Skip to main content

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(ဆွစ်လန်နိုင်ငံ)

ဆွစ်ဇာလန်နိုင်ငံကို Swiss Confederation (ဆွစ်ပြည်ထောင်စု)ဟု ခေါ်ဝေါ်လေ့ရှိပြီး ဖက်ဒရယ်ပြည်နယ် (Canton) ၂၆ ခု ပါဝင်သော ဖက်ဒရယ်နိုင်ငံဖြစ်ပါသည်။ ကုန်းတွင်းပိတ် နိုင်ငံတစ်ခုဖြစ်၍ အရှေ့ဘက်တွင် ဩစတြီးယားနိုင်ငံ၊ အနောက်ဘက်တွင် ပြင်သစ်နိုင်ငံ၊ တောင်ဘက်တွင် အီတလီနိုင်ငံ၊ မြောက်ဘက်တွင် ဂျာမနီနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး နိုင်ငံ၏ အကျယ်အဝန်းမှာ ၄၁,၂၈၅ စတုရန်း ကီလိုမီတာ ဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၏ သုံးပုံနှစ်ပုံမှာ အဲလ်ပက်စ်တောင်တန်းဒေသဖြစ်သော်လည်း ၂၀၁၉ ခုနှစ် စာရင်းအရ လူဦးရေ ၈ ဒသမ ၅သန်းအနက် ဆွစ်လူမျိုးအများစုသည် မြေနိမ့်လွင်ပြင်ဒေသ (Swiss Plateau)တွင် ပိုမိုနေထိုင်ကြပါသည်။ ဘာသာစကားနှင့်ယဉ်ကျေးမှု မတူကွဲပြားခြားနား သည့်အတွက် ဂျာမန်၊ ပြင်သစ်၊ အီတလီနှင့် ရောမ ဘာသာစကားများကို အသုံးပြုကြပြီး ဥပဒေ၊ အစီရင်ခံစာ၊ ဝက်ဘ်ဆိုက်၊ လက်ကမ်းစာစောင်၊ လမ်းညွှန်သင်္ကေတ အစရှိသည်တို့ကို ဂျာမန်၊ ပြင်သစ်၊ အီတလီ ဘာသာသုံးမျိုးဖြင့် ဖော်ပြကြပါသည်။

ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး | လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့ ကြက်ခြေနီအသင်း (Red Cross) စတင်တည်ထောင်ရာနေရာတစ်ခု ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၊ နိုင်ငံတကာအဖွဲ့အစည်း အများစု၏ အခြေစိုက်ရာနေရာလည်း ဖြစ်ပါသည်။ ဖက်ဒရယ်အစိုးရ ဌာနရုံးစိုက်သော ဘန်းမြို့ (Bem) ကို ဖက်ဒရယ်မြို့တော်အဖြစ် woSposodelo: (Geneva)ię:qd(Zurich)995ècS (Basel) တို့သည်လည်း ကမ္ဘာ့မြို့ကြီးများစာရင်းဝင်နှင့် စီးပွားရေးအချက် အချာကျသည့်မြို့ကြီးများ ဖြစ်ကြပါသည်။ ကမ္ဘာ့အချမ်းသာဆုံး | နိုင်ငံများစာရင်းတွင်ပါဝင်ပြီး နိုင်ငံသားတစ်ဦးချင်း၏ နှစ်စဉ်ပျမ်းမျှ ဝင်ငွေ ၈၆,၈၄၉ ဒေါ်လာ ရှိပါသည်။ ။

ဆွစ်ဇာလန်နိုင်ငံတွင် အသက် ၁၅ နှစ်အရွယ်အထိ “မသင်မနေရ အခမဲ့ပညာရေးစနစ်”ကို စီစဉ်ထားရှိပြီး ပညာသင်ကာလမှာ ၁၁ နှစ် ဖြစ်ပါသည်။ ပညာရေးစနစ်သည် အဆင့်အတန်း မြင့်မားကောင်းမွန်သော်လည်း အရေးအဖတ်နှင့် သာမန်ဂဏန်းအတွက်အချက်၌ အခက်အခဲ ကြုံတွေ့နေရသည့်သူဦးရေ စုစုပေါင်း ၈၀၀,၀၀၀ ခန့်ရှိပါသည်။

