အလိုဟဲ့ အိုဘယ့် ဘီဘီစီ
ဘီဘီစီ (BBC) ဆိုတာကို တချို့က ‘‘ဗြိတိသျှ ပျင်းစရာကော်ပိုရေးရှင်း’’ (British Boring Cor-poration)လို့ ခေါ်ကြတယ်။ တချို့ကျတော့လည်း ‘‘ဗြိတိသျှ အလိမ်အညာကော်ပိုရေးရှင်း’’ (British Bullshit Corporation) လို့ ဆိုကြတာပေါ့။ ကြိုက်တာရွေးခေါ်လိုက်၊ ဘယ်လိုပဲခေါ်ခေါ် အဲဒီပေါက်ပန်းလေးဆယ် အလိမ်အညာ သတင်းဖြန့်တဲ့ ကော်ပိုရေးရှင်းကတော့ အတူတူပဲ။
သူတို့ဟာ ဆယ်စုနှစ်ပေါင်းများစွာတည်းက လိမ်ညာတဲ့သတင်းတွေကို ဖြန့်ချိလာခဲ့တာ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူသန်းပေါင်းများစွာဟာ ဒီပေါက်ပန်းလေးဆယ်သတင်းသမားတွေရဲ့ သတင်းဆိုတာတွေကို အဟုတ်ထင်ပြီး ယုံယုံကြည်ကြည် နားထောင်ခဲ့ကြတာ။ မြန်မာနိုင်ငံကလည်း ဒီကော်ပိုရေးရှင်းရဲ့ မရပ်မနားလိမ်ညာဖန်တီးတဲ့ သတင်းတု၊ သတင်းယောင်တွေရဲ့ရှေ့တန်းမှာ ပါဝင်ခဲ့ရတာပဲ။
သူတို့က အလွန်ကိုကြီးမားပြီး အစွမ်းထက်၊ ပရိယာယ်များတဲ့ PR (လူထုဆက်ဆံရေး) ယန္တရားကြီးကို ပိုင်ဆိုင်ထားတော့ သူတို့ရဲ့အပြစ်၊ ဒုစရိုက်တွေကို အချိန်အတော်ကြာ ဖုံးကွယ်ထားနိုင်ခဲ့တယ်။ ဒီကော်ပိုရေးရှင်းကို ဘယ်သူမှ ပြန်မတိုက်နိုင်ခဲ့ဘူး။ သူတို့မှာ ကလေးသူငယ်လိင်အလွဲသုံးစားမှု (pedo – pedophilia) အရှုပ်တော်ပုံတွေတောင် အများကြီးရှိခဲ့တယ်။ ဒါတွေကတကယ်ဖြစ်ခဲ့တာနော်။ မြန်မာနိုင်ငံကလူတွေ ဒါတွေအားလုံးကို သိထားသင့်တယ်။ အွန်လိုင်းမှာ ဒီ pedo နဲ့ပတ်သက် တဲ့ အရှုပ်တော်ပုံတွေကို ရှာကြည့်ကြပါ။ တခြားအရှုပ်တော်ပုံတွေလည်း ရှိသေးတယ်၊ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ရာဇဝတ်မှုတွေကို ဖုံးကွယ်ပြီး ဘာမှမဖြစ်သလို မှင်သေသေနဲ့ အလုပ်ဆက်လုပ်သွားခဲ့ကြတာ။
ဒီအလိမ်အညာ BBC ရဲ့ မျက်နှာဖုံးကို ဆွဲလှန်ဖို့အတွက်တော့ သမ္မတဒေါ်နယ်ထရမ့်လို အစွမ်းအထက်ဆုံးနဲ့ သတ္တိအရှိဆုံး ခေါင်းဆောင်တစ်ယောက် လိုအပ်ခဲ့တာပဲ။ သူတို့ဟာ အလိမ်အညာသတင်းတွေကို မရပ်မနား၊ အတားအဆီးမရှိ ဖြန့်ချိလာခဲ့တာ အတော်ကြာပြီဆိုတော့၊ သူတို့ရဲ့ ကောင်းကင်ဘုံ အထိရောက်အောင် မြင့်မားနေတဲ့မာနတွေ ကြောင့် ဘာမှမမြင်နိုင်တော့ဘဲ ကန်းသွားကြတော့တာပဲ။ ဘာလို့လဲဆိုတော့... ပြီးခဲ့တဲ့နှစ် အမေရိကန် ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်အလိုမှာ သမ္မတထရမ့်ရဲ့ မိန့်ခွန်းတစ်ခုကို ဖြတ်တောက်၊ ပြင်ဆင်ပြီးတော့ အဲဒီအလိမ်အညာ မှတ်တမ်းရုပ်သံကို ထုတ်ပြန်ခဲ့လို့ပဲ။
