Skip to main content
Apr 28, 2023
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပတော့မည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် အားကစားသမား မောင်မယ်များအားလုံး ပြိုင်ပွဲရက်နီးကပ်လာသည်နှင့်အမျှ ပြိုင်ပွဲဝင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ပိုင်းဆိုင်ရာ အသင့်၊ အားကစားနည်းပညာပိုင်းဆိုင်ရာအသင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအသင့်၊ အစစအရာရာ အသင့်ဖြစ်နေ ကြပြီဖြစ်သည်။ ပြိုင်ပွဲကျင်းပရန်လည်း ရက်ပိုင်းသာ လိုပါတော့သည်။
Apr 28, 2023
ဂုဏ်ယူစရာအခွင့်အလမ်းတစ်ခုမှာ အတူရှိစေချင်ပါသည်
ခေတ်အဆက်ဆက် ဆက်ခံကြသည့် သမိုင်းအမွေအနှစ်များစွာတွင် အနုပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မွန်မြတ်သော မြန်မာ့ရုပ်ရှင်သည်လည်း အစဉ်အလာ ကောင်းများစွာဖြင့် သမိုင်းမော်ကွန်းကောင်းများကို စိုက်ထူနိုင်ခဲ့သည်ချည်းဖြစ်သည်။ ခေတ်အဆက်ဆက် ပြည်သူချစ်သောအနုပညာရှင်များသည် မြန်မာ့ယဉ်ကျေးမှုကို ရသအစုံဖြင့် သရုပ်ဖော်ခဲ့ကြပြီး သရုပ်ပျက်ယဉ်ကျေးမှုကို တိုက်ဖျက်နိုင်စွမ်းရှိခဲ့သည်။ ဖြေဖျော်ရေးသာမက တိုင်းပြည်ချစ်စိတ်၊ အမျိုးချစ်စိတ်၊ ဘာသာသာသနာစောင့်ရှောက် လိုစိတ်များကို ပေးစွမ်းနိုင်ခဲ့သည့်အပြင် ဘဝအတွက် ပညာပေးသင်ခန်းစာများကိုလည်း အတုယူဖွယ် ထုတ်ဖော်ပြသနိုင်ခဲ့ကြသည်။
Apr 27, 2023
2
ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များ ပြုစုပျိုးထောင်ပေးရန်ဆိုသည့် ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
Apr 27, 2023
1
ခေတ်အဆက်ဆက်ဆက်ခံကြသည့် သမိုင်းအမွေအနှစ်များစွာတွင် အနုပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မွန်မြတ်သော မြန်မာ့ရုပ်ရှင်သည်လည်း အစဉ်အလာကောင်းများစွာဖြင့် သမိုင်း မော်ကွန်းကောင်းများကို စိုက်ထူနိုင်ခဲ့သည်ချည်း ဖြစ်သည်။ ခေတ်အဆက်ဆက် ပြည်သူချစ်သောအနုပညာရှင်များသည် မြန်မာ့ယဉ်ကျေးမှုကို ရသအစုံဖြင့် သရုပ်ဖော်ခဲ့ကြပြီး သရုပ်ပျက်ယဉ်ကျေးမှုကို တိုက်ဖျက်နိုင်စွမ်းရှိခဲ့သည်။ ဖြေဖျော်ရေးသာမက တိုင်းပြည်ချစ်စိတ်၊ အမျိုးချစ်စိတ်၊ ဘာသာသာသနာစောင့်ရှောက်လိုစိတ်များကို ပေးစွမ်းနိုင်ခဲ့သည့်အပြင် ဘဝအတွက် ပညာပေးသင်ခန်းစာများကိုလည်း အတုယူဖွယ် ထုတ်ဖော်ပြသနိုင်ခဲ့ကြသည်။
Apr 26, 2023
01
“မကြာခင်မှာ ကျောင်းသား ကျောင်းသူ တွေကို စာပေပညာသင်ကြားပေးတဲ့ ဆရာဆရာမများဖြစ်လာကြတော့မယ့် မောင်တို့၊ မယ်တို့အနေနဲ့ ပညာသင်ကြားရေးနယ်ပယ်မှာ ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့’ ဆိုတဲ့ ဆရာ ကျင့်ဝတ်များနှင့်အညီ အနာဂတ်သားကောင်းရတနာတွေကို မွေးထုတ်ပေးနိုင်မယ့် အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားသွားကြ ဖို့လိုပါတယ်”
