Dec 27, 2023

နွား၊ ကျွဲ၊ ကြက်၊ ဝက်၊ ဘဲ စသည့် တိရစ္ဆာန်များသည် နိုင်ငံအတွင်းမွေးမြူမှုများ၍ စားသုံးမှုလည်းများသော မွေးမြူရေးတိရစ္ဆာန်များဖြစ်သည်။ မွေးမြူရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝအတွက် အခြေခံဝင်ငွေရရှိနိုင်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ပြည်တွင်းစားသုံးမှုဖူလုံရုံမျှမက ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သော လုပ်ငန်းလည်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများအတွက် ဈေးကွက်အလားအလာကောင်းများစွာ ရှိနေသော်လည်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ တိုးချဲ့လုပ်ကိုင်လာရေးတို့အတွက်လည်း ဆောင်ရွက်ရန်များစွာရှိနေသည်။
Dec 27, 2023
ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြန်မာအပါအဝင် နိုင်ငံအများအပြားသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး ထွန်းသစ်စနိုင်ငံများအဖြစ် ပေါ်ထွန်းလာခဲ့ကြသည်။
Dec 26, 2023

ကိုလိုနီ(သူ့ကျွန်) ခေတ်တွင် မြန်မာတို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြရာ၌ စာပေသမားများက စာပေဖြင့်၊ သတင်းသမားများက သတင်းဖြင့်ရေးသားတိုက်ပွဲဝင်ခဲ့ကြပေသည်။ ရတနာပုံမြို့တော်ကို နယ်ချဲ့အင်္ဂလိပ်တပ်များ တက်သိမ်းရာ၌ နန်းတွင်းမှတော်ဝင်သုံး ရွှေငွေစိန် ကျောက်ပတ္တမြားစီ အသုံးအဆောင
Dec 26, 2023

လူသားတို့ နေ့စဉ်ချက်ပြုတ်ရန်အတွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် သီးနှံများကို ဝယ်ယူရာတွင် အမြင်အားဖြင့်ကောင်း၊ မကောင်း၊ ပိုးရောဂါပါ၊ မပါ၊ အနားအဆာကင်း၊ မကင်းစသည့်ရုပ်ပိုင်းလက္ခဏာများကို သေချာစွာဂရုစိုက်ကြည့်ရှုကာ ဝယ်ယူနိုင်ပါသည်။ သို့သော် ဓာတုဓာတ်ကြွင်းပါ၊ မပါကိုတော့မျက်စိဖြင့် ကြည့်ရှု၍ မမြင်နိုင်ပေ။ စားသုံးသူများသည် ချက်ပြုတ်စားသောက်ပြီးနောက်မှသာ အော့အန်ခြင်း၊ ခေါင်းမူးခြင်း၊ အဆိပ်သင့်ခြင်းတို့ကို ခံစားကြရသည်။ ထိုအခါမှသာ ပိုးသတ်ဆေးဓာတ်ကြွင်းများကြောင့်ဖြစ်တာဟု သိရှိကြပါသည်။ ထိုကဲ့သို့ လူသားတို့တစ်ဦးချင်းစီက မကာကွယ်နိုင်သော အခြေအနေဆိုးများကို မဖြစ်ပေါ်စေရန်အတွက် အစိုးရအဖွဲ့အစည်းများက စားသုံးသူများကိုမဖြစ်မနေ ကာကွယ်ပေးကြရပါသည်။
Dec 26, 2023

ဇာတိမာန်ဟူသည် ပါဠိနှင့်ပါဠိသက်ဝေါဟာရကို ပေါင်းစပ်ထားသည့် စကားလုံးဝေါဟာရပင် ဖြစ်သည်။ ဇာတိသည်ပါဠိစကားဖြစ်၍ မာန်သည်ပါဠိစကား “မာန”မှ ဆင်းသက်လာသည်။ ဇာတိကိုလေးမျိုးတွေ့နိုင်သည်- (၁) ပဋိသန္ဓေနေခြင်း သို့မဟုတ် ပဋိသန္ဓေ၊ (၂) အမျိုးအနွယ် သို့မဟုတ် မျိုးရိုး၊ (၃) မွေးဖွားရာအရပ်၊ (၄) မူလဖြစ်ခြင်း၊ အစစ်ဖြစ်ခြင်းသို့မဟုတ် ပကတိဟူ၍တွေ့နိုင်သည်။
Dec 26, 2023

မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရခဲ့သည်မှာ (၇၆) နှစ်ရှိပါပြီ။ သို့သော် နိုင်ငံကား မငြိမ်းချမ်းနိုင်သေး၊ ဖွံ့ဖြိုးမှုကား နောက်ကျဆဲ၊ တိုးတက်မှုကား တုံ့ဆိုင်းဆဲ၊ တွန်းအားများနှင့် ရွေ့မည်ကြံတိုင်း ခရီးကားမရောက်၊ လှော်ရင်းနစ်နေသည်၊ မာယာများသည့်မြစ်ရေအယဉ်မှာ နစ်သထက်မနစ်အောင် လှေကိုကြိုးစား လှော်နေရသည်။
Dec 25, 2023