ဆွစ်ဇာလန်နိုင်ငံသည် ၁၈၁၅ ခုနှစ်ကတည်းက စစ်မက်ဖြစ်ပွား ခြင်းမရှိသကဲ့သို့ အခြား နိုင်ငံများ၏ နိုင်ငံရေးပဋိပက္ခ၊ စစ်ပွဲများတွင် ပါဝင်ခြင်းမရှိဘဲ Armed Neutrality Policy ကို ခိုင်ခိုင်မာမာ ကျင့်သုံးသည့်နိုင်ငံဖြစ်ပါသည်။ သို့သော် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ။

ဆွစ်ပြည်သူများအနေဖြင့် ဆွစ်ဖက်ဒရယ်လွှတ်တော်၏ ဆုံးဖြတ်ချက်များ အတည်ပြု ပြဋ္ဌာန်းသည့် ဥပဒေများအပေါ်တွင်လည်းကောင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အဆိုပြုရာတွင် လည်းကောင်း မိမိတို့၏ သဘောထားအမြင်များကို တိုက်ရိုက် ဖော်ထုတ်နိုင်သည့် ဒီမိုကရေစီစနစ် (Direct Democracy) သည် ဆွစ်ဇာလန်နိုင်ငံရေးစနစ်၏ ထူးခြားသော သွင်ပြင်လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ ဆွစ်ပြည်သူများသည် နိုင်ငံရေးနှင့် ဆက်နွယ်သည့် လုပ်ငန်းစဉ်၊ ဆုံးဖြတ်ချက်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက် ကြရပါသည်။ အသက်(၁၈)နှစ် ပြည့်ပြီးသော ဆွစ်ဇာလန်နိုင်ငံသား အားလုံးသည် ရွေးကောက်ပွဲများနှင့် ဆန္ဒခံယူပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသကဲ့သို့ Direct Democracy ၏ အင်္ဂါရပ်များဖြစ်သော Popular Initiatives Optional Referendum နှင့် Mandatory Referendum များမှတစ်ဆင့်လည်း မိမိတို့၏ လိုလားချက်များကို ထုတ်ဖော်တောင်းဆို နိုင်ပါသည်။

အာဏာခွဲဝေမှု

အာဏာခွဲဝေခြင်းသည် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုမှဖြစ်စေ နိုင်ငံရေး အာဏာကို ချုပ်ကိုင်ခြင်းမှ ကာကွယ် နိုင်သကဲ့သို့ အာဏာအလွဲသုံးစားပြုခြင်းကိုလည်း တားဆီးရာ ရောက်ပါသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ၁၈၄၈ ခုနှစ်ကတည်းက အာဏာခွဲဝေမှုကို စတင်ကျင့်သုံးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားသည့်၊ ကန့်သတ်ထားသည့် ကိစ္စရပ်များမှအပ ဖက်ဒရယ်ပြည်နယ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေး အစရှိသည့်နယ်ပယ်ကဏ္ဍများတွင် လုပ်ပိုင်ခွင့်အပြည့်အဝရရှိပါသည်။ အုပ်ချုပ်ရေး အာဏာ(Executive Power)နှင့် ဥပဒေပြုရေးအာဏာ (Legislative Power)ကို ပြည်ထောင်စုအဆင့် (Confederation)၊ ပြည်နယ်အဆင့် (Canton)နှင့် ရပ်ကွက်အဆင့် (Commune) အထိ ခွဲဝေထားပါသည်။ တရားစီရင်ရေးအာဏာ (Judiciary Power)ကိုမူ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် တွင်သာ ဖြန့်ကြက်ထားရှိပါသည်။

