်ထားသော် လည်း အစားထိုးသုံးစွဲရန်အတွက် CMIM reference rate a စပ်လျဉ်း၍ U.S Treasury Bill rate (UST) ကို အသုံးပြုရန်ထောက်ခံ ပါကြောင်း၊ သို့သော် သတင်းအချက်အလက်ရရှိရေးမှာ လွယ်ကူရန်နှင့်လက်တွေ့ကျင့်သုံး ရန် လိုအပ်ပါကြောင်း၊ CMIM အတွက်ငွေကြေးဖလှယ်မှုပြုရာ၌ ပထမအဆင့်အနေဖြင့် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းသုံး ငွေကြေး (Local Currency) ကို နှစ်နိုင်ငံ ငွေကြေးဖလှယ်မှု (Bilateral Local Currency Swap) အဖြစ် အသုံးပြု၍ အတွေ့ အကြုံများ ယူသင့်ပါကြောင်းနှင့် ထိုမှတစ်ဆင့် အာဆီယံ+ ၃ အဖွဲ့ဝင်နိုင်ငံမဟုတ်သော နိုင်ငံ များ၏ ငွေကြေးဖြင့် ဖလှယ်ရာ 038 Settlement Currency အဖြစ်သာအသုံးပြုသင့်ပါကြောင်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်