အသေးစား၊ အငယ်စားနှင့်အလတ်စားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသောဈေးကွက်ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့်ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးရှိ ပုဂ္ဂလိကမွေးမြူရေးခြံများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။


Jul 07, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Naypyitaw State Polytechnic University (NSPU) မှ ပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

Jul 07, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် Container House များ တပ်ဆင်တည်ဆောက်ပြီးစီးမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား Container House များသို့ ပြောင်းရွှေ့နေရာချထားမှုကို ကြည့်ရှုစစ်ဆေးသည်။

Jul 07, 2025
၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် စာရွက်စာတမ်းအမှတ် A/ 79/ 878-S 2025/ 247 ဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာကို ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးခဲ့ရာ အခြေအမြစ်မရှိ အထောက်အထားမခိုင်လုံသော စွပ်စွဲချက်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Jul 07, 2025
ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပရန် ယမန်နှစ် စက်တင်ဘာလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် အထွေထွေညီလာခံ၌ ချမှတ်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်သည် ပထမဆုံးကျင်းပသည့် နှစ်ဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၄၃ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၃ ဒသမ ၄ ဘီလီယံကျော်သည် ကျေးလက် ဒေသများတွင် နေထိုင်ကြခြင်းဖြစ်ပြီး ၎င်းတို့၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးအတွက် နိုင်ငံအသီးသီးတွင် ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲ၊ အနာဂတ်တွင်လည်း ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်ရာ ယင်းအပေါ်တွင် ကမ္ဘာတစ်ဝန်းလုံးက သတိပြုမိကြရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်းလည်းဖြစ်သည်။

Jul 06, 2025
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၃) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တောင်ကြီးမြို့၊ စွန်းလွန်းကမ္မဋ္ဌာန်းကျောင်းတိုက် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် အဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Jul 06, 2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ Sky Villa ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ရှင်းလင်းရန် ကျန်ရှိနေသည့် “A” ဆောင်အား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများနှင့် အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းမှုများကို ဆောင်ရွက်ပေးကြသည်။

Jul 06, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လေးကျွန်းမာရ်အောင်မြတ်စွာဘုရား ပန္နက်တင်ခြင်းမင်္ဂလာနှင့် အုတ်မြစ်ချခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာပဏ္ဍိတမဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ စည်သူဘွဲ့ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

Jul 06, 2025
၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။
နောက်ဆုံးရသတင်းများ

Jul 07, 2025Latest News
အသေးစား၊ အငယ်စားနှင့်အလတ်စားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသောဈေးကွက်ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့်ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင်

Jul 07, 2025Latest News
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျေ

Jul 07, 2025Latest News
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက

Jul 07, 2025Latest News
၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် စာရွက်စာတမ်းအမှတ် A/ 79/ 878-S 2025/ 247 ဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာကို ဇွန

Jul 07, 2025Latest News
ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပရန် ယမန်နှစ် စက်တင်ဘာလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် အထွေထွေညီလာခံ၌ ချမှတ်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်သည် ပထမဆုံ
ဆောင်းပါးကဏ္ဍ
- Jul 06, 2025ပညာရေးသည် လူတစ်ဦး၏ဘဝတိုးတက်အောင်မြင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။ ပညာရေးသည် လူတစ်ဦးကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ငယ်စဉ်ကတည်းကပုံမှန်ပညာရေးကို စဉ်ဆက်မပြတ်သင်ယူခဲ့သော လူငယ်များသည် နေ့စဉ်လူနေမှုဘဝကို မကြောင့်မကြမတောင့်မတဖြင့် ဖြတ်သန်းရလေ့ရှိကြသည်။ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း အသိပညာနှင့် အတတ်ပညာရှိသူများသည် သူတစ်ပါးလိမ်လည်လှည့်ဖြားခံရမှု အလားအလာနည်းပါးလျက်ရှိသည်။
- Jul 06, 2025သောက်သုံးရေရှားပါးမှု၊ ရေနံဈေးနှုန်းများ မြင့်တက်မှုများနှင့်ပတ်သက်၍ သတင်းများကို မကြာခဏကြားလာရ သောအခါ အနာဂတ်ကာလများတွင် “ရေ” သည်လည်း လူသားတို့ စိုးရိမ်ပူပန်ရသည့် အရေးကြီးကုန်စည် သို့မဟုတ် ရှားပါးအရင်းအမြစ် ဖြစ်လာတော့မည်၊ ရေရှားပါးမှု အခက်အခဲများ ကျယ်ပြန့် လာတော့မည်ဟု ကြိုတင်တွေးပူနေကြလိမ့်မည်။
- Jul 06, 2025၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။ နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့ကို ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အဖြစ် သတ်မှတ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (A/78/L.84/Rev2) ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
- Jul 05, 2025ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဘယ်လာရုစ်၊ ကာဇက်စတန်၊ ရုရှားသမ္မတ နိုင်ငံတို့မှ စာချုပ်လက်မှတ်ရေးထိုးခြင်းဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်းစတင်၍ တရားဝင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် အာမေး နီးယားနှင့် ကာဂျစ္စတန်တို့သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union - EAEU) သည် ဥရောပ-အာရှတိုက်ရှိ အဖွဲ့ဝင်နိုင်ငံငါးနိုင်ငံမှ တည်ထောင်ထားသည့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခုလည်းဖြစ်ပါသည်။ EAEU ၏ အဓိကရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်၊ ဝန်ဆောင်မှု၊ အလုပ်သမားနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းနိုင်ရန်အတွက် တစ်ခုတည်းသော စျေးကွက်တစ်ခုကို ဖန်တီးရန်ဖြစ်သည်။ ယခုအခါ EAEU သည် လူဦးရေ ၁၈၃ သန်းကျော် စုစုပေါင်း GDP ၂ ဒသမ ၄ အမေရိကန် ထရီလီယံကျော်ရှိပြီး ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့်စီးပွားရေးသမဂ္ဂတစ်ခုအဖြစ် ရပ်တည်လာပါသည်။ EAEU သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၁၄ ဒသမ ၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၃ ရာခိုင်နှုန်းထုတ်လုပ်နိုင်ပါသည်။
- Jul 04, 2025ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
- Jul 03, 2025ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။