ဆွစ်ဖက်ဒရယ်လွှတ်တော် (Swiss Parliament/ United Federal Assembly)

ဆွစ်ဖက်ဒရယ်လွှတ်တော် (United Federal Assembly) တွင် အောက်လွှတ်တော် (National Council) နှင့် အထက်လွှတ်တော် (Council of States) ဟူ၍ လွှတ်တော်နှစ်ရပ်ပါဝင်ပြီး ဆွစ်ပြည်သူ များက လွှတ်တော်ကိုယ်စားလှယ်များကို တိုက်ရိုက်ရွေးချယ် တင်မြှောက်ပါသည်။ ၈ ဒသမ ၅ သန်းကျော်ရှိသည့်အနက် ဖက်ဒရယ် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၅ဒသမ၃ သန်းခန့်ရှိပါသည်။

အောက်လွှတ်တော်(National Council)

ယခင်က အောက်လွှတ်တော်တွင် မဲဆန္ဒနယ်တစ်နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် မဲအများဆုံးရသူ အနိုင်ယူစနစ် (Winner-take-all System) ကို အသုံးပြုခဲ့သော်လည်း ပထမကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်းတွင် အချိုးကျကိုယ်စားပြုစနစ် (Party List Proportional Representation System- Open List) ကို ပြောင်းလဲကျင့်သုံးခဲ့ပါသည်။

လက်ရှိတွင် အောက်လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ပါဝင်ပြီး သက်တမ်းမှာ လေးနှစ်ဖြစ်ပါသည်။ ဖက်ဒရယ်ပြည်နယ် (Canton)အလိုက် နေထိုင်သည့်လူဦးရေပေါ် မူတည်၍ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို အချိုးကျသတ်မှတ်ခြင်း ဖြစ်ပါသည်။ အကြမ်းဖျင်းအားဖြင့် ဖက်ဒရယ်ပြည်နယ်တစ်ခုတွင် အမြဲတမ်း နေထိုင်သူ ၄၀,၀၀၀ အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး သတ်မှတ်ထားပါသည်။ သို့သော် အမြဲတမ်းနေထိုင်သူ ၄၀,၀၀၀ ဦးထက် နည်းပါသော Appenzell Ausserrhodeni AppenzellInnerrhoden Obwalden Nidwalden Uri နှင့် Glarus ပြည်နယ်အဆင့် ခြောက်ခုအတွက်မူ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီရရှိပါသည်။ ဇူးရစ် (Zurich)ကဲ့သို့ လူဦးရေ သိပ်သည်းဆများပြားသည့် ဖက်ဒရယ်ပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ် ၃၅ နေရာအထိ ရရှိပါသည်။

