စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ယနေ့နံနက်ပိုင်းက ချောင်းမငယ်ဆည်ရေသောက် ဧရိယာအတွင်း သီးနှံသစ်တော ရောနှော စိုက်ခင်းများ ထူထောင်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ခေမာကျောင်းလမ်းနှင့် ဧရာ(၁၅)လမ်း ထောင့်အနီး၌ ဓားပြတိုက်၊ လူသတ်မှုကို ကျူးလွန်ခဲ့သူများ နှင့် (ဆ)ရပ်ကွက်၊ ခေမာသီလမ်းရှိ မြောက်ဥက္ကလာပ မြို့နယ်၊ တရားရုံးအား မီးရှို့ဖျက်ဆီးမှု၊ ပစ္စည်းခိုးယူမှုတို့ကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ခေမာကျောင်း လမ်းနှင့် ဧရာ(၁၅)လမ်းထောင့်အနီး၌ မတ် ၂၇ ရက် မွန်းလွဲ၃ နာရီခွဲခန့်တွင် အောင်အောင်ထက် (ခ)အောင်ထက်(ခ)အောင်ကြီး(ဘ)ဦးမျိုးညွန့်၊ ဘိုဘိုသူ(ဘ) ဦးသက်ဦး၊ မင်းမင်းဦး(ဘ) ဦးထွန်း ဝင်း၊ ရဲထွဋ်(ခ)ရဲရင့်ကျော်(ဘ)ဦးထွန်းဝင်း၊ ငမိုး (ခ)အောင်ဇော်မိုး (ဘ)ဦးမောင်တင်၊ အောင်နိုင် ဦး(ဘ)ဦးကျော်ညွန့်၊ ဝဏ္ဏ(ခ)ဝဏ္ဏသူ (ခ)ပြည့်စုံမြင့်(ဘ) ဦးအုန်းမြင့်၊ စည်သူထွန်း(ဘ) ဦးလှမြင့် အောင်၊ ဇော်မျိုးအောင်(ဘ) ဦးဝင်းအောင်၊ ကျော်သူ (ဘ)ဦးဌေးလှိုင်၊ ဂျင်းမီ(ခ) စိုးထွန်းနိုင် (ဘ)ဦးအောင်သိန်း၊ ကျော်ဇေယျာလင်း(ခ) ကောင်းကောင်း(ဘ)ဦးလှမောင်သိန်း၊ အာကာ (ဘ)ဦးလှထွန်း၊ မျိုးကိုကိုကျော်(ဘ) ဦးမြင့်ဝင်း၊ ကိုဖြိုး(ခ)ပြည့်ဖြိုးကျော်(ဘ)ဦးမြင့်သိန်း၊ အောင်သက်ဦး (ဘ)ဦးငွေမြင့်၊ ဒေါ်နီနီအောင်(ဘ)ဦးအောင်တင်၊ ချိုတူး(ခ)မြင့်ဦး(ဘ) ဦးအောင် ကြည်နှင့် အောင်မောင်း(ခ) မင်းမင်းစိုး(ဘ)ဦးကြည်မြင့်တို့သည် ဗိုလ်ကြီး ထက်အောင်ကျော် နှင့်အတူ မောင်သန့်ဇင်ထွေးတို့ စီးနင်းမောင်းနှင်လာသည့် APACHE အမျိုးအစား အနက်ရောင် မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီး ထက်အောင်ကျော် ကိုင်ဆောင်သည့် ပစ္စတိုသေနတ် ၁ လက်၊ MAH(U) အမျိုးအစား ICON တစ်လုံးတို့ကို လုယက်ယူဆောင်ခြင်း၊ ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေးတို့ကို နောက်ပြန်ကြိုးတုပ်ကာ တုတ်များ၊ ဓားများဖြင့် ဝိုင်းဝန်း ရိုက်နှက် ထိုးခုတ်ခြင်း၊ လက်သီးဖြင့်ထိုးခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ် ခဲ့သဖြင့် ၎င်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိကာ မောင်သန့်ဇင်ထွေးမှာ ယာဘက်ရင်ခေါင်းထိုး သွင်းဒဏ်ရာကြောင့် ယာဘက်အဆုတ်ထိုးသွင်းဒဏ်ရာရရှိပြီး ရင်ခေါင်းအတွင်း သွေးလွန် ခြင်းကြောင့် သွေးထွက်လွန် သွေးလန့်၍ သေဆုံးခဲ့ခြင်းတို့ ဖြစ်ခဲ့ရသည်အထိ ၎င်းတို့သည် ဓားပြမှုကို ကျူးလွန်ရာတွင် လူသတ်မှု ကိုပါ ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၉၆/၃၉၇ အရ ဧပြီ ၈ ရက်တွင် “ သေဒဏ် ”အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအောင်မြင်စွာကျင်းပပြီးစီး
ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအား ဧပြီ ၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး ပုလဲအတွဲ ၃၁၇ တွဲကို ငွေကျပ် ၁၄၂၇ ဒသမ ၂၆ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၁၉၅၅ တွဲကို ငွေကျပ် ၃၁၅၉၅ ဒသမ ၇၉ သန်းဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲ ၅၂ တွဲကို ငွေကျပ် ၄၂၅ ဒသမ ၈ သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာသူများအား တွေ့ဆုံ ထောက်ပံ့