သူတို့ဟာ(ဒေါ်နယ်ထရမ့်) ပထမသက်တမ်းတုန်းက ခေါင်းငုံ့နေခဲ့ရတယ်။ သူတို့အသည်းအထန် မုန်းတီးရွံရှာတဲ့အဲဒီလူက ဒုတိယသက်တမ်းကို ရတော့မယ်ဆိုတဲ့အချက်ကို သူတို့နားလည်နိုင် စွမ်းမရှိဘူး ဖြစ်နေတာ။
ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်အလိုမှာ မဟုတ်မမှန် ပြင်ဆင်ထားတဲ့ ဗီဒီယိုအတုကို ထုတ်လိုက်တာဟာ အမေရိကန်ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးဖို့၊ ရွေးကောက်ပွဲရဲ့အခြေအနေကို ပြောင်းပြန်လှန်နိုင်မလားလို့ မျှော်လင့်ပြီး အနိုင်ရဖို့ နောက်ဆုံး အားကုန်ကြိုးစားပစ်လိုက်တာပဲ။
သမ္မတထရမ့်ရဲ့ ပထမသက်တမ်းမှာ ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့တဲ့ ရုရှားအရှုပ်တော်ပုံ စာရွက်စာတမ်း (Russia dossier) ကို ရေးသားခဲ့တာကလည်း အမေရိကန်ရဲ့ အနီးဆုံးမဟာမိတ် နိုင်ငံက လူဆိုးတစ်ယောက် (thug)ပဲ။
အခုလည်း ဒုတိယသက်တမ်းအောင်ပွဲကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဆီက ကော်ပိုရေးရှင်းပဲ ဖြစ်ပြန်တယ်။
ဒီတော့ ရုရှားမဟုတ်ခဲ့ဘူးဆိုတာ ပေါ်နေပြီ။ အဲဒါကစကတည်းက သူတို့ရဲ့လိမ်ဆင်ကြီး (hoax) သက်သက်ပဲ။
တကယ်တော့ ကမ္ဘာကြီးရဲ့ ကောင်းကျိုးချမ်းသာကို မြင့်မြတ်တဲ့တန်ခိုးရှင်တွေက အပေါ်ကနေ စောင့်ကြည့်နေတာ ဖြစ်ရမယ်။
အမေရိကန်ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးဖို့ ဒီကော်ပိုရေးရှင်းရဲ့ ကြိုးပမ်းမှုဟာ လုံးဝရှုံးနိမ့်ခဲ့တယ်။ သမ္မတထရမ့်က အပြတ်အသတ် (land-slide) အနိုင်ရခဲ့ပြီးအခုတော့ သူတို့ရဲ့ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေက သူတို့ဆီကို ပြန်ခြောက်လှန့်ဖို့ ရောက်လာပြီ။ ဒီနောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု တွေက ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာ ဖြစ်လာစေမှာပါ။ ဘာဖြစ်ခဲ့သလဲဆိုတာ စာဖတ်သူတွေ ရှင်းရှင်းလင်းလင်းသိရအောင် ပြောပြရရင်...