အောက်လွှတ်တော်တွင် ဆွစ်ဇာလန်တစ်နိုင်ငံလုံးကို မဲဆန္ဒနယ် တစ်ခုအဖြစ် သတ်မှတ်ခြင်း မဟုတ်ဘဲ ဖက်ဒရယ်ပြည်နယ် ၂၆ ခုအတွက် မဲဆန္ဒနယ် (၂၆) နယ်ရှိသည့်အတွက် နိုင်ငံရေးပါတီငယ် များအတွက် အဟန့်အတားဖြစ်စေပါသည်။ အကယ်၍ ဆွစ်ဇာလန် တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်တစ်ခုအဖြစ်သာ သတ်မှတ်ပါက အောက်လွှတ်တော်တွင် နေရာတစ်နေရာ အနိုင်ရရှိရန်အတွက် ထောက်ခံမဲ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ လိုအပ်မည် ဖြစ်ပါသည်။ သို့သော် ဖက်ဒရယ်ပြည်နယ် ၂၆ ခုအတွက် မဲဆန္ဒနယ် ၂၆ နယ်ဖြစ် သည့်အတွက် အောက်လွှတ်တော်နေရာတစ်နေရာအတွက် ထောက်ခံ မဲ ၁ ဒသမ ၅ ရာခိုင်နှုန်းထက် ပိုမိုရရှိရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပမာ-ကိုယ်စားလှယ်နေရာ ၃၅ နေရာ ရရှိထားသော ဇူးရစ်ပြည် နယ်တွင် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ကိုယ်စားလှယ်နေရာ တစ်နေရာအတွက် ထောက်ခံမဲ ၃ ရာခိုင်နှုန်းခန့်ရရှိရမည် ဖြစ်ပါသည်။ သို့သော် ကိုယ်စားလှယ်နေရာတစ်နေရာသာရရှိသော Appenzell-Ausserrhoden Appenzell-Innerrhodeni Obwalden Nidwaldent Uri နှင့် Glarus ပြည်နယ်များတွင်မူ ဆန္ဒမဲအများဆုံးရရှိသည့် နိုင်ငံရေးပါတီကသာ အနိုင်ရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် အချိုးကျကိုယ်စားပြုသည့်စနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်သော်လည်း ကိုယ်စားလှယ်နေရာ တစ်နေရာသာရရှိသော ဖက်ဒရယ်ပြည် နယ်များတွင်မူ မဲအများဆုံး ရသူအနိုင်ယူစနစ် (Winner-take-all System/ First-past-the-post System) အဖြစ်ပြောင်းလဲသွား ပါသည်။

ဂျာမနီ အစရှိသော အချိုးကျကိုယ်စားပြုသည့်စနစ် (PR)ကို ကျင့်သုံးသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဆွစ်ဇာလန်နိုင်ငံတွင် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများအနေဖြင့် ရရှိရမည့် အနိမ့်ဆုံး ထောက်ခံမဲရာခိုင်နှုန်း (Threshold) သတ်မှတ်ထားခြင်းမရှိပါ။

နိုင်ငံရေးပါတီများသည် ကိုယ်စားလှယ်လောင်းအမည်စာရင်းကိုတင်သွင်းရာတွင် သက်ဆိုင်ရာ ဖက်ဒရယ်ပြည်နယ်အလိုက် သတ်မှတ်ထားသောနေရာများထက် ကျော်လွန်၍ အမည်စာရင်း တင်သွင်းခြင်း မပြုရပါ။ မဲဆန္ဒရှင်များသည် မိမိတို့နှစ်သက်ရာ နိုင်ငံရေးပါတီက အဆိုပြုထားသော ကိုယ်စားလှယ်လောင်းများကို မဲလက်မှတ်ပေါ်တွင် အမှတ်စဉ်တပ်၍ ရွေးချယ်နိုင်သည်။ ထို့ပြင် နိုင်ငံရေးပါတီအသီးသီးက အဆိုပြုထားသည့် ကိုယ်စားလှယ်လောင်း များအနက် မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို မဲလက်မှတ် (အလွတ်)ကိုအသုံးပြု၍ အမှတ်စဉ်တပ်ကာ ရေးသားဆန္ဒပြုနိုင် ပါသည်။

အထက်လွှတ်တော် (Council of States)

အထက်လွှတ်တော် (Council of States)တွင် လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးပါဝင်ပြီး သက်တမ်းမှာ လေးနှစ်ဖြစ်ပါသည်။ လူဦးရေကို ပဓာနမထားဘဲ ဖက်ဒရယ်ပြည်နယ်များ ကိုယ်စားပြုပါသည် Appenzell Ausserrhonden Appenzell-Innerrhondeni Obwalden Nidwaldeni Basel-Stadt & Basel-Land အစရှိသော ဖက်ဒရယ်ပြည်နယ်ခွဲခြောက်ခုတွင် ကိုယ်စားလှယ်တစ်ဦးစီနှင့် ကျန်ဖက်ဒရယ်ပြည်နယ် ၂ဝ တွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကျစီရရှိပါသည်။ ကိုယ်စားလှယ်များကို မဲအများဆုံးရရှိသူ အနိုင်ရစနစ် (Winner-take-all System)ဖြင့် ရွေးချယ်တင်မြှောက်ပါသည်။ အထက်လွှတ်တော် ကိုယ်စားလှယ်များသည် မိမိတို့၏ သက်ဆိုင်ရာဖက်ဒရယ်ပြည်နယ်များကို ကိုယ်စားပြုသော်လည်း ယင်းပြည်နယ်အစိုးရ နှင့် ပြည်နယ်လွှတ်တော်၏ ညွှန်ကြားချက်များက လွှမ်းမိုးသက်ရောက်နိုင်စွမ်းမရှိပါ။

