Sep 12, 2024

တရားသောစစ်မူသဘောတရား(Just War Theory)အရ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်လွတ်လပ်မှုကို ထိပါးနှောင့်ယှက်လာတဲ့အခါမှာ အဲဒီနိုင်ငံအနေနဲ့ ကာကွယ်ခုခံနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒီမူသဘောတရားကပဲ နိုင်ငံတစ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နိုင်ငံရေးလွတ်လပ်မှုကို မပြိုကွဲမပျက်စီးစေဖို့အတွက် ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးကို ခွင့်ပြုထားတာပဲဖြစ်ပါတယ်။
Sep 11, 2024

လက်ရှိအချိန်တွင် လူကုန်ကူးမှုသည် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုပြီးလျှင် တတိယမြောက် အများဆုံးရာဇဝတ်မှုဖြစ်သည်။ နှစ်စဉ် တရားမဝင်လူကုန်ကူးခံရသူ သန်း ၂၀ ခန့် ရှိပြီး ထိုလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ခန့်ရရှိနေကြသည်။
Sep 11, 2024

တစ်ဦးတစ်ယောက်ကောင်းလုပ်ဆောင်မှုနဲ့ အများနဲ့ပူးပေါင်းလုပ်ဆောင်မှုဆိုတဲ့ နှစ်မျိုးအကြား ဘယ်ဟာက ပိုကောင်းလဲဆိုတဲ့ မေးခွန်းကတော့ အင်မတန်မှကို စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ “တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ” ဆိုတဲ့စကားအတိုင်း လူ့သမိုင်းတစ်လျှောက်မှာ သူရဲကောင်း၊ တစ်ကိုယ်တော် စွမ်းဆောင်မှုတွေကြောင့်လည်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လူ့အဖွဲ့အစည်းဟာ ပိုပြီးစုစည်းလာသလို ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့လာတာနဲ့အမျှ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့နဲ့စုပေါင်းလုပ်ဆောင်မှုဟာ တစ်ဦးတစ်ယောက်ကောင်း စွမ်းဆောင်မှုထက် ပိုမိုထိရောက်မှုရှိတယ်ဆိုတာ သိရှိလာပါတယ်။
Sep 10, 2024

“ဝဥ” ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ “ဝဥ” အမည်ကို နောက်တစ်မျိုးအနေနဲ့ “ဖျံဥ” လို့လည်း ခေါ်ကြပါတယ်။ “ဝဥ” ဆိုတာက အာဟာရပြည့်ဝတဲ့ သစ်ဥသစ်ဖုတစ်ခုပါ။ အင်္ဂလိပ် လို Elephant Foot Yam (သို့) White Yam (သို့) Telingo လို့ ခေါ်ပါတယ်။ “ဝဥ” ရဲ့ မျိုးရင်းက Araceae ဖြစ်ပြီး မျိုးစုက Amorphophallus မျိုးစိတ်က A. konjac ဖြစ်တာကြောင့် ဒွိနာမအနေနဲ့ Amorphophallus Konjac လို့ ခေါ်ပါတယ်။ ရုက္ခဗေဒအမည်အနေနဲ့ Amorphophallus Companuatus ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ “ဝဥ” မျိုးစိတ်ပေါင်း ၁၃၀ ခန့်ရှိတဲ့အနက် ၁၂ မျိုးခန့်သာ ဖော်ထုတ်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
Sep 09, 2024

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို ခရိုင်အလိုက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျင်းပနေကြပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲတွေကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျင်းပခဲ့ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ်မှ ပြန်လည်ကျင်းပခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် (၂၅) ကြိမ်မြောက် ပြိုင်ပွဲကြီးကိုတော့ ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲကြီးအဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
Sep 09, 2024

ယခုရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံရဲ့ အရှေ့၊ အနောက်အိမ်နီးချင်းနှစ်နိုင်ငံက ဝန်ကြီးချုပ်တွေ နုတ်ထွက်ခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့တကွ မြန်ဆန်တဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတစ်ယောက် ပြင်းထန်တဲ့ လူထုအုံကြွမှုဒဏ်မခံနိုင်ဘဲ ပြည်ပသို့ထွက်ပြေးခဲ့ရအပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေ အခြေခံဥပဒေချိုးဖောက်ပြီး တရားရုံးအရာရှိတစ်ဦးကို လာဘ်ပေးလာဘ်ယူလုပ်ခဲ့သူကို ဝန်ကြီးချုပ်ရုံးဝန်ကြီးခန့်မိတဲ့ အပြစ်ထင်ရှားလို့ဝန်ကြီးချုပ် ဆာရက်သာဗီဆင်ရာထူးက နားခဲ့ရပြန်ပါတယ်၊၊
Sep 09, 2024