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ သမ္မတထရမ့်ပြောခဲ့တဲ့မိန့်ခွန်းဟာ စာမျက်နှာ ၂၄ မျက်နှာရှိတယ်။ ဒီကော်ပိုရေးရှင်းက ဘာလုပ်လဲဆိုတော့ ပထမစာမျက်နှာရဲ့ ပထမဆုံးစာကြောင်းတွေကိုယူတယ်။ ပြီးတော့ နောက်ဆုံးစာမျက်နှာရဲ့ နောက်ဆုံးစာကြောင်းက ပြောခဲ့တာတွေကို ယူလိုက်တယ်။ အဲဒီအပိုင်းနှစ်ခုကို ပေါင်းစပ်လိုက် တာဟာ သမ္မတထရမ့်က အကြမ်းဖက်ဖို့ လှုံ့ဆော်ခဲ့သလိုမျိုး ပုံစံပေါက်သွားတယ်။
ဘယ်လို အနောက်တိုင်း သတင်းကျင့်ဝတ် စံနှုန်းနဲ့ပဲကြည့်ကြည့်၊ ဒါဟာ သတင်းသမားတွေ ရဲ့ကျင့်ဝတ်ကို အကြီးအကျယ်ချိုးဖောက်ပြီး မလုပ်သင့်တဲ့အပြစ် (cardinal sin of journalism) တစ်ခုပဲ။
သူတို့ဟာ ၂၀၂၁ က မိန့်ခွန်းကိုမဟုတ်မမှန် ပြင်ဆင်၊ ဖြတ်ညှပ်ကပ်လုပ်ပြီး ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်အလိုမှာ ထုတ်ပြန် ခဲ့တယ်။
ဒါဟာ သမ္မတထရမ့် မပြောခဲ့တဲ့စကားကို ပြောခဲ့တယ်လို့ထင်အောင် ပရိသတ်ကို ထင်ရှားစွာ လိမ်ညာလှည့်ဖြားလိုက်တာပဲ။
ဒီလူလိမ်လူညာတွေဟာ တတ်နိုင်သမျှပုန်းကွယ်ပြီး အချိန်ဆွဲနေခဲ့ကြသေးတယ်။ ဒါပေမယ့်သမ္မတအိမ်ဖြူတော်ရဲ့ ဖိအားတွေအောက်မှာတော့ သူတို့ရဲ့ CEO နဲ့ ညွှန်ကြားရေးမှူးချုပ်တို့ဟာ ရာထူးကနေ နုတ်ထွက်သွားပြီ။ သူတို့ရဲ့ဥက္ကဋ္ဌကလည်း လူသိရှင်ကြား တောင်းပန်ခဲ့ရပြီ။ အဆုံးမှာ တော့ ဒူးထောက်ကြရပြီ။
သမ္မတထရမ့်ရဲ့ သတင်းထုတ်ပြန်ရေး အတွင်း ရေးမှူးက BBC ကို “၁၀၀ ရာခိုင်နှုန်း အလိမ်အညာ သတင်း” လို့ကို ခေါ်လိုက်တာ။ တော်တယ်။ မှန်တယ်။ ဒီလိုပဲဆက်လုပ်ရမယ်။
ခိုးထုပ်ခိုးထည်ကြီးနဲ့မိနေတာတောင် အားမတန်လို့ မာန်လျှော့ပြီး ရာထူးကနေ ဆင်းသွားရတဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်းက ဘာမှမမှားဘူး၊ ဒီကော်ပိုရေးရှင်းရဲ့ သတင်းသမားလုပ်ရပ်တွေကို အလွန်ကိုဂုဏ်ယူတယ်လို့ ပြောသွားသေးတယ်။ ဒီကိစ္စတွေ အားလုံးပေါ်လာတာဟာ ‘‘ရန်သူတွေ’’ ကြောင့်လို့လည်း သူကဆိုတယ်။ ‘‘အမှားလေး နည်းနည်းတော့ ဖြစ်ခဲ့တယ်’’တဲ့။ အမှားလေး နည်းနည်းဟုတ်သလား။
ရာထူးကနေ ထွက်ခွာသွားတဲ့ CEO ဟောင်းက လည်း ‘‘ခြစားနေတဲ့ သတင်းသမားတွေ’’ (corrupt journalists) ဆိုတဲ့ သမ္မတထရမ့်ရဲ့ ပြောဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ သူတို့ရဲ့သတင်းဌာနဟာ ‘‘အဖွဲ့အစည်းဆိုင်ရာ ဘက်လိုက်မှုမရှိဘူး’’လို့ ပြောခဲ့ပြီး ‘‘ကမ္ဘာ့အယုံကြည်ရဆုံးသတင်းဌာန’’လို့ ဆက် ပြောသွားသေးတယ်။
ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲ။ သူတို့မှာ အရှက်ဆိုတာမရှိတော့ဘူးလား။ မရှိပါဘူးလေ။ သိက္ခာဆိုတာ တစ်စက်ကလေးတောင် မရှိတော့ဘူး!
