Jun 02, 2024
၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူး၍ ပထမဆုံးအကြိမ် လူသားနှင့် ပတ်ဝန်းကျင်ညီလာခံကို ကျင်းပခဲ့ပြီး အဆိုပါညီလာခံ ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ပြီး ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများက ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် အာရုံစူးစိုက်ဖြေရှင်းဆောင်ရွက်လာကြစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ပုဒ်များကို နှစ်စဉ်သတ်မှတ်ခဲ့ပါသည်။
Jun 01, 2024
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်ရာ စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုးဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သော စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးကို ဦးတည်လျက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး၊ တစ်ဧကအထွက်နှုန်း မြင့်မားစွာရရှိစေရေး၊ မျိုးကောင်းမျိုးသန့် ဝါမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် နိုင်ငံတော်၏အဓိကလိုအပ်နေသော အဝတ်အထည်နှင့် လူမှုအသုံးအဆောင်များအတွက် ကုန်ကြမ်းဖြစ်သောဝါဂွမ်းများ ပြည်တွင်းတွင် ဖူလုံစွာထွက်ရှိနိုင်ရေးအပြင် ကုန်ချောများကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
Jun 01, 2024
ဒုတိယအကြီးဆုံးဖြစ်သော အာရေဗျကျွန်းဆွယ်ရှိ အာရေဗျ သဲကန္တာရမှာ စတုရန်းကီလိုမီတာ ၁၃၀၀၀၀၀ ကျယ်ဝန်း၏။ ကိုဘီသဲကန္တာရမှာ မွန်ဂိုလီးယား နိုင်ငံတောင်ပိုင်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြောက်ပိုင်းအထိ စတုရန်းကီလိုမီတာ ၁၃၀၀၀၀၀ ကျယ်ဝန်း၏။ တတိယအကြီးဆုံး ဖြစ်သော ဂရိတ်ဗစ်တိုးရီးယား သဲကန္တာရမှာ ဩစတြေးလျနိုင်ငံ တောင်ပိုင်းတွင်ရှိပြီး စတုရန်း ကီလိုမီတာ ၆၄၇၀၀၀ ကျယ်ဝန်း၏။ စတုတ္ထအကြီးဆုံးဖြစ်သော ကာလာဟာရီ သဲကန္တာရမှာ ဘော့စဝါးနား၊ နမီးဘီးယားနှင့် တောင်အာဖရိက နိုင်ငံအစိတ်အပိုင်းများ အပါအဝင် တောင်အာဖရိက ဒေသအတွင်းတွင် တည်ရှိပြီး စတုရန်းကီလိုမီတာ ၅၀၀၀၀၀ ကျယ်ဝန်း၏။
May 31, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
May 31, 2024
နုနယ်ပျိုမြစ်သည့် အချိန်ကာလအပိုင်းအခြားတစ်ခုကို ပိုင်ဆိုင်ထားကြသည့် လူငယ်များအနေဖြင့် ဘဝတွင် အောင်မြင်မှုတို့ကို လက်လှမ်းမီနိုင်ရေး ကြိုးစားကြရမည်ဖြစ်သည်။ ဘဝတွင် ပျော်ရွှင်အောင်မြင်မှုကို ရယူနိုင်ရေး အားသွန်ခွန်စိုက်ကြိုးစားရမည့် လူငယ်ဘဝအခိုက်အတန့်ကာလသည် အလွန်အရေးကြီးသည်။ မှန်ကန်သော ကြိုးစားအားထုတ်မှုများဖြင့် အောင်မြင်ကြီးပွားရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်သကဲ့သို့ မှားယွင်းသောလုပ်ရပ်များကြောင့် ပျက်စီးကာ အဖတ်ဆယ်မရသည့်ဘဝသို့ ရောက်ရှိနိုင်သည်ကိုလည်း သတိပြုသင့်ပေသည်။ ခေတ်ရေစီးကြောင်းပြောင်းလဲလာမှုနှင့်အတူ ကြီးပွားတိုးတက်ရေးအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည့်လူငယ်များကို ဘဝဇာတ်ခုံပေါ်မှ ကမောက်ကမထိုးကျသွားအောင် ဆွဲချနိုင်သည့် အရာများကလည်း များစွာပင်။