နေပြည်တော် ဧပြီ ၁၀
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ကော်မတီဝင်များ ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်၊ ကော်မတီအတွင်းရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုုပ် ဦးစိုင်းထွန်းညို နှင့်အတူ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မ
ပဲခူးမြို့နယ်၊ အင်းတကော်မြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
ပဲခူးမြို့နယ်၊ အင်းတကော်မြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ခင်ဦးမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ လူစုလူဝေးဖြစ်ပွားမှုကို ဖြိုခွဲထိန်းသိမ်းစဉ် သေဆုံး၊ ဒဏ်ရာရရှိသူများရှိ
ခင်ဦးမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ လူစုလူဝေးဖြစ်ပွားမှုကို ဖြိုခွဲထိန်းသိမ်းစဉ် သေဆုံး ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နှင့် ဖျာပုံမြို့၊ နောက်မီးကျေးရွာတို့၌ တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့အပ်နှံ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ပုလောမြို့နယ်များရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးပြီး အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူများကို တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့်ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ Denko စက်သုံးဆီအရောင်းဆိုင်အား အကြမ်းဖက်လူအုပ်စုမှ မင်းမဲ့စရိုက်ဆန်စွာဝင်ရောက်ဖျက်ဆီး၊ ပြင်ဦးလွင်မြို့နှင့် ပြည်မြို့နယ် တို့၌ အများပြည်သူများအား အထိတ်တလန့်ဖြစ်စေရန် အသံမိုင်းများ၊ မီးပုလင်းများဖြင့် လာရောက်ပစ်ခတ်
၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၅၄ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ Denko စက်သုံးဆီအရောင်းဆိုင်အား မျက်နှာဖုံးများစွပ်ထားပြီး အနက်ရောင်များ ဝတ်ဆင်ထားသည့် အကြမ်းဖက်လူအုပ်စုအင်အား ၈ ဦး(စိစစ်ဆဲ)တို့သည် ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား ဆဲဆိုခြိမ်းခြောက်ကာ ၎င်းတို့ထံတွင် အသင့်ပါလာသော ရဲဒင်း၊ တုတ်များဖြင့် ဆီပန့်ကောင်တာနှင့် ငွေစာရင်းကောင်တာများအား အကြောင်းမဲ့ရိုက်ချိုးဖျက်ဆီးသွားခဲ့သဖြင့် ဆီပန့်ကောင်တာ ၅ လုံး နှင့် ငွေစာရင်းကောင်တာ ၁ လုံး တို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။
၂၃-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း
ယမန်နေ့မှ အဆက်
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး အပိုင်း ၃ ပိုင်းခွဲ၍ ရှင်းလင်း တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ယင်းတို့မှာ (က) မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းအပိုင်း၊ (ခ) ဆန္ဒမဲလက်မှတ်များ မြေပြင် ကွင်းဆင်းစစ် ဆေးခြင်းအပိုင်းနှင့်(ဂ) မဲမသမာမှုဖြစ်စဉ်များ အပါအဝင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် များနှင့် စပ်လျဉ်း၍ Video Clips များဖြင့် ရှင်းလင်းတင်ပြခြင်းတို့ ဖြစ်ပါကြောင်း ပြောကြားသည်။