ဒီလူတွေ ပေါက်ပန်းလေးဆယ်မှ တကယ့် ပေါက်ပန်းလေးဆယ်တွေပါပဲ။
ကဲ... အခု မြန်မာနိုင်ငံအကြောင်းကို တစ်လှည့် ပြောကြည့်ရအောင်။
ဒီ BBC က မြန်မာနိုင်ငံမှာ အလိမ်အညာသတင်း တွေ ဖြန့်၊ ပြည်တွင်းရေးတွေကို ဝင်စွက်ဖက်နေတာ အတော်ကြာနေပြီ။
သူတို့လို လူစားမျိုးက အင်ပါယာကြီး (The Empire) နေဝင် ကွယ်ပျောက်သွားတာ ကြာပြီဆိုတဲ့ အမှန်တရားကို လက်မခံနိုင်ကြဘူး။ သူတို့ရဲ့စိတ်ကူးထဲမှာ မြန်မာနိုင်ငံဟာ ကိုလိုနီနယ်ဖြစ်နေတုန်းပဲလို့ ထင်နေပုံရတယ်။ ဒါကြောင့် မြန်မာလိုနိုင်ငံမျိုးမှာ ဆက်ပြီးဝင်ရောက်စွက်ဖက်ပြီး မတည်ငြိမ်မှုတွေဖြစ်အောင် လုပ်နေရမယ်လို့ ယူဆကြတာ။
ဘာဖြစ်လို့ BBC မြန်မာပိုင်းအစီအစဉ် (BBC Myanmar Service) ဆိုတာ ရှိနေရတာလဲ။
(၁) သူတို့ လက်မလွှတ်နိုင်သေးလို့။
(၂) ဆက်လက်ပြီး ဝင်စွက်ဖက်ဖို့အတွက် သက်သက်။ ဒါမှ မဟုတ် ….
(၃) သတင်းအချက်အလက် စုဆောင်းဖို့ ဖြစ်နိုင်တယ်။
သူတို့ဟာ မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက် ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ကြဦးမှာပဲ။ တရားဝင်ရော၊ တရားမဝင်ရော ဝင်လာကြလိမ့်မယ်။ မြန်မာလိုနိုင်ငံငယ်လေးရဲ့ အချုပ်အခြာအာဏာ (sovereignty) ဆိုတာ သူတို့အတွက် အရေးလုပ်စရာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုလိုနီနယ်ဖြစ်နေတုန်းပဲ မဟုတ်လား။
ကောင်းပြီ။ လွန်ခဲ့တဲ့လအနည်းငယ်က အကြီးအကျယ်ပျက်စီးစေခဲ့တဲ့ ငလျင်ပြီးပြီးချင်းမှာပဲ သူတို့ဟာ တရားမဝင် ဝင်ရောက်ခဲ့ကြတာကိုကြည့်။ ဒီလိုအလိမ်အညာသတင်းသမား လူဆိုးဂိုဏ်း (fake news thugs) တွေကို ဘယ်သူ့ကိုမှ မပေးဝင်သင့်ဘူး။ ဉာဏ်ရည်နိမ့်တဲ့ (low IQ) အလိမ်အညာသတင်း ‘‘သတင်းသမား’’ ဆိုတဲ့သူက သူတို့ တရားမဝင် ဝင်ရောက်ခဲ့တာကိုတောင် သတင်းထဲမှာ ပေါ်တင်ပြောသွားသေးတာ။
နောက်တစ်ခါ သူတို့ဝင်လာပြီး အဖမ်းခံရရင် ဥပဒေရဲ့အမြင့်ဆုံးပြစ်ဒဏ်နဲ့ တရားစွဲပစ်လိုက်ပါ။ ဒီတရားစီရင်မှု လုပ်ငန်းစဉ်တွေကို လူသိရှင်ကြားချပြလိုက်၊ တစ်ကမ္ဘာလုံးကိုသိစေပါ။ သူတို့ရဲ့အမှားတွေကို ကမ္ဘာသိအောင် ဖော်ထုတ်ပြီး သူတို့သိက္ခာကျအောင် အရှက်ရအောင် လုပ်လိုက်ပါ။
ဒီခေတ်ကြီးမှာ သူတို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဥပဒေစနစ်တွေကို ‘‘သားပိုက်ကောင် တရားရုံး’’ (kangaroo court - တရားဝင်ဥပဒေစနစ်နဲ့ မသက် ဆိုင်တဲ့၊ တရားမျှတမှုမရှိဘဲ လျင်မြန်စွာ စီရင်ဆုံးဖြတ်တဲ့အဖွဲ့ ဒါမှမဟုတ် တရားစီရင်ရေး လုပ်ငန်းစဉ်) လို့ ပြောလို့မရတော့ဘူး။
တခြားနိုင်ငံတွေမှာရှိတဲ့ သူ့ရဲ့သတင်းဌာနခွဲတွေဟာ သူတို့ရဲ့ သတင်းကျင့်ဝတ်စံနှုန်းအောက်မှာ ရှိတယ်လို့ ဒီကော်ပိုရေးရှင်းကြီးက ဘယ်လိုလုပ် ပြောရဲသေးလဲ။ လက်တွေ့ကျကျ စဉ်းစားကြည့်အမှန်အတိုင်း ပြောကြည့်ရအောင်။ ။
{၁၇-၁၁-၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ ထွန်းမြင့်ကျော် (အယ်လ်အေ) ၏ The BBC ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုထားပါသည်။}