ဆွစ်ဖက်ဒရယ်လွှတ်တော်၏အခန်းကဏ္ဍ

ဥပဒေပြုရေးအာဏာကို လွှတ်တော်နှစ်ရပ်လုံးအား အညီအမျှ ခွဲဝေထားပါသည်။ အထက် လွှတ်တော်နှင့် အောက်လွှတ်တော် အစည်းအဝေးများကို တစ်နှစ်လျှင် လေးကြိမ်၊ တစ်ကြိမ် လျှင် ရက်သတ္တပတ် သုံးပတ်ကြာ သီးခြားစီ ကျင်းပပါသည်။ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာပြင်ဆင်ခြင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီဥပဒေများပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ရုပ်သိမ်း ခြင်းနှင့် နိုင်ငံတကာသဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း

ခြင်းနှင့် နိုင်ငံရောက်ပါသည်။

ဆွစ်ဖက်ဒရယ် လွှတ်တော်အနေဖြင့် ဖက်ဒရယ်အစိုးရအဖွဲ့ (Federal Council)က ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချမှတ်ပေးပြီး ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိပါသည်။ ထို့ပြင် ဖက်ဒရယ်တရားရုံး များနှင့် ဖက်ဒရယ်အဆင့် အခြားအဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ကြီးကြပ်ပါသည်။ ။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ပူးပေါင်း၍ ဖက်ဒရယ်အစိုးရအဖွဲ့ (Federal Council)၊ ဖက်ဒရယ်ဝန်ကြီးချုပ် (Federal Chancellor)နှင့် ဖက်ဒရယ်တရားသူကြီးများကို ရွေးချယ် တင်မြှောက်ပါသည်။ ထို့ပြင် နှစ်စဉ် ဒီဇင်ဘာလတွင် ဖက်ဒရယ် အစိုးရအဖွဲ့ဝင် များအနက် နှစ်ဦးကို သမ္မတနှင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ပါသည်။ စစ်ရေးဆိုင်ရာကိစ္စများ ပေါ်ပေါက် ပါက ဆွစ်ဖက်ဒရယ်လွှတ်တော်အနေဖြင့် စစ်ဦးစီးချုပ်ကို ရွေးချယ် တင်မြှောက်ရန် တာဝန်ရှိပါသည်။ ဖက်ဒရယ်အစိုးရအဖွဲ့ (Federal Council)၊ သမ္မတနှင့် ဖက်ဒရယ်ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ခြင်း ဆွစ်ဖက်ဒရယ်အစိုးရအဖွဲ့(Federal Council) သည် ဆွစ်ဇာလန် နိုင်ငံတွင် အမြင့်ဆုံး အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး ဖက်ဒရယ်အစိုးရအဖွဲ့ကို ဆွစ်ဖက်ဒရယ်လွှတ်တော်က ရွေးကောက်တင်မြှောက်ခြင်းဖြစ်ကာ သက်တမ်းမှာ လေးနှစ်ဖြစ်ပါသည်။ အစိုးရအဖွဲ့တွင် အဖွဲ့ဝင်ခုနစ်ဦး ပါဝင်ပြီး ၎င်းတို့သည် သက်ဆိုင်ရာ ဖက်ဒရယ်ဝန်ကြီးဌာန အသီးသီး၏ အကြီးအကဲများ (Federal Councillors) အဖြစ် တာဝန်ယူ ဆောင်ရွက်ကြရသည်။