“အခုလို ဆောင်းရာသီဆိုရာသီဥတု အေးအေးလေးနဲ့မနက်စာ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်မီးကင်၊ ငါးပိကင်လေးနဲ့ ထမင်းပူပူဒါတွေဟာ ခံတွင်းတွေ့တဲ့ အစားအစာတွေပါ။ အငန်ကဲတဲ့ ငါးပိ၊ ငါးခြောက်မျိုး၊ ယင်မနားဆေးတို့၊ ယမ်းစိမ်းတို့လို ဆေးဝါးတွေသုံးတာမျိုး၊ ထုတ်လုပ်ရောင်းချမှု မသန့်တာမျိုးကို ကြောက်ကြလို့ ငါးပိငါးခြောက်ရှောင်တဲ့သူတွေလည်းရှိလာတယ်။ ဒါပေမဲ့ မြန်မာ့ဟင်းလျာတွေနဲ့ ကင်းလို့မရတော့သန့်ရှင်းမှုရှိတဲ့၊ ဆေးမသုံးတဲ့၊ ကျန်းမာရေးအတွက် အခြေခံထားထုတ်လုပ်တဲ့ ငါးပိငါးခြောက်တံဆိပ် တွေကို ရွေးချယ်စားသုံးကြတာက များတယ်”ဟု ရန်ကုန်မြို့မှ ဒေါ်မြမြဝင်းကပြောပြသည်။
Dec 25, 2023

ခေတ်အခြေအနေအရ လူတွေမှာ အပျက်သဘောတွေးခြင်းတွေ များလာတယ်၊၊ အပျက် သဘောအတွေးများတော့ အပျက်စိတ်များလာတတ်တာမဆန်း။ မူလအပြုစိတ်မထားတတ်သူတွေမှာ အပျက်စိတ်ထားဖန်များရင် အပျက်မှာပျော်လာ ကြတသဘာဝပါ။ အပျက်သဘောဟူသည် အဖျက်စွမ်းအားကို ပို၍ကြီးမားသွားစေတယ်ဆိုတာကို သတိမထားမိတဲ့အခါ...၊၊
Dec 24, 2023

တစ်ချိန်က သမားရိုးကျမီဒီယာတွင် သတင်းစာကျင့်ဝတ်နှင့် သတင်းသမားတစ်ဦးချင်းအတွက် လိုက်နာစောင့်ထိန်းကြရမည့် စည်းမျဉ်းစည်းကမ်းနှင့်လုပ်ထုံးလုပ်နည်းများ ရှိခဲ့သော်လည်း ခေတ်သစ်မီဒီယာတွင်မူ လူထုအားလုံး အယုတ်၊ အလတ်၊ အမြတ်မရွေး ပါဝင်ခွင့်ရခဲ့ပြီး သတင်းသမားနှင့် သတင်းကျင့်ဝတ်ဆိုသည်ကို ဖော်ပြလိုက်နာနိုင်စွမ်းမရှိတော့ချေ။ သမားရိုးကျ မီဒီယာခေတ်ကောင်းစဉ်ကပင် သတင်းလောက၌ သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများ အမျိုးမျိုးရှိခဲ့သော်လည်း နောက်ခံခြေရာလိုက်၍ သက်ဆိုင်ရာသတင်းတိုက်နှင့် သတင်းသမားကို ဖော်ထုတ်နိုင်ခြင်းကြောင့် အလွန်အမင်း ဆိုးရွားမှုမရှိခဲ့ပါ။
Dec 24, 2023

“ဤလောက၌ ဝိသမလောဘသမားများရှိနေသရွေ့ လူသားအပေါင်းသည် လူမှုဒုက္ခအပေါင်းမှ လွတ်ကင်းနိုင်လိမ့်မည်မဟုတ်” ဆိုတဲ့စာသားကို သတိရပါတယ်။ ဝိသမလောဘသမားတွေဟာ အတ္တကြီးမားသူတွေ ဖြစ်ပါတယ်။ ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုတဲ့စကားအတိုင်းပါပဲ။ လူသားတွေကို အသက်သေဆုံးနိုင်တဲ့အထိ ဒုက္ခပေးနေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကို ဘာကြောင့်လုပ်နေကြတာလဲ။ မူးယစ်ဆေးဝါးဆိုတာ ရောင်းသူတွေအတွက်သာ အကျိုးအမြတ် နင့်ခနဲရပေမယ့် သုံးစွဲတဲ့သူတွေအတွက် အင့်ခနဲသေတတ်တဲ့ဆေးမျိုး ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲလို့ ကြီးပွားသွားသူတစ်ယောက်မှ မရှိပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်မှုလုပ်လို့ ကြီးပွားသွားသူဆိုတာတော့ ရှိပါတယ်။ နိုင်ငံတော်အစိုးရအဆက်ဆက်က မူးယစ်ဆေးဝါး ပပျောက်အောင် တိုက်ဖျက်နေကြပေမယ့် မူးယစ်ဆေးဝါးဟာ ပပျောက်သွားတယ်လို့ မရှိခဲ့ပါဘူး။ ဒီနေ့အချိန်အခါမှာ ပြည်ပကဝင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြားဆိုတာလည်း ရှိနေပါတယ်။