Dec 24, 2023

မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (၁၉၈၅)၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်သဘောတူစာချုပ် (၁၉၈၇)နှင့် လန်ဒန်ပြင်ဆင်ချက် (၁၉၉၀)တို့တွင် ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်ကလည်းကောင်း၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်(၁၉၉၂)တွင် ၂၀၀၉ ခုနှစ် မေ ၂၂ ရက်ကလည်းကောင်း၊ မွန်ထရီရယ်ပြင်ဆင်ချက် (၁၉၉၇)နှင့် ပေကျင်းပြင်ဆင်ချက် (၁၉၉၉)တို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်ကလည်းကောင်း အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပြင်ဆင်ချက်များအနက် မြန်မာနိုင်ငံမှ ဝင်ရောက်ရန်ကျန်ရှိနေသည့် ကီဂါလီပြင်ဆင်ချက်သို့ မကြာမီကာလအတွင်း အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးတို့ကို အခြားကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
Dec 24, 2023

ကမ်းရိုးတန်းပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ရေပြင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ သီးသန့်စီးပွားရေးဇုန်အထိ ဖြန့်ကြက်တိုက်ပွဲဝင် နိုင်သည့်ရေတပ်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရေကြောင်းရဲတပ်ဖွဲ့များကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရေမိုင်ပေါင်း ၁၂၆၀ ကျော်ခန့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်နှင့်အညီ အချုပ်အခြာအာဏာရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန် ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် တပ်မတော်(ရေ)ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
Dec 22, 2023

ခေတ်အခြေအနေအရ လူတွေမှာ အပျက်သဘောတွေးခြင်းတွေ များလာတယ်၊၊ အပျက်သဘောအတွေးများတော့ အပျက်စိတ်များလာတတ်တာမဆန်း။ မူလအပြုစိတ်မထားတတ်သူတွေမှာ အပျက်စိတ် ထားဖန်များရင်အပျက်မှာ ပျော်လာကြတာသဘာဝပါ။ အပျက်သဘောဟူသည် အဖျက်စွမ်းအားကို ပို၍ကြီးမားသွားစေတယ်ဆိုတာ ကို သတိမထားမိတဲ့အခါ...၊၊
Dec 20, 2023

စစ်ပွဲဟူသည် နိုင်ငံများအကြား သို့တည်းမဟုတ် နိုင်ငံအတွင်း ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းများ၊ လူမျိုးစုများ၊ ဘာသာရေး အုပ်စုများ၊ အယူဝါဒဆိုင်ရာ လှုပ်ရှားမှုများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ မူးယစ်ဂိုဏ်းကြီးများနှင့် အခြားသောနိုင်ငံမဟုတ်သည့် ဇာတ်ဆောင်များ ပါဝင်ပတ်သက်နေတတ်ပါသည်။
Dec 19, 2023

ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ ထုံးစံများ၊ ဒေသထွက်ကုန်များ၊ ရေမြေတောတောင် သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများကို စနစ်တကျထိန်းသိမ်းပြီး ပညာပေးရေးနှင့် သုတေ သနလုပ်ငန်းများ၊ ဒေသခံပြည်သူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ဘူမိဆိုင်ရာ ထူးခြားသောပြကွက်များအပြင် အပန်းဖြေရေး၊ ဖျော်ဖြေရေး၊ စားသောက်နေထိုင်ရေး၊ လူမှုဆက်ဆံရေးနှင့် ပညာရပ် ဆိုင်ရာများကို လေ့လာဖြန့်ဖြူးသောနေရာလည်း ဖြစ်ပါသည်။
Dec 19, 2023

ပြီးခဲ့တဲ့ရက်တွေတုန်းက စက်သုံးဆီတွေပြတ်လပ်တော့မယ်၊ ဈေးတွေမတန်တဆတက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့အတူ စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဉ်တွေ အလုအယက်နဲ့ တိုးမပေါက်အောင် စည်ကားလိုက်တာဖြစ်ခြင်း။
Dec 18, 2023

လူသားများသည် ဂီတကို ဖန်တီးနိုင်စွမ်းနှင့် ခံစားနိုင်စွမ်းရှိကြပါသည်။ တေးဂီတနှင့်ပတ်သက်ပြီး အများလက်ခံထားကြသည့်အချက်ကတော့ ဂီတသံကို ကြားချိန်မှာ ဦးနှောက်မှ ဒိုပါမင်းဟုခေါ်သည့် ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်သည်။ အဆိုပါဓာတ်သည် လူသားများ၏ စိတ်အပေါ် အကျိုးသက်ရောက်မှုရှိပါသည်။
Dec 18, 2023

ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ထုံးစံများ၊ ဒေသထွက်ကုန်များ၊ ရေမြေတောတောင် သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများကို စနစ်တကျထိန်းသိမ်းပြီး ပညာပေးရေးနှင့် သုတေသနလုပ်ငန်း များ၊ ဒေသခံပြည်သူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက် ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ဘူမိဆိုင်ရာ ထူးခြားသောပြကွက်များအပြင် အပန်းဖြေရေး၊ ဖျော်ဖြေရေး၊ စားသောက်နေထိုင်ရေး၊ လူမှုဆက်ဆံရေးနှင့် ပညာရပ်ဆိုင်ရာများကို လေ့လာဖြန့်ဖြူးသောနေရာလည်း ဖြစ်ပါသည်။
Dec 18, 2023

အောက်တိုဘာလက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ရဲ့ စာဖတ်ဝိုင်းမှာ ဆောင်းပါးအတိုလေးတစ်ပုဒ် ဆွေးနွေးဖြစ်ခဲ့ပါတယ်။
Dec 17, 2023
အခုလည်း ရန်ကုန်မှာ အလုပ်လုပ်ရပြီဆိုတော့ မိသားစုနဲ့ ခွဲရပြန်ပြီပေါ့။ ဘာလိုလိုနဲ့ ရန်ကုန်ရောက်တာ သုံးလကျော်ပြီ။ နေထိုင်ရေးအတွက် ပူစရာမလိုဘူး။ ရုံးက နေစရာအခန်းပေးတယ်။ ကျွန်တော်နေတဲ့အဆောက်အအုံမှာ ရုံးကဧည့်သည်တွေ တည်းဖို့အတွက် အိပ်ခန်းတွေအများကြီး ရှိတယ်။ ကျွန်တော့်လို မိသားစုမပါတဲ့ဝန်ထမ်းတွေနေဖို့အတွက် အဲဒီမှာ စီစဉ်ပေးထားတယ်။ လတ်တလောအဆောင်မှာနေတာက ကျွန်တော်နဲ့ တခြားတစ်ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက တော့ ရုံးကိစ္စအတွက် နယ်ကနေ ရန်ကုန်ကိုလာတဲ့ ဧည့်သည်တွေပဲရှိတယ်။ သူတို့က ခဏတည်းလိုက်၊ ပြန်သွားလိုက်နဲ့။ အမြဲရှိမနေကြဘူး။ အဆောင်မှာ ကျွန်တော့်လို အမြဲနေနေတဲ့ တခြားတစ်ယောက်က အလုပ်များတဲ့သူဆိုတော့ အဆောင်မှာမရှိတာက များတယ်။ ဒီတော့အဆောင်မှာ ကျွန်တော်တစ်ယောက်တည်းပဲ နေတာများပါတယ်။