Apr 25, 2023
01
ရာသီဥတုက တစ်နှစ်ထက်တစ်နှစ် ပိုပြီးပူလာတယ်။ အိမ်ထဲထိုင်နေတာတောင် ချွေးတွေရွှဲနေတော့ ဘယ်လိုနေရမှန်း မသိတော့ဘူး။ အပြင်ထွက်နေရတဲ့သူဆို ပိုဆိုးပေါ့။ တစ်နေ့လုံး အဲကွန်းဖွင့်နေဖို့ဆိုပြန်တော့ ကန့်သတ်ချက်တွေက အများသား။ နေ့လယ်နေ့ခင်း အပြင်ထွက်ဖို့ အတော်သတ္တိမွေးရတယ်။ အပြင်ထွက်လိုက်ရင် အထက်မီးအောက်မီးမုန့်လိုပဲ။ ဒါပေမယ့်လည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေပူစပ်ခါးထဲ မဖြစ်မနေထွက်နေရတာတွေလည်း ရှိတာပေါ့။ နေပူထဲ ထွက်ရပြီဆိုရင် အတော်ဂရုစိုက်ရတယ်။ အသက်ဉာဏ်စောင့်လေ။ အသက်အရွယ်ငယ်တဲ့သူဆို အတော်အတန်ခံနိုင်ရည်ရှိပေမယ့် အသက်အရွယ်ကြီးတဲ့သူတွေဆို ဒီအပူဒဏ်ကို ခံနိုင်ဖို့အခက်သား။ နှစ်တိုင်းပိုပြီးပူလာတော့ နေသားကျဖို့ ဘယ်လွယ်လိမ့်မလဲ။
Apr 25, 2023
၀၁
နိုင်ငံတော်အစိုးရက နိုင်ငံဖွံ့ဖြိုးတိုးတက်အဆင့်မြင့်အောင် ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် နိုင်ငံခြားမှ ဝယ်ယူတင်သွင်း အသုံးပြုနေရသည့် လောင်စာဆီများ လျော့နည်းစေရန်နှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ယခင်လောင်စာဆီစွမ်းအားဖြင့် လည်ပတ်နေသည့် Internal Combustion Engines(ICEs)များအစား လျှပ်စစ်စွမ်းအားသုံးယာဉ် (Electric Vehicle - EV) များကို အစားထိုးအသုံးပြုနိုင်ရန် စီမံဆောင်ရွက်နေပြီဖြစ်သည်။
Apr 23, 2023
01
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၌ လူရည်ချွန်စီမံကိန်းကို ပညာရေးဝန်ကြီးဌာနက ၁၉၆၄ ခုနှစ်တွင်စတင်ကာ သတ္တမတန်းမှဒသမတန်းအထိ ရွေးချယ်ခဲ့ပါသည်။ နောက်နှစ်များတွင် တက္ကသိုလ်ကောလိပ်သိပ္ပံများမှ ကျောင်းသားကျောင်းသူများကိုပါ တိုးမြှင့်ရွေးချယ်ခဲ့ပြီး လူရည်ချွန်စီမံကိန်းကို ၁၉၈၈ ခုနှစ်အထိ နှစ်စဉ်အကောင်အထည်ဖော်ခဲ့သည်။
Apr 23, 2023
01
မြန်မာနိုင်ငံသည် ကမ်းရိုးတန်းရှည်လျားသည့်နိုင်ငံဖြစ်ခြင်း၊ မြစ်ချောင်းပေါများခြင်း၊ တောင်ကုန်းတောင်တန်းများပြားခြင်း၊ မြောက်မှတောင်အထိရှည်လျားသည့် သက်ရှင်ပြတ်ရွေ့ဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသောပြတ်ရွေ့ငယ်များရှိခြင်း၊ နိုင်ငံ၏ရာသီဥတုအခြေအနေအရ မြို့ပြမီးနှင့် တောမီးလောင်ကျွမ်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်မျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။