Skip to main content

ရထားလမ်းပိုင်းများတွင် ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော် မတ် ၂၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ့မီးရထားမှ ဦးဆောင် ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာများ၊ ဒုတိယအထွေထွေ မန်နေဂျာများ၊ တိုင်း တာဝန်ခံများတွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

အစည်းအဝေးကို ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ မီးရထား ဦးဆောင် ညွှန်ကြား ရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာများ၊ မြန်မာ့မီးရထား တိုင်း (၁၁) တိုင်း မှ တိုင်းတာဝန်ခံများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။ မီးရထားကဏ္ဍသည် အရေးကြီးအစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက မဲစာရင်း ရှုပ်ထွေးမှု၊ ကွာဟမှုများကြောင့် နိုင်ငံတော်၏ ဒီမိုကရေစီခရီးစဉ် လမ်းတွင် ဖြစ်ပေါ်လာမည့် အခက် အခဲများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်နှင့် စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ အရေး ပေါ်အခြေ အနေကြေညာပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ထုတ်ပြန် ဆောင်ရွက်ခဲ့ရကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ဌာနကြီး (၁၉) ခု ရှိပြီး မြန်မာ့မီးရထားသည် ရထားပြေးဆွဲရေး လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေရသည့် ဌာနဖြစ်၍ လုပ်ငန်းများအောင်မြင် စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်း၏ ပို့ဆောင်ရေးကဏ္ဍ တွင် မော်တော်ကား၊ သင်္ဘော၊ လေယာဉ်နှင့် မီးရထား စသည့် နည်းလမ်း (၄) မျိုးဖြင့် ခရီးသည် နှင့် ကုန်စည်များကို သယ်ယူ ပို့ဆောင်ပေးရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မီးရထား ကဏ္ဍသည်အရေးကြီးကြောင်းကိုထောက်ပြလိုကြောင်း၊ ပို့ဆောင် ရေးဆိုင်ရာ မူဝါဒ၏ ရည်မှန်းချက် (၅) ချက်ကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုကြောင်း၊ လမ်းပန်း ဆက်သွယ် ရေးလုပ်ငန်းများ လုံခြုံချောမွေ့စွာ သွားလာ နိုင်မှသာ ပြည်သူများ၏ နေ့စဉ် နှင့်အမျှ လူမှုရေး၊ စီးပွားရေး အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်မည် ဖြစ်ကြောင်း၊ ရထားပြေးဆွဲရေး လုပ်ငန်းများနှင့် ပတ်သက်၍ သွားလာ ပို့ဆောင်ရေးဌာန၊ မြို့ပြအင်ဂျင်နီယာဌာန၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ စီးပွား ရေးဌာန၊ ဆက်သွယ်ရေးဌာနများ အနေဖြင့် ဌာနအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များ သတ်မှတ်ထားရှိပြီး ဖြစ်၍ ရထားပြေးဆွဲနိုင်ရေး ပူးပေါင်း ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။ ရထားပြေးဆွဲမှုများ ရပ်တန့်ခဲ့ ဆက်လက်၍ ရထားပြေးဆွဲ ရေးနှင့်ပတ်သက်၍ ပြောကြား ရာတွင် မြန်မာ့မီးရထားအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ ရထားပြေးဆွဲရေးလုပ်ငန်း များကို ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့အထိ မန္တလေးမြစ်ကြီးနား လူစီးရထား (၂) စင်း၊ ပုသိမ်-ကြံခင်းလမ်းပိုင်းတွင် လူစီး ရထား (၂)စင်း၊ နေပြည်တော်ချောက်လမ်းပိုင်းတွင် လူစီးရထား (၂) စင်း၊ စုစုပေါင်းလူစီးရထား (၆) စင်းနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းတွင် ရထား (၁၂) ခေါက်သာ ပြေးဆွဲခဲ့ကြောင်း၊မိမိတို့အစိုးရအဖွဲ့ တာဝန်ယူပြီး ဖေဖော်ဝါရီ (၄) ရက်မှစ၍ မြန်မာ့ မီးရထားလမ်းပိုင်း အသီးသီးတွင် ရထားများစတင် ပြေးဆွဲစေခဲ့ရာ ဖေဖော်ဝါရီ (၇) ရက်အထိ လူစီး ရထား (၉၇) စင်း၊ မြို့ပတ်နှင့် ဆင်ခြေဖုံး (၁၄၆)စင်း၊ စုစုပေါင်း (၂၄၃) စင်းထိ တိုးတက်ပြေးဆွဲ နိုင်ခဲ့ပြီး ဖေဖော်ဝါရီ (၈) ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန် ဘူတာကြီး Control Tower သို့ အမည်မသိ လူစုရောက်ရှိ လာပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ဆန္ဒပြမှုအစီ အစဉ်တွင် ပူးပေါင်းပါဝင်ရန်နှင့် အလုပ်မဆင်းရန် ခြိမ်းခြောက် ခြင်း၊ အကျပ်ကိုင်ခြင်းများကြောင့် ဝန်ထမ်းများ အလုပ်ဆင်းခြင်း ရပ်တန့်ပြီး နံနက် ၉ နာရီ မိနစ် ၂၀ မှစတင်၍ ဆက်သွယ်မှုများ ပြတ်တောက်ပြီး ရထားပြေးဆွဲ မှုများ ရပ်တန့်ခဲ့ရကြောင်း။ ဖေဖော်ဝါရီ (၁၃) ရက်မှစ၍ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း ရထားပြေးဆွဲခြင်း၊ ဖေဖော်ဝါရီ (၁၆) ရက် မြို့ပတ်ရထား ( အင်းစိန် - ရန်ကုန် - မင်္ဂလာဒုံအင်းစိန် ခရီးစဉ်ပြေးဆွဲခြင်း၊ ဖေဖော်ဝါရီ (၁၇) ရက် မန္တလေးသာစည် ခရီးတို RBE ရထား ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင် ရွက်ခဲ့ရာတွင် ဆူပူဆန္ဒပြသူများ၊ CDM ပြုလုပ်သည့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ပူးပေါင်း၍ ရထားပြေးဆွဲမှုများကို ဟန့်တားနှောင့်ယှက် ခဲ့ကြကြောင်း၊ သို့ရာ တွင် မြန်မာ့မီးရထား၏ ကြိုးပမ်းဆောင်ရွက်မှု၊ တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့များ၏ လုံခြုံရေး ဆောင်ရွက်ပေးခဲ့မှု များကြောင့် ဖေဖော်ဝါရီ (၁၈)ရက်မှစတင်၍ RBE ရထားများကို နေပြည်တော်-တောင်ငူ၊ နေပြည်တော် - သာစည် - မန္တလေး၊ မန္တလေး-ခင်ဦးလမ်းပိုင်းများတွင် အစုန်/ အဆန် ပြေးဆွဲနိုင်ခဲ့ပြီး လက်ရှိတွင် နေပြည်တော်သာစည်-မန္တလေးလမ်းပိုင်း၌ RBE ခရီးတို ရထားများကို ပြေးဆွဲနိုင် ခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ကုန်ရထား (၂) စင်းကိုလည်း ရန်ကုန်သို့ ပို့ဆောင်ပေး နိုင်ခဲ့ကြောင်း၊ မြန်မာ့မီးရထားဝန်ထမ်းများ၏ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများအပေါ် အသိအမှတ် ပြုပါကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ ( ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို လိုက်နာပြီး မှန်ကန်သော စိတ်ဓာတ်ဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပြီး ရထားလမ်းပိုင်းအသီးသီး၌ ရထားများ အမြန်ဆုံး ပုံမှန်ပြန်လည် ပြေးဆွဲနိုင်ရေး ကြိုးပမ်းအား ထုတ်ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်း (၁) မှ တိုင်း (၁၁) အထိ တိုင်းတာဝန်ခံများက မိမိတို့ တိုင်းအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ CDM လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေသော ဝန်ထမ်းများ အခြေအနေ၊ CDM လှုပ်ရှားမှုတွင် မပါဝင်ဘဲ လုပ်ငန်းများဆောင်ရွက် နေမှု အခြေအနေနှင့် ရထား ပြေးဆွဲရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး ရမည့် အခြေအနေများ ကို တင်ပြ ဆွေးနွေးသည်။ ဆက်လက်၍ တိုင်းတာဝန်ခံ များ၏ တင်ပြချက်များအပေါ် အထွေထွေမန်နေဂျာ (အောက် မြန်မာပြည်)၊ အထွေထွေမန်နေဂျာ(အထက် မြန်မာပြည်) တို့မှ ဖြည့်စွက်တင်ပြရာ ပြည်ထောင် စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဖြည့်စွက်မှာကြားသည်။ ဖြည့်စွက်တင်ပြ ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြား ရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ဒုတိယ အထွေထွေမန်နေဂျာ များက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရာ ဆွေးနွေးချက်များ နှင့်ပတ်သက်၍ ဒုတိယဝန်ကြီး များက ဖြည့်စွက်တင်ပြ ကြသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက တိုင်းအဆင့်အရာထမ်း များအနေဖြင့် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး၊ ကိုယ့်တိုင်း ကိုယ့်နယ်မြေအတွင်း အောက်ခြေ အဆင့်ထိ ထိတွေ့ပြီး လိုအပ်ချက်များ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖိအားပေးနေသည့် အဖျက်အမှောင့်သမားများ သည် မိမိဌာန၏ ဝန်ထမ်းရပ်ကွက် အတွင်း၌ ရှိနေခြင်း၊ အဖျက်လုပ်ရပ်များ လုပ်ဆောင်နေခြင်း များကိုဖော်ထုတ်၍သအာဏာ ပိုင်အဖွဲ့အစည်းများထံသို့သတင်း ပေးကာ ဖမ်းဆီးထိန်းသိမ်း ခြင်း၊ အရေးယူခြင်းများဖြင့် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေ၌ မြန်မာ့ မီးရထား နယ်မြေ၊ ဘူတာလမ်းပိုင်း၊ စက်ရုံ၊ အိမ်ရာများအတွင်း ကျူးကျော် ဝင်ရောက် အခြေချ သူများ အဖျက် လုပ်ရပ်များကို လုပ်ကိုင်နေသူ များကို နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ များ အကူအညီယူ၍ ရှင်းလင်းအရေးယူဆောင်ရွက်ရမည်အရေးပေါ် ကာလအတွင်း အချို့ဝန်ထမ်း များ မိမိတာဝန်ကို ပြန်လည် ထမ်းဆောင်မှုမပြု ခြင်းသည် ဝန်ထမ်းစည်းမျဉ်း စည်းကမ်း ဖောက်ဖျက်ခြင်းဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအတိုင်း အရေးယူဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုတွင် ခေါင်းဆောင် ပါက ဥပဒေအရ တရားစွဲခံရမည် ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေသော ဝန်ထမ်း များ ကိုလည်းနိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်ရန် ညွှန်ကြား ထားပြီး ဖြစ်၍ စိစစ်အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကြောင်းမဲ့၊ ပျက်ကွက်နေသော ဝန်ထမ်း များကိုလည်း တာဝန်ရှိသူများက ဆက်သွယ်ပြီး အမြန်ဆုံးလုပ်ငန်း ခွင်သို့ ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ လက်ရှိရထားပြေးဆွဲချိန် များတွင် ရထားလမ်းများကို မသမာသူများက အတားအဆီး ချထားခြင်း၊ သံလမ်းများ ဖြုတ်ထားခြင်း၊ ကွန်ကရစ် ဇလီဖားတုံးကလစ်များ ဖြုတ်ထား ခြင်း၊ သံလမ်းဆက်များ ဖြုတ်ထား ခြင်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရထား သံလမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာ ဌာနများက လုံခြုံမှုရှိစေရေး စစ်ဆေးကြပ်မတ်ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ ဝန်ထမ်းများဖြစ်သည့် အတွက် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်ကို လိုက်နာပြီး မိမိ၏လုပ်ငန်းတာဝန်များ ရပ်တန့်မှု မဖြစ်ပေါ်စေရေး တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် ရထား လမ်းပိုင်းများတွင် ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြ ရန် တိုက်တွန်းမှာကြားလို ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အခြားဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စ ရပ်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မှာကြားသည်။ သတင်းစဉ်