Jun 11, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jun 10, 2024
စာဖတ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရရှိစေနိုင်ပါသည်။ စာဖတ်ခြင်းဖြင့် ဦးနှောက်ကို အားကောင်းစေခြင်း၊ တခြားသူအပေါ် စာနာနားလည်နိုင်စွမ်း မြင့်မားလာခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းနှင့် ဝေါဟာရအသုံးအနှုန်း ကြွယ်ဝလာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
Jun 10, 2024
မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲများ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲစိုက်ဧက ၃၀၀၃၅၃၇ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၂.၃၄ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၀၃၁၁၁ ထွက်ရှိခဲ့ပါသည်။ ထို့ကြောင့်မြေပဲသီးနှံမှ ဆီထွက်ရှိမှုသည် ဆီထွက်သီးနှံစုစုပေါင်း ဆီထွက်ရှိမှု၏ ၅၀.၄၉ ရာခိုင်နှုန်း ထွက်ရှိခဲ့ပါသည်။
Jun 10, 2024
စီးပွားဖြစ်ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရာတွင် ကိုင်းဖြတ်ပြုပြင်ခြင်းသည် အဓိကထား၍ လုပ်ဆောင်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကော်ဖီတွင် ကိုင်းဖြတ်ပြုပြင်ပေးခြင်းသည် ကော်ဖီနှစ်ခြား သီးခြင်း (biennial bering) မှ ကာကွယ်ပေးပါသည်။
Jun 10, 2024
မြန်မာနိုင်ငံ၌ စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုးနှင့် အခြားသီးနှံပေါင်းများစွာကို နိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး နိုင်ငံအတွင်းထုတ်လုပ်မှုမှ ဆန်နှင့်ပဲကို ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံသာမက ပိုလျှံသောထုတ်ကုန်များကို ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်ကို တွေ့ရှိရပါသည်။ သို့သော် စားသုံးဆီကို လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ ပြည်ပမှတင်သွင်းနေရသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဒေသတွင်းစားသုံးဆီဖူလုံရေးကို အလေးထား၍ ဆောင်ရွက်ရန်လိုအပ်ပြီး ယခုအခါ နိုင်ငံတော်အစိုးရက စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် အလေးအနက်ထားဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။
Jun 09, 2024
မိုးကလေးအရွာ မိုးဝင်ချိန်တွင် အအေးမိဖျားနာတုပ်ကွေးရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများလည်းရှိမြဲရှိဆဲဖြစ်သည်။ ရာသီတုပ်ကွေးကြောင့် အအေးမိနှာစေးချောင်းဆိုးဖြစ်မှ ဆေးရုံ၊ ဆေးခန်းသို့သွားခြင်းထက် တုပ်ကွေးရောဂါမဖြစ်မီ ကြိုတင်ကာကွယ် ဂရုစိုက်နေထိုင်သင့်ပါသည်။
Jun 09, 2024
လူသားတို့ အသက်ရှင်နေထိုင်ရပ်တည်မှုတွင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် အရေးသုံးပါးရှိသည့်အနက် ဝတ်ရေးအတွက် “ဝါ” သည် အစဉ်အမြဲလိုအပ်သော ကုန်ပစ္စည်းဖြစ်သည့် အားလျော်စွာ ဝါသီးနှံကိုစိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်သည့်လုပ်ငန်းကို နိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံခန့်သည် ဝါဂွမ်းမှထုတ်လုပ်သော ဝါချည်မျှင်ဖြင့် ရက်လုပ်သည့် ချည်ထည်အဝတ်အစားတို့ကို ဝတ်ဆင်ကြကြောင်း ကမ္ဘာ့မှတ်တမ်းများအရ လေ့လာတွေ့ရှိရပါသည်။ ချည်ထည်များသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ငွေကြေးအနည်းငယ်မျှနှင့် ဝယ်ယူနိုင်၍ လူအများစု လက်လှမ်းမီသော အထည်အလိပ်မျိုးဖြစ်ခြင်းတို့ကြောင့် ယခုတိုင် လူသုံးများလျက်ရှိပေသည်။
Jun 08, 2024
“အားကစားသမား”ဟုဆိုရာတွင် လေ့ကျင့်မှုပြည့်ဝသည့် အားကစားသမားတစ်ဦးသည် မိမိကစားမည့် အားကစားနည်းကို ယှဉ်ပြိုင်နိုင်သည်အထိ လေ့ကျင့်ထားရန် လိုအပ်ပါသည်။ အချိန်ပြည့် ယှဉ်ပြိုင်ကစားနိုင်ရန်လည်း အရေးကြီးပေသည်။ မိမိပါဝင်ယှဉ်ပြိုင်ကစားမည့် အားကစားနည်း၏ စည်းမျဉ်း၊ စည်းကမ်းဥပဒေများကိုလည်း သိရှိအောင် လေ့လာထားရန် လိုအပ်သည်။ လေ့ကျင့်မှု မပြည့်ဝသော အားကစားသမားတစ်ဦးသည် မောပန်းလာသည့်အခါ မိမိ၏ နဂိုရှိသည့် အားကစားဆောင်ရွက်မှုများ လျော့နည်းလာပြီး မလိုလားအပ်သော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
Jun 07, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 07, 2024
မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဘက်ပေါင်းစုံမှ တွန်းအားပေးဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