ဆွစ်ဖက်ဒရယ် လွှတ်တော်အနေဖြင့် နှစ်စဉ် ဒီဇင်ဘာလတွင် ဖက်ဒရယ်အစိုးရအဖွဲ့ဝင် ခုနစ်ဦးရှိသည့်အနက် နှစ်ဦးကို ဆွစ်ပြည်ထောင်စု၏ သမ္မတနှင့် ဒုတိယသမ္မတအဖြစ် ရွေးချယ် ခန့်အပ်ခြင်းဖြစ်ကာသက်တမ်းမှာ တစ်နှစ်ဖြစ်ပါသည်။ ထူးခြားချက်မှာ နိုင်ငံ၏အကြီးအကဲ သည် သမ္မတမဟုတ်၊ ဖက်ဒရယ်အစိုးရ အဖွဲ့သာဖြစ်သည်။ ဆွစ်သမ္မတ အနေဖြင့် မိမိတာဝန် ယူထားသည့် ဖက်ဒရယ် ဝန်ကြီးဌာန၏လုပ်ငန်းများကို ဆောင်ရွက်ရသည့်အပြင် ဆွစ်နိုင်ငံ၏ ပြယုဂ်အနေဖြင့် ကုလသမဂ္ဂညီလာခံတွင် မိန့်ခွန်းပြောကြားခြင်း၊ နှစ်သစ်ကူးပွဲတော် ရက်၊ ဆွစ်အမျိုးသားနေ့များတွင် နှုတ်ဆက်စကား ပြောကြားခြင်း အစရှိသည့် နိုင်ငံကိုယ်စားပြု သည့် တာဝန်ဝတ္တရားများကိုပါ ထမ်းဆောင်ရပါသည်။ သို့သော် အထက်တွင် ဖော်ပြထားသည့် အတိုင်း နိုင်ငံ၏အကြီးအကဲသည် ဖက်ဒရယ်အစိုးရ ဖြစ်သဖြင့် အခြားနိုင်ငံများမှ အကြီးအကဲ ခေါင်းဆောင်များ ဆွစ်ဇာလန်သို့ လာရောက်ရာတွင် ဖက်ဒရယ် အစိုးရအဖွဲ့ဝင်အားလုံးက အတူတကွ လက်ခံတွေ့ဆုံကြပါသည်။ လက်ရှိ ဖက်ဒရယ်အစိုးရတွင် Liberal Party Swiss Social Democratic Party Swiss People Party များမှ နှစ်ဦးစီနှင့် Swiss Christian Democratic Party မှ တစ်ဦးပါဝင်ပါသည်။ လက်ရှိ သမ္မတမှာ Mr. Guy Parmelin ဖြစ်ပါသည်။

ဖက်ဒရယ်အစိုးရနည်းတူ ဖက်ဒရယ်ဝန်ကြီးချုပ် (Federal Chancellor)ကိုလည်း ဆွစ်ဖက် ဒရယ်လွှတ်တော်က ရွေးချယ်တင်မြှောက်ပြီး သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ သို့ရာတွင် ဆွစ်ဖက်ဒရယ်ဝန်ကြီးချုပ်သည် ဂျာမနီ၊ သြစတြီးယားနိုင်ငံတို့၏ ဝန်ကြီးချုပ်များကဲ့သို့ မဟုတ်ဘဲ ဆွစ်ဖက်ဒရယ်အစိုးရအဖွဲ့ကို ပံ့ပိုးပေးရသည့် အတွင်းရေးမှူးသက်သက်သာ ဖြစ်သည်။

