Sep 08, 2024

“သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး ဤရှစ်လုံးကို၊ သီကုံးပန်းသွင်နေ့တိုင်းဆင်လော့”လို့ ဆိုကာ ရှင်မဟာရဋ္ဌသာရက ဧကပိုဒ်ရတုနဲ့ရေးသားခဲ့ပါတယ်။ စာရှစ်လုံးမှာ ပါဠိစကားတို့ရဲ့ အစစာလုံးတွေဖြစ်ကြပြီး သုဏေယျ၊ စိန္တေယျ၊ ပုစ္ဆေယျ၊ ဘာသေယျ၊ ဝိစာရေယျ၊ လိခေယျ၊ သိက္ခေယျနဲ့ ဓာရေယျတို့ဖြစ်ကြပါတယ်။
Sep 08, 2024

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင်လည်းကောင်း၊ အသက်ရှင်နေထိုင်ရေးအတွက် ဝမ်းစာရေးရှာဖွေရာတွင်လည်းကောင်း၊ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးတရားများ ရှာဖွေအားထုတ်ရာတွင်လည်းကောင်း စာပေတတ်မြောက်မှုသည် အလွန်ပင်အရေးကြီးသည်။
Sep 07, 2024

လူတစ်ဦးသည် စာဖတ်တတ်၊ ရေးတတ်လျှင် စာတတ်သည်ဟု ယေဘုယျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။ ခေတ်သစ်ကမ္ဘာကြီးတွင်မူ သီးသန့်နယ်ပယ်တစ်ခု၌ အသိပညာ ဗဟုသုတကြွယ်ဝခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်းကို စာတတ်မြောက်သည်ဟု ဆိုလာကြသည်။ စာတတ်မြောက်မှု အယူအဆသဘောတရားသည် တဖြည်းဖြည်းပြောင်းလဲလာနေပြီဖြစ်သည်။ မျက်မှောက်ကာလတွင် စာတတ်မြောက်မှု၌ ဘာသာစကား၊ ကိန်းဂဏန်းအချက်အလက်၊ ဓာတ်ပုံ၊ ကွန်ပျူတာ၊ ဆက်သွယ်ရေးနှင့် အခြားသောဗဟုသုတများကို သိရှိနားလည်ခြင်း၊ ကျွမ်းကျင်တတ်မြောက်ခြင်းနှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းတို့လည်း အကျုံးဝင်လာသည်။
Sep 05, 2024

မိမိတို့နိုင်ငံသားများ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာလများမှစတင်၍ နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံမှု၊ နိုင်ငံခြားသို့သွားရောက်မှု ပိုမိုများပြားလာပါသည်။ နိုင်ငံတော်တာဝန်ဖြင့် သွားရောက်ရခြင်း၊ မိမိအစီအစဉ်ဖြင့်သွားရောက်ရခြင်း အမျိုးမျိုးရှိကြရာ နိုင်ငံ့တာဝန်ဖြင့်သွားရောက်ရခြင်း၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်အဖြစ် သွားရောက်ရခြင်းသည် မိမိနိုင်ငံကို ကိုယ်စားပြုသွားရောက်ရခြင်းဖြစ်သဖြင့် ပိုမိုတာဝန်ကြီးပါသည်။ မိမိ၏ဝတ်စားဆင်ယင်မှုမှအစ အပြောအဆို၊ အပြုအမူလှုပ်ရှားမှုသည် မိမိကိုသာမက ကိုယ်စားလှယ်အဖွဲ့နှင့် အဆုံးစွန်အနေဖြင့် နိုင်ငံကိုပါရောင်ပြန်ဟပ်စေပါသည်။ လူမျိုးအမည်တပ်၍ သုံးသပ်ပြောဆိုလာနိုင်ပါသည်။
Sep 05, 2024

ကမ္ဘာတစ်ဝန်းလက်ရှိဖြစ်ပေါ်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် လေထုညစ်ညမ်းမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေရုံသာမက လူသားတို့၏ ကျန်းမာရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့ကိုလည်း ထိခိုက်စေလျက်ရှိပါသည်။
Sep 04, 2024

ဉာဏ်ရည်တု AI (Artificial Intelligence) နည်းပညာက အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ သို့သော် AI ကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့်လူက အများစုဖြစ်သည့်အတွက် လူသားတစ်ရပ်လုံးအတွက် စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုများ တိုးပွားလာပြီး အန္တရာယ်သတိပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေသည်ကို သတိထားမိလာကြသည်။ AI နည်းပညာဖြင့် ဗီဒီယို၊ ဓာတ်ပုံအတုများက လူတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲလာအောင် လှည့်စားနိုင်သလို လူငယ်များ အထူးသဖြင့် မိန်းကလေးငယ်များအတွက် ကြီးမားသည့်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့်အခါ အရာရာတိုးတက်မှုနှင့် စိန်ခေါ်မှုက ဒွန်တွဲစမြဲပင်ဖြစ်သည်ကို ဆင်ခြင်ရတော့မည်ဖြစ်ပါသည်။
Sep 04, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Sep 04, 2024

ပြင်လက်စဆိုင်ကယ်များအကြား ဦးစိုင်းပန်းစိန်သည် အလုပ်များနေသည်။ ဦးစိုင်းပန်းစိန်၏လုပ်ငန်းခွင်သည် အလုပ်များလေ ဝင်ငွေများလေဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးရေးကို ကိုယ်တိုင်ကိုယ်ကျ နှစ်ဆကြိုးစားလျက်ရှိသည်။
Sep 04, 2024

နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ လူတစ်ဦးချင်းနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြသည့် ကမ္ဘာလုံးဆိုင်ရာအခမ်းအနားတစ်ခုဖြစ်သည်။ ဤနေ့သည် စာတတ်မြောက်ရေး၏ အရေးပါမှုနှင့်ပတ်သက်၍ အသိပညာများမြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝန်း စာတတ်မြောက်မှုနှုန်း မြင့်မားရေးအတွက် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
Sep 03, 2024

၁၉၇၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ၌ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်းကို စတင်တွေ့ရှိခဲ့သည့် Mpox(မျောက်ကျောက်)ရောဂါသည် အာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေဖြင့်သာ ကူးစက်လေ့ရှိရာမှ ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံအချို့သို့ပါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားခဲ့၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International concern- PHEIC)အဖြစ် သတ်မှတ်ကြေညာ တုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှုသိသာစွာ ကျဆင်းခဲ့သည့် အတွက် ၂၀၂၃ ခုနှစ် မေလတွင် PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့ပါသည်။