နိုင်ငံတစ်နိုင်ငံတွင် ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာ၌ နိုင်ငံအတွင်းရှိ လူဦးရေ၏ အချက်အလက်အရင်းအမြစ်တို့အပေါ် မူတည်ဆောင်ရွက်ရသည်။ နိုင်ငံအတွင်းရှိ လူဦးရေအားလုံး၏ အသက်အရွယ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အလုပ်အကိုင်၊ ယောက်ျား၊ မိန်းမစသည့်စာရင်းအင်း အချက်အလက်များကို တိကျမှန်ကန်စွာသိရှိနိုင်မှသာ ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို စနစ်တကျ တွက်ချက်ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် လူဦးရေအားလုံး၏ စာရင်းအင်း အချက်အလက်များကို အသေးစိတ်ကောက်ယူမှတ်တမ်းပြုစုရသည့် လုပ်ငန်းသည် အလေးထားလုပ်ဆောင်ရမည့်လုပ် ငန်းဖြစ်ပါသည်။ ထိုသို့လူဦးရေအားလုံး၏ စာရင်းအင်းအချက်အလက်များကောက်ယူသည့်လုပ်ငန်းကို သန်းခေါင်စာရင်းကောက်ယူခြင်းဟု ခေါ်သည်။ သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူဆောင်ရွက်ရသည်ဖြစ်ရာ သန်းခေါင်စာရင်းဟူသော ဝေါဟာရသည် ၁၀ နှစ်တစ်ကြိမ် လူဦးရေရေတွက်ခြင်း သို့မဟုတ် လူဦးရေစာရင်းကောက်ယူခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။
Sep 09, 2024

တိုင်းပြည်မှာ အကျပ်အတည်းပေါင်းစုံရဲ့ အကြောင်းတရား၊ ရှိရှိသမျှများစွာသော အကြောင်းတရားများစွာမှာ အလျင်အမြန်ဖြေရှင်းပေးရမယ့် သော့ချက်အကျဆုံးပြဿနာက ပြည်တွင်းတည်ငြိမ်ရေးမှလွဲပြီး အခြားမရှိပါ။ နိုင်ငံမှာ စစ်ကြောင့် ပျက်စီးမှုတွေ၊ ရေကြည်ရာမြက်နုရာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူတွေ၊ သေကွဲရှင်ကွဲခွဲကြရတဲ့ အရွယ်မမြောက်လူမမည်တွေနဲ့ နေရာအနှံ့ဆိုးသွမ်းစရိုက်တွေ၊ ဆုံးရှုံးသွားရတဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ စိုးရိမ်သောကတွေ၊ တစ်သက်လုံးစုဆောင်းထားသမျှ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားရတဲ့အတွက် အနာဂတ်မဲ့သွားသူတွေ၊ အဖျက်အင်အားစုတွေကြား သားကောင်ဖြစ်ရသူတွေ။
Sep 08, 2024

“သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး ဤရှစ်လုံးကို၊ သီကုံးပန်းသွင်နေ့တိုင်းဆင်လော့”လို့ ဆိုကာ ရှင်မဟာရဋ္ဌသာရက ဧကပိုဒ်ရတုနဲ့ရေးသားခဲ့ပါတယ်။ စာရှစ်လုံးမှာ ပါဠိစကားတို့ရဲ့ အစစာလုံးတွေဖြစ်ကြပြီး သုဏေယျ၊ စိန္တေယျ၊ ပုစ္ဆေယျ၊ ဘာသေယျ၊ ဝိစာရေယျ၊ လိခေယျ၊ သိက္ခေယျနဲ့ ဓာရေယျတို့ဖြစ်ကြပါတယ်။
Sep 08, 2024

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင်လည်းကောင်း၊ အသက်ရှင်နေထိုင်ရေးအတွက် ဝမ်းစာရေးရှာဖွေရာတွင်လည်းကောင်း၊ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးတရားများ ရှာဖွေအားထုတ်ရာတွင်လည်းကောင်း စာပေတတ်မြောက်မှုသည် အလွန်ပင်အရေးကြီးသည်။