မဲဆွယ်စည်းရုံးခြင်း

နိုင်ငံရေးပါတီများသည် ရေဒီယို၊ ရုပ်မြင်သံကြားမှတစ်ဆင့် မဲဆွယ် စည်းရုံးခွင့်မရှိသော်လည်း နိုင်ငံရေးစကားစစ်ထိုးပွဲများ၊ သတင်းစာများတွင် မဲဆွယ်စည်းရုံးသည့် ကြော်ငြာများ ထည့်သွင်းခြင်း၊ လမ်းမပေါ်တွင် ဟောပြောစည်းရုံးခြင်း၊ ဆိုရှယ်မီဒီယာနှင့် ဝက်ဘ်ဆိုက်များမှ တစ်ဆင့် မဲဆွယ်စည်းရုံးခြင်း၊ ပြည်သူများ၏ သဘောထား အမြင်များကို စစ်တမ်းကောက် ယူခြင်း၊ မိမိတို့နိုင်ငံရေးပါတီနှင့် သက်ဆိုင်သောကြော်ငြာများ၊ လက်ကမ်းစာစောင်များကို စာတိုက်မှတစ်ဆင့် မဲဆန္ဒရှင်များထံဖြန့်ဝေခြင်း၊ လမ်းဘေးဝဲယာတွင် ပိုစတာများစိုက်ထူခြင်း အစရှိသည်တို့ဖြင့် မဲဆွယ်စည်းရုံးနိုင်ပါသည်။

ဆန္ဒမဲပေးခြင်းနှင့် ဆန္ဒမဲရေတွက်ခြင်း

စိတ်ပေါ့သွပ် နေသည့်အတွက်ကြောင့် နှစ်ကာလကြာရှည်စွာ တစ်စုံတစ်ဦး၏ အုပ်ထိန်းမှု အောက်တွင် ရောက်ရှိနေသူများမှအပ အသက်(၁၈)နှစ် ပြည့်ပြီးသော ဆွစ်နိုင်ငံသားတိုင်းသည် ဖက်ဒရယ်အဆင့်၊ ပြည်နယ်အဆင့်၊ ရပ်ကွက်အဆင့် ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ နိုင်ငံခြားသားများ ဖြစ်လင့်ကစား ပြည်နယ်နှင့် ရပ်ကွက်အဆင့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးနိုင်သည့် ပြည်နယ်အချို့ လည်း ရှိပါသည်။

ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်သည့် နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြား သားဖြစ်စေ မည်သူမဆို နေရာတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ပါက | ရက်သတ္တပတ်နှစ်ပတ်အတွင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေး

အဖွဲ့ထံ မှတ်ပုံတင်ရပါသည်။ ထို့ကြောင့် ဆွစ်နိုင်ငံသားများသည် | မဲဆန္ဒရှင်စာရင်းတွင် သီးခြားမှတ်ပုံတင်ရန်မလိုအပ်ဘဲ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူတစ်ဦး၏ အရည်အချင်းပြည့်မီပါက မိမိနေထိုင်ရာရပ်ကွက် ၏မဲစာရင်းတွင် အမည်ပါရှိမည်ဖြစ်ပါသည်။ နိုင်ငံပြင်ပတွင် ရောက်ရှိ နေသော ဆွစ်နိုင်ငံသားများအနေဖြင့် ဖက်ဒရယ်ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးနိုင်ပါသည်။ သို့သော် ယခင်နေထိုင်ခဲ့သော ရပ်ကွက်ရှိမဲ စာရင်းတွင် အမည်ပါရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာသံရုံးတွင်လည်း မှတ်ပုံတင်ရန် လိုအပ်ပါသည်။

မဲဆန္ဒရှင်များအနေဖြင့် စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ မဲရုံသို့သွားရောက်၍ဖြစ်စေ၊ အင်တာနက်မှ တစ်ဆင့်ဖြစ်စေ ဆန္ဒမဲပေးနိုင်ပါသည်။ ဆွစ်ဖက်ဒရယ် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲမကျင်းပမီ အနည်းဆုံး ရက်သတ္တပတ် သုံးပတ်ကြိုတင်၍ နိုင်ငံတွင်း၌ဖြစ်စေ၊ နိုင်ငံပြင်ပ၌ဖြစ်စေ နေထိုင်သည့် မဲဆန္ဒရှင်များထံသို့ မဲလက်မှတ်၊ ဆန္ဒပြုပြီးသော မဲလက်မှတ်ထည့်ရန် စာအိတ်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဖြစ်ကြောင်း သက်သေခံကတ်ပြား၊ သီးခြား စာအိတ်တို့ကို စာတိုက်မှတစ်ဆင့်ပေးပို့ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒပြုပြီးသော မဲလက်မှတ်များကို စာတိုက်မှတစ်ဆင့် သို့မဟုတ်မဲရုံသို့ ကိုယ်တိုင်သွားရောက်ပေးပို့နိုင်ပါသည်။ အများအားဖြင့် စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့သည့် မဲလက်မှတ်အရေအတွက်က ပိုမိုများပြားပါသည်။ မဲလက်မှတ်များကို ပြင်သစ်၊ အီတလီနှင့် ရောမ ဘာသာစကား လေးမျိုးအနက်မှ နှစ်သက်ရာကို တောင်းဆိုနိုင်ပါသည်။ ယခုနောက်ပိုင်းတွင် E-voting စနစ်ကိုပါ ပူးတွဲအသုံးပြုသည့် ဖက်ဒရယ် ပြည်နယ်အချို့လည်း ရှိပါသည်။

ဆန္ဒမဲလက်မှတ် ရေတွက်ရာတွင် သမားရိုးကျ နည်းလမ်းအတိုင်းသာ ရေတွက်ပါသည်။ မဲရေတွက်ခြင်း လုပ်ငန်းစဉ်သည် သာမန်အား ဖြင့် ၅ နာရီ သို့မဟုတ် ၆ နာရီခန့် ကြာမြင့်သော် လည်း ဇူးရစ်နှင့် ဂျီနီဗာကဲ့သို့သော မြို့ကြီးများတွင် အချိန်ပို၍ကြာမြင့်ပါသည်။

 နိဂုံး

ဆွစ်ဇာလန်နိုင်ငံသည် ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှုကွဲပြားခြားနားသည့် အုပ်စုများရှိသော်လည်း အများလက်ခံသည့် အယူအဆဖြစ်သည့် ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ သွေးချင်းညီညွတ်သည့် စိတ်ဓာတ်တို့ကို လက်ကိုင်ထားခြင်းသည် နိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဆွစ်ဇာလန်နိုင်ငံသည် ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် စစ်မက်ဖြစ်ပွား ခြင်းမရှိဘဲ နိုင်ငံရေးအခြေအနေတည်ငြိမ်သည့်အတွက် ဒီမိုကရေစီ စနစ်ရှင်သန်ထွန်းကားကာ ဆွစ်နိုင်ငံသားများ၏ လူမှုစီးပွားရေး ဘဝ ဖွံ့ဖြိုးတိုးတက်ရခြင်းဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြ အပ်ပါသည်။ ။

 

ကျမ်းကိုး

https://www.eda.admin.ch/aboutswitzerland/en/home. html

https://www.parlament.ch/en/organe/groups/partiesin-parliament https://www.nationsencyclopedia.com/Europe/ Switzerland-POLITICAL-

PARTIES.html https://www.ch.ch/en/demokratie/votes/how-tocomplete-a-ballot-

paper-correctly https://www.ch.ch/en/demokratie/political-rights/

https://www.admin.ch/gov/en/start/federal-council/ election-federal-council.html

https://www.electionguide.org/countries/id/207 https://www.parlament.ch/en

https://www.bk.admin.ch/bk/de/home/politische-rechte/ volksinitiativen.html

https://www.politico.eu/europe-poll-of-polls/ switzerland/

https://borgenproject.org/education-in-switzerland/

ကော်ရယ်လ်ခိုင်