ယနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၌ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်စင်တီမီတာခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။


ဧရာဝတီမြစ်ရေ ချောက်မြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့နှင့် ဆိပ်သာမြို့တို့၌ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
Jul 16, 2025
ယနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ချောက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

Jul 16, 2025
ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်ပြီး တိုင်းပြည်ချစ်စိတ်ရှိအောင်၊ လိမ္မာယဉ်ကျေးမှုရှိအောင် သင်ကြားလေ့ကျင့်ပေးရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းဖြင့်တွေ့ဆုံ စဉ် ဆွေးနွေးမှာကြားခဲ့သည်။

Jul 16, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ “In Siberia-THERE is!” ခေါင်းစဉ်ဖြင့်ကျင်းပသော အစားအစာနှင့် ခရီးသွားပြပွဲတွင် ပါဝင်ခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေး ပြခန်းသည် ရုရှားနိုင်ငံသားများနှင့် နိုဗိုစီဗစ်မြို့သူ မြို့သားများ၏ အထူးစိတ်ဝင်စားမှုကိုရရှိခဲ့ပြီး လာရောက်သူများဖြင့် စည်ကားခဲ့သည်။

Jul 16, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ် အောက်ဆင်သေကြိုးဝိုင်းအကွက်အမှတ် ၃၀ ရှိ ဂေဟစနစ်ဖြည့် တင်းရေးစိုက်ခင်း ဧက ၁၀၀အတွင်း ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောက်မျက်အသင်းမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ပျဉ်းကတိုးပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးကာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ်သစ်ပင်များကို သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးပေးကြသည်။

Jul 16, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများ တတိယအကြိမ်မြောက် အပြီးသတ်လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ပြိုင်ပွဲကို ယနေနံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

Jul 16, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

Jul 16, 2025
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်း တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာ နောက် ၂၄ နာရီတွင် အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်သို့ ဆက်လက်ဖြတ်ကျော်ခဲ့သည်။ အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် မိုးသည်းထန်မှုများဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

Jul 16, 2025
လွန်ခဲ့သည့် ငါးနှစ်တာကာလကို ပြန်ကြည့်လျှင် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ခက်ခဲကြမ်းတမ်းသည့် အခြေအနေများကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြရသည်။ ၂၀၂၀ ပြည့်နှစ်စောစောပိုင်းတွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသည့် ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုမှာ မိမိတို့ပထမဆုံးကြုံတွေ့ကြရသည့် စိန်ခေါ်မှုကြီးဖြစ်ပြီး နောက်တစ်နှစ်တွင်မူ ရွေးကောက်ပွဲမဲမသမာမှုကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲနှင့် ဆူပူသောင်းကျန်းမှုများ၊ ထို့နောက်အကြမ်းဖက်တိုက်ခိုက်မှုများ၊ နောက်နှစ် နောက်နှစ်များတွင် မုန်တိုင်းကြီးများနှင့် အင်အားပြင်းထန်သည့်မြေငလျင်။
နောက်ဆုံးရသတင်းများ

Jul 16, 2025Latest News
ယနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၌ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်စင်တီမီတာခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လ

Jul 16, 2025Latest News
ဧရာဝတီမြစ်ရေ ချောက်မြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့နှင့် ဆိပ်သာမြို့တို့၌ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
ယနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ချောက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

Jul 16, 2025Latest News
ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်ပြီး တိုင်းပြည်ချစ်စိတ်ရှိအောင်၊ လိမ္မာယဉ်ကျေးမှုရှိအောင် သင်ကြားလေ့ကျင့်ပေးရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခ

Jul 16, 2025Latest News
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ “In Siberia-THERE is!” ခေါင်းစဉ်ဖြင့်ကျင်းပသော အစားအစာနှင့် ခရီးသွားပြပွဲတွင် ပါဝင်ခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံကိုယ်စားပ

Jul 16, 2025Latest News
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ် အောက်ဆင်သေကြိုးဝိုင်းအကွက်အမှတ် ၃၀ ရှိ ဂေဟစနစ်ဖြည့် တင်းရေးစို
ဆောင်းပါးကဏ္ဍ
- Jul 14, 2025ကမ္ဘာပေါ်တွင် လူဦးရေများပြားလာသည်နှင့်အမျှ လူသားများသုံးစွဲသည့် ပလတ်စတစ်ပစ္စည်းပမာဏ များပြားလာပြီး ပလတ်စတစ်ညစ်ညမ်းမှု များပြားလာကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများဖြစ်လာကြောင်း တွေ့ရှိနေရသည်။ စည်းကမ်းမဲ့ ပလတ်စတစ်အမှိုက် စွန့်ပစ်ခြင်းများကြောင့် ကမ္ဘာကြီး သန့်ရှင်းမှုမရှိတော့ဘဲ လူသားများတွင် ရောဂါများဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။
- Jul 14, 2025“ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှုသည် ပြောင်းလဲလျက်ရှိသည့် အားလျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက်ရှိ၏။ ကျွန်ုပ်တို့အားလုံး သက်သက် သာသာ၊ ချောင်ချောင်ချိချိ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြပေသည်။ လွတ်လပ်ရေးဆိုရာ၌ နေရေးထိုင်ရေး လွတ်လပ်မှု၊ လူတစ်ဦးတစ်ယောက်အနေနှင့်လည်းကောင်း၊ တစ်မျိုးလုံးအနေနှင့် လည်းကောင်း တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ အဆင့်အတန်းတို့ မြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့ စသည်တို့ကို ဆိုလိုပေသည်။ ဤ လွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏”
- Jul 13, 2025ဥရောပကအရင်က အတော်ကောင်းခဲ့တယ်။ အထူးသဖြင့် ခိုလှုံခွင့်တောင်းခံသူတွေ၊ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအတွက် နိဗ္ဗာန်ဘုံကြီးဖြစ်ခဲ့တယ်။ ဥရောပဟာ နိုင်ငံတကာစာချုပ်စာတမ်းတွေ စတင်ပေါ်ထွန်းရာမူရင်းနယ်မြေဖြစ်ပြီး နိုင်ငံတကာစနစ်ကြီးကို အလေးထားစောင့်ရှောက်တဲ့ ဥရောပသမဂ္ဂ(အီးယူ)လို အဖွဲ့အစည်းကြီးလည်းတည်ရှိတယ်။ ရောက်လာတဲ့ခိုလှုံသူတွေကို အစားအစာတွေပေးတယ်။ နေစရာတွေပေးတယ်။ ဘာသာစကားနဲ့ အလုပ်အကိုင်၊ အခွင့်အလမ်း၊ သင်တန်းတွေစီမံပေးတယ်။ လူမှုဖူလုံရေးထောက်ပံ့ကြေးတွေပေးတယ်။
- Jul 13, 2025ယခုအခါ သဘာဝဘေးအန္တရာယ်အသွယ်သွယ်သည် လူတို့နေထိုင်ရာကမ္ဘာမြေကြီးကို ကြိမ်ဖန်များစွာရန်စတိုက်ခိုက်နေပြီဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့် ရန်စတိုက်ခိုက်မှု အန္တရာယ်အသွယ်သွယ်ကို နည်းလမ်းမျိုးစုံကျင့်သုံး၍ ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးကျင့်စဉ်တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းဓလေ့ ရှင်သန်ဖြစ်ထွန်းရန်လိုပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသည်။ ထို့ပြင် သစ်ပင်သည် လေကိုသန့်စင်စေသည့် အလုပ်ကိုတာဝန်ကျေစွာလုပ်ဆောင်နိုင်စွမ်းရှိသည်။ လေထုညစ်ညမ်းမှုပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ပေသည်။ သစ်ပင်များအလွန်အကျွံခုတ်လှဲမှုကို ကုစားသည့်အနေဖြင့် လျော့နည်းလာသည့် သစ်ပင်များနေရာတွင် အစားထိုးပြန်လည်ဖြည့်တင်းကြရမည်ဖြစ်သည်။
- Jul 13, 2025မိုးဦးလေဦး ယခုကာလ၌ လောကတစ်ခွင်သည် စိမ်းစိုလန်းဆန်းလျက်ရှိသည်။ လျှပ်ပန်းလျှပ်နွယ်တို့က မီးပန်းဆိုင်းဆွဲထားသကဲ့သို့ လင်းလက်လျက်ရှိသည်။ ထိုအခါ မိုးကိုကြိုလင့်နေသောပန်းတို့သည်လည်း ဟိုမှာသည်မှာ အရောင်အသွေးစုံစွာဖူးပွင့်နေကြသည်။ ဤကားမိုးရာသီ၏ ပြယုဂ်ပင်ဖြစ်ပါသည်။
- Jul 12, 2025ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်မြောက်ခဲ့သလို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။