May 31, 2024
“အေး ကိုအောင်ရေ၊ မင်းကို သတင်းလေးတစ်ခု မှန်၊ မမှန် သိချင်လို့ဖုန်းဆက်နေတာ။ မင်းဖုန်းကလည်း မကိုင်တာက များနေတယ်”
May 31, 2024
ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီး၌ ပင်လယ်သမုဒ္ဒရာများ၏ ရေလွှမ်းမိုးမှုက ၇၀ ရာခိုင်နှုန်းဖြစ်ပြီး ကုန်းမြေမှာ ၃၀ ရာခိုင်နှုန်းမျှသာရှိသည်။ ထို ၃၀ ရာခိုင်နှုန်းထဲတွင် သဲကန္တာရကြီးများလည်း ပါဝင်သည်။ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဟူသော စကားရပ်သည် အလွန်လိုအပ်သောအရာဖြစ်လာနေသည်။ ဖွံဖြိုးတိုးတက်မှုနှင့်အတူ ကမ္ဘာ့လူဦးရေသည်လည်း ရပ်တန့်နေသည်တော့မဟုတ်ပါ။ နေ့စဉ်နှင့်အမျှ အစဉ်တိုးပွား လာနေပေသည်။
May 31, 2024
ကျေးလက်ဒေသဟုဆိုလိုက်သည်နှင့် စိမ်းစိုနေသော သစ်ပင်တန်းများ၊ ရွှေဝါရောင်စပါးခင်းနှင့် နေကြာခင်းများ၊ မြစိမ်းရောင်လွှမ်းနေသော သီးနှံမျိုးစုံစိုက်ခင်းများနှင့် ရိုးသားကြိုးစားကြသော ဒေသခံပြည်သူများကို မြင်မိကြသည်။ ထို့အတူ ဆည်းလည်းသံ တသွင်သွင်သာနေသော စေတီပုထိုးများနှင့် ကြေးစည်သံ တညံညံပေးနေသော ကျောင်းကန်ဘုရားများကလည်း မြန်မာ့ကျေးလက်အလှကို ဖော်ဆောင်ထားပေသည်။
May 30, 2024
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းထဲမှ လူငယ်တွေဖြစ်ကြသည့် မောင်အောင်ဆန်း၊ မောင်နု၊ မောင်ဗဟိန်း၊ မောင်သိန်းဖေ၊ မောင်ကျော်ငြိမ်း စသည်တို့သည် စာအလွန်ဖတ်သူများ ဖြစ်ကြပါသည်။ စာအလွန်ဖတ်၍ ခေတ်ရဲ့နိုင်ငံရေးအခြေအနေကို ပြတ်သားစွာဖြင့် မြင်နိုင်စွမ်းရှိခဲ့ကြသည်။ သူတို့ဖတ်ခဲ့သည့် နိုင်ငံတကာရေးရာအဖြာဖြာကို လေ့လာသုံးသပ်ပြီး ဂျာမန်ဟစ်တလာ လက်အောက်သို့ အင်္ဂလန်ကျွန်းလေး ကျရောက်မှာကို ကာကွယ်နေရသည့် အချိန်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းရမည့် အချိန်အခါကောင်းဟု သိခဲ့ကြပါသည်။ သမိုင်းတွင်ခဲ့သည် “အင်္ဂလိပ်အခက်ဗမာ့အချက်” ဟူသည့် နေမဝင်အင်ပါယာအင်္ဂလိပ်ကို တော်လှန်ရမည့် အချိန်အခါကောင်း (သို့) အင်္ဂလိပ်၏ အားအနည်းဆုံးအချိန်ကို ရှာဖွေနိုင်ခြင်းသည် လူငယ်လွတ်လပ်ရေး ခေါင်းဆောင်များ ကမ္ဘာ့နိုင်ငံရေးအဖြာဖြာကို အစဉ်ဖတ်ရှုလေ့လာရာမှ ပေါ်ပေါက်လာသည့် “သမိုင်းဝင်၊ သမိုင်းတွင်ခဲ့သည့် လွတ်လပ်ရေးလှုပ်ရှားမှု” ပင် ဖြစ်ပါသည်။
